“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 12, 2008

ဗိုလ်ချုပ် အောင်ရဲမြင့်ရဲ့ သားအဖမ်းခံရ

ရန်ကုန် မေ- ၁၁

မုန်တိုင်းကြောင့် နအဖအတွင်းပိုင်းမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဗိုလ်ချုပ်ရဲမြင့် ယခင် မန္တလေးတိုင်းမှုးသား အောင်ဇော်ရဲမြင့် ကို နအဖက ဖမ်းဆီးလိုက်ပါတယ်။ သူက ရဲတံခွန် ဆောက်လုပ်ရေး လုပ်ငန်းတွေ နဲ့ ကြွယ်ဝချမ်းသာလာသူဖြစ်ပါတယ်။ သူက ဦးသန်းရွေကြောင့် တိုင်းပြည်ပျက်ပါပြီ။ နိင်ငံ တကာအကူညီပေးရေး အေဂျင်စီတွေ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိတယ် လို့ သူ အပေါင်းသင်းတွေကြားမှာ လိုက်ပြောနေလို့ ဆိုတယ်။သူ့ ကို မူးယစ်ဆေးဝါး သုံးစွဲတယ် အကြောင်းပြချက် နဲ့ ဖမ်းဆီးလိုက်ပါတယ်။

မော်ဒ်လ် တင်ဇာဝင့်ကျော်လည်း အဖမ်းခံရတယ်လို့ သိရပါတယ်။ သူက ကယ်ဆယ်ရေုးလုပ်ငန်းတွေကို နောက် ကွယ်မှာ ငွေထောက်ပံခဲ့မှုကြောင့် လို့ သိရပါတယ်။ သူကိုလည်း မူးယစ်ဆေးဝါးသုံးစွဲမှု နဲ့ ဖမ်းဆီးလိုက်ခြင်း ဖြစ် ပါတယ်။ မြန်မာပြည်က ဗိုလ်ချုပ် သားသမီးများ ရုပ်ရှင်နဲ့ မော်ဒ်လ် လောကသား အတော်များများက မူးယစ် ဆေးဝါးနဲ့ မကင်းမှုက သူတို့ ရဲ့ အားနည်းချက်တခုလို ဖြစ်နေပါတယ်။ နအဖအနနဲ့ သူတိုကို ဆန့် ကျင်လာ တာနဲ့  ဒီ အားနည်းချက်ကို ကိုင်နေကြောင်းသိရပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */