“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 27, 2008

အိပ်ဖွင့်ပေးစာ..( BBC ။RFA။ VOA။ DVB မြန်မာပိုင်းအစီအစဉ်များသို့ )

ပြည်သူများအတွက် အသံလွှင့်ဌာနများသို့ ရိုးသားစွာမေတ္တာရပ်ခံတောင်းခံစာ

ပြည်သူ အပေါ်ရက်စက်မှု လူမဆန်မှု ကမ်းကုန်သည်မှာ ဘူးပေါ်သကဲ့သို့ ပေါ်နေပြီဖြစ်သော အာဏာလုစစ်အုပ်စုခေါင်းဆောင် များ နှင့်စပ်လျဉ်း၍ တိုင်းပြည်နှင့် ပြည်သူများ ဘ၀ ။ အနာဂတ်ရေး တခုတည်းအတွက်ရည် ရွယ်ကာ အသံလွှင့်သတင်းဌါနများဖြစ်သော ။ BBC ။RFA။ VOA။ DVB မြန်မာပိုင်းအစီအစဉ်များသို့  အောက်ပါ အတိုင်း ရိုးသားစွာ အနူးအညွတ် တောင်းဆို မေတ္တာရပ်ခံအပ်ပါသည် ၊

သတင်းများကျေငြာရာတွင်

( ၁ ) အစိုးရ ။ စစ်အစိုးရ စသည်တို့ အစာ့း့ 
အာဏာလု ( န့  အ့  ဖ ) စစ်အစိုးရ ဟု အရှိကိုအရှိ အမှန်ကို အမှန်အတိုင်း ရဲဝန့်  စွာ ပြည်သူ့ အနာဂတ် ဘ၀ တခုတည်းအတွက် ထောက်ထား၍ ပြောင်းလဲခေါ်ဆိုပေးပါရန် ။

( ၂ ) လူသတ် ။ ပြည်သူသတ် ။ သံဃာသတ် တရားခံ နံပါတ် ( တစ် ) သန်းရွှေဆိုသူ အား မရည်ရွယ်သည့် တိုင် လေးစားသယောင် လေသံလုံးဝ စွက်နေသော ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဟု နေ့ စဉ် ထပ်ခါတလဲလဲ ခေါ်ဝေါ် ကျေငြာနေ}က ခြင်းကို ပြည်သူ့ အနာဂတ်တခုတည်း အတွက်ထောက်ထားခြင်းဖြင့် ရပ်တန်းမှရပ်ပေးကာ အရှိ ကို အရှိ အမှန်ကို အမှန်အတိုင့်း့ 
အာဏာလု ( န့  အ့  ဖ ) စစ်အစိုးရခေါင်းဆောင် သန်းရွှေ ဟုသာပြောင်းလဲ ခေါ်ဆိုပေးပါ ရန် ။ ဤသို့ ခေါ်ဆိုပါကလည်း မှန်ပြီးရင်း မှန်ရုံမျှမက အခြားတစုံတယောက်နှင့်လည်း မှားယွင်းစရာ အကြောင်းမရှိသည် မှာ အသေအချာဖြစ်ပါသည် ။။

့ မှန်သည် ( မှန် မ မှန်အထူးရှင်းပြရန် လိုအပ်မည်မထင်ပါ ။ ၄င်းအပြင် အသံလွှင့်ဌာနများအနေဖြင့် မှန်ကန်သောသတင်း ။ အချက်အလက်များ ကိုသာကျေုငြာပါသည်ဟု ဆိုထားပါသဖြင့် ကျေငြာထားသည့်အတိုင်း ရဲဝံ့ ဂုဏ်ယူစွာ လုပ်ဆောင်သင့်ပါသည်) ။
့ အကျိုးရှိမည် ( ပြည်သူများအတွက် ) ။
့ မနာခံလိုသော်လဲ ( စစ်အစိုးရမနေဖြင့် )့

ပြောသင့်ပါသည်ဟူသောမြတ်စွာဘုရားတရားတော်နှင့်ညီသည့် ပြောသင့်သောစကား နှင့်လဲကိုက်ညီပါသဖြင့် ပြည်သူများ အတွက်သက်သက် အထူးစဉ်းစား ပေးစေလိုပါသည် ၊

သတင်းကျေငြာသူများအား စေတနာမှန်နှင့် ရိုးသားစွာ သတိပေးလိုသည်မှာ့ 
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဟုကျေငြာလိုက်တိုင်း လေးစားသယောင်လေသံစွက်နေပါသဖြင့် ကြားရသူများအဖို့  အဆိုပါအခေါ်အဝေါ် ကြီးအား မသတီရွံရှာမိပါကြောင်း နှင့် ။
ွှသို့ ရွတ်ဖတ်လိုက်တိုင်း ထိုအမည်ကြီးအား ပြည်သူများအော့နှလုံးနာ ရွံရှာနေမည် ကို သတင်းကြေငြာသူများ အနေနှင့် ကျေငြာ လိုက်တိုင်း အချိန်နှင့်အမျှ သတိရစေလိုကြောင်း ရိုးသား ခင်မင်စွာ အသိပေးအပ်ပါသည်၊

ွှတောင်းဆိုချက်သည် အမုန်းတရားကို အခြေခံကာတောင်းဆိုခြင်းအလျဉ်းမဟုတ်ကြောင်းနှင့် အမှန်ကိုအမှန်အတိုင်း ပြည်သူများအတွက်
( ကြားဖူးသော့ သတင်းဌာနများ.ဘက်မလိုက်ရေး စသောမူ အချို့  နှင့်လည်း မသွေဖယ်ပဲ ၊ ပြည်သူလူထု}ကီမှလေးစားဂုဏ်ယူဖွယ် သတင်းဌာန ကောင်းတခု အနေဖြင့် စေတနာမှန်နှင့် ရဲဝံ့ ဂုဏ်သရေရှိစွာ ကျေငြာ ပေးစေလှိုသာဖြစ်ပါသည် ။။ အာဏာလုစစ်အစိုးရအား အာဏာလု စစ်အစိုးရ ဟု မကျေငြာရဲခြင်းသည်သာ မရည်ရွယ်ပဲ ဘက်လိုက်သယောင် ဖြစ်နေပါလိမ့်မည် ။

ွှ အီး - မေး (လ်) တောင်းဆိုချက်အား ဖတ်ရသူများအနေဖြင့် ( ပေးဆပ်စွန့် လွှတ်ခဲ့ကြရှာသော အပစ်မဲ့ပြည်သူ့ သွေးချွေး အသက်ထောင်။ သောင်း ပေါင်းများစွာ။ အာဏာလု စစ်အစိုးရ. လက်ငင်း မုန်တိုင်းဒါဏ်ခံ ပြည်သူများအပေါ် လူမဆန်စွာ ယုတ်မာမှု ။ ပြည်သူတရပ်လုံးအပေါ် ဗျောင်ကျကျ မဲလိမ်ညစ် ယုတ်မာမှု ကြီးများအား ငဲ့ညှာ ထောက်ထားလျက် ) ထောက်ခံပေးကြပါရန် အနူး အညွတ်တောင်းဆိုအပ်ပါသည် ၊

ပြည်သူများအနာဂတ်တခုတည်းအတွက် ရည်သနှ်ု ထောက်ခံလို ပါက အီး - မေး (လ်) အား အထက်ဖေါ်ပြပါအသံလွှင့် ဌာနများ. အီး မေး (လ်) များသို့ ထောက်ခံပါကြောင်း ( I agree / I do agree ) ဟုသာ ရေးပြီးသင်. အီး -မေး (လ်) မှ ပြန်ပို့ ပေးပါရန် ပြည်သူများ . ခါးသည်းသည့် အဖိနှိပ်ခံ ဘ၀ကိုစာနာ၍ ရိုးသားစွာ စည်းရုံး မေတ္တာရပ်ခံအပ်ပါသည် ၊

ပြည်သူများအတွက်စွမ်းစွမ်းတမံ ကြိုးစားလျက်ရှိသော အသံလွှင့်ဌာနများမှရောင်းရင်းမိတ်ဆွေများအားလုံးကိုလေးစားဂုဏ်ယူကျေးဇူး တင်လျက်ရှိပါသည်၊

အမိမြေအတွက်ဖြူစင်စွာဖြင့့် အောင်ချွန်

လုပ်ပေးသည် ။ မပေးသည်မှာ အသံလွှင့်ဌာန တာဝန်ရှိသူများ. အပိုင်းဖြစ်ပြီး အ မှန်ကိုအမှန် ။ အရှိကိုအရှိ ပြည်သူ့ အတွက် တောင်းဆို တိုက်ပွဲဝင်ရင်း ရင်ဖွင့်ရန်မှာ တာဝန်သိနိုင်ငံသားတိုင်း.တာဝန်ဟု ရိုးသားစွာခံယူပါ.့ 

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */