“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 03, 2008

မေလ ၂ရက် မြန်မာ့အလင်းသတင်းစာ မုန်တိုင်းသတင်း

ဖြီးနေကြသော ဆွေမျိုးတသိုက်..

ကြောက်စရာ မုန်တိုင်းကြီးနဲ့  သနားစရာ့ မြန်မာပြည်။

ကြည့်ကြပါ။ ဒီလောက် ကြီးမားတဲ့ မုန်တိုင်းကြီးလာမဲ့ ကိစ္စ ပြည်သူတွေကို ကယ်ဆယ်ဖို့အစီအစဉ် နအဖ က ဘာတွေ ကြိုတင် လုပ်ထားပါသလည်း။

စားနပ်ရိက္ခာ ဆေးဝါး.ကယ်ဆယ်ရေး camp, သောက်ရေသန့် နဲ့ အရေးပေါ် ကယ်ဆယ်မှူလုပ်ငန်းတွေမလုပ် သင့် ဘူး လား..
၄၈ နာရီအတွင်း..မုန်တိုင်းလာမယ်ဆိုတာသိနေတာဘဲ..။ကမ်းရိုးတမ်းတွေ ကို ဖုန်းနဲ့ခေါ်ဆက်သွယ်. မြေနိုမ့် ပိုင်း လူ တွေ ချက်ခြင်း ပြောင်းရွေ့ ကယ်တင်ဖို့ 
ခေါင်းကြီးပိုင်းသတင်းမှာ နိုင်ငံတော် ကို ဦးဆောင်နေတဲ့ သူကြီးတဲ့ ...သူ့ ယောက်ဖ နိုင်ငံခြားက ပြန်လာတာ လက်ဆွဲတော့ နှုတ်ဆက်နိုင်ပါရဲ့.. ဂန်ဘာရီလာတဲ့အခါကျ..ထမီခြုံကြားပုန်းနေခဲ့ပါရဲ့။
သဘာဝဘေး အန္တာရယ်က ကာကွယ် မရတာမှန်ပေမဲ့..ဘေးရောက်လာမဲ့အခါ..အကောင်းဆုံးဖြစ်အောင် ကိုယ့်လူမျိုး ကိုယ့်ပြည်သူတွေ မသေအောင်..ကယ်ဆယ်ပေးရမဲ့ အရာဟာ..အုပ်ချုပ်နေသူ တွေမှာ တာဝန် မရှိဘူးလား။ တရားသဖြင့် ရွေးကောက်ပြီးဘဲ အုပ်ချုပ်အုပ်ချူပ်. မတရား ဘဲ ဓါးပြအုပ်ချုပ်...အရေးကြီးတာ စေတနာပါ။. စေတနာပါရင်..ဘာမဆိုဖြစ်နိုင်ပါတယ်။

ကိုယ်ကတော့ လုံခြုံတဲ့နေရာမှာ ။ နေပြည်တော်က ဘန်ကာထဲမှာ။ အမိုးအကာ အခိုင်အခံ့ အောက် နေရလို့..တခြားသူဘာဖြစ်ဖြစ် ပေလယျကန် နေပစေ ထားတာ မတရားပါဘူး။
ဆင်းရဲမွဲတေ တဲအိမ်ကလေးနဲ့ နေရတဲ့ မြန်မာပြည်သားတွေ ရဲ့ ရပိုင်ခွင့်တွေထဲကနေ..နိုင်ငံပိုင် အ ဆောက်အဦခန့်ခန့် ။ ခိုးရငွေနဲ့ ဝယ်ထားတဲ့  အိမ်ကြီးရခိုင် ဖြစ်နေတာ မမေ့ပါနဲ့ ။ ဒီလို မုန်တိုင်းတွေ ဖြစ်တာ ဥတုရာသီတွေ ပျက်တာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ပါတယ်။ဒီအထဲမှာ..နအဖ တေဇနဲ့ ပေါင်းစားလို့  တောပြုန်းအောင် သစ်ခုတ် ရောင်းနေတာကလည်း အချက်တစ်ချက် အဖြစ်ပါဝင်နေတာပါ။

ဒီလောက်ကြီးတဲ့ မုန်တိုင်းလာနေတာ သိပါတယ်.။
ဆက်သွယ်ရေး မီဒီယာတွေ..သူတို့ ဘဲအပိုင်စီးထားပါတယ်.
နိုင်ငံတော်သဏ္ဍာ..စာရင်းမရှိ သိမ်းထားပါတယ်။
၅သိန်းသော...ယောက်ျားသားတွေ ရှိတဲ့ ပြည်သူက ကြွေးထားတဲ့ စစ်တပ်ကြီးလည်းရှိပါတယ်။
ဘယ်သူသေသေ ငတေမာရင်..ငါစားစရာရှိရင် ပြီးရောကတော့ လူမပီသပါဘူး။။
ကယ်ဆယ်ရေး လုပ်ငန်းတွေ အချိန်မီ လုပ်ပေးရမှာပါ။ အချိန်ဟာ စက္ကန့်နဲ့ အမျှ အရေးကြီးနေတဲ့အချိန်။ အသက်ပေါင်းများစွာ..ရေထဲပေါ လောမျောရတော့မလား.

ပြည်ပရောက် အဝေးရောက်အစိုးရနဲ့  လွတ်မြောက်နယ်မြေက VOTE NO အော်နေကြတဲ့ မျိုးချစ်အဖွဲ့ အစည်းတွေ လည်း ပါဝင်ကူညီကြပါ. နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေ ရရှိအောင် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြပါ။အချိန်မှီ..အသက်တွေ ကယ်ဆယ်နိုင်ကြရအောင်ပါ။ ကျေးဇူးတင်ပါတယ်..

1 comments:

Maharsein said...

What is written is really true.
They don't care about the people's sufferings. Their followers are waiting when the so called leader passes away, what post they will get, how much they can get, how rich they will become. Tatmadaw is unlike olden days when it was called Myochit Tatmadaw. Now it is their Ah Myo Chit Tatmadaw, for them only. Other citizens are 3rd class. They are saying beware danger of neocolonialist. They are dictators, then come 2nd class their robber gangs so called traders, merchants, import and export enterpreneurs.
For Cyclone catastrophe every one should help not just words, but by participation. But don't say the opposition are not doing anything. They can't do, what ever they do, they will be checked upon and detained and then say that opposition don't care but they alone care for the people

 
----------------------------------------- */ /* EOT ----------------------------------------- */