“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 12, 2008

အဆိုတော်ကိုင်ဇာ သိစေရန်

ပြည်တွင်း ပြည်ပ က မြန်မာတွေ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ အားလုံးက နာဂစ်မုန်တိုင်းကြောင့် မျက်ရည်ကျ နေချိန၊် သူက ပြုံးလို့ ရွှင်လို့  vote yes ထောက်ခံတဲ့သီချင်းဆိုလို့ ။ပြည်သူ့ အနုပညာရှင် မဟုတ်တော့ အာဏာ ရှင် အကြိုက် အနုပညာလုပ်စားနေရရှာတဲ့  ဖက်ခွက်စား အဆိုရှော် ကိုင်ဇာ ဖြစ်သွားရှာပြီ ။
သူ့ သတင်းတွေ ပြည်ပမှာ ကြားနေတာကြာပြီ ။ ပြည်ပမှာ လာနေတုန်း credit ကဒ်တွေ အကြွေးသုံးတာ အလွန်များ ပြီး ၊ ပြန်မဆပ်နိုင်တော့လို့ ၊မြန်မာပြည်ကို ပြန် ထွက်ပြေးခဲ့ရတယ်။
အမေရိကန်နဲ့ အင်္ဂလန် အစိုးရတို့ က ကိုင်ဇာကို လူဆိုးနာမည်ပျက်စာရင်းသွင်းကာ ဖမ်းဝရမ်းထုတ်ထား တယ်လို့ ကောလဟလတွေ ကြားခဲ့ရတယ်။ဘိန်းဘုရင်လော်ဆစ်ဟန်တို့ လို နိုင်ငံတကာအစိုးရတွေက အလိုရှိသူတွေကို spdc စစ်အာဏာရှင် တွေက တရားခံတွေနဲ့ အပေးအယူလုပ် ကာကွယ်ပေးနည်းအတိုင်း ၊ ကိုင်ဇာ လည်း ဒီမိုကရေစီ အစိုးရတွေလက်ထဲ အဖမ်းခံရမယ့်ဘေးကလွတ်အောင် န၀တ ၊ နအဖ တို့ ထံ နားလည်မှု ယူ အပေးအယူလုပ်ထားတာသေချာလောက်တယ်။
ဒါ့ကြောင့် ပြည်သူ သေရင်သေပစေ ၊ ကိုင်ဇာ မာရင်ပြီးရော ပုံစံနဲ့ အဖမ်းခံ၇မှာကြောက်လို့ နအဖ ဖားတဲ့ သီချင်းတွေ သီဆိုကာ ဒေ၀ဒတ်အားပေးတဲ့ အလုပ်တွေ လုပ်နေတာ သေချာပါတယ်။
ဒါ့ကြောင့် ကိုင်ဇာကဲ့ သို့ ။ ပေါ်ပေါ်ထင်ထင် ဖားကြသူများကိုေ၇ာ ။ မသိမသာ ဖားကြကုန်သော အနုပညာ ရှင်တိုင်း ကို ဆန့် ကျင် သပိတ်မှောက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ် ။
ပြည်သူ့ အနုပညာရှင် ကျော်သူ ။ဇာဂနာ ။တို့ ကဲ့သို့ လည်းကောင်း ။အဆိုတော် မာမာအေးတို့ ကဲ့သို့  ပြည်သူ့ ဘက်တော်သား အနုပညာရှင်များ ကို အတုယူခြင်း၊ ထောက်ခံ အားပေးခြင်းတို့ ပြုလုပ်ကာ။ ပြည်သူ့ ချဉ်ဖတ် နအဖတို့ အလိုကျ ဖားနေကြသော အနုပညာလုပ်စားနေသူများ၏ ရုပ်ရှင်။သီချင်း စသည်တို့ ကို မကြည့်ရှု့ ။ နားမဆင်ဘဲ သပိတ်မှောက် သင့်ပြီဖြစ်ကြောင်း ပြည်သူ တဦးအနေဖြင့် အသိပေးရေးသားအပ်ပါတယ်။
မောင်အိုးဝေအောင်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */