“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 16, 2008

ဗမာဆိုရင်ရဲရင့်ကြစို့ 


အင်းစိန်ထောင်မှာ အဖမ်းခံနေရတဲ့ ၈၈မျိုးဆက် ကျောာင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ မျက်စိ ကျန်းမာ ရေး ချို့ယွင်းနေမှူ ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက လစ်လျုရှူထားနေပါတယ်။ သာမန်ဆရာဝန် နဲ့ ပြသရာမှာ ပေးတဲ့ သာမန်မျက်စဉ်းက ပျောက်ကင်းနိုင်အောင် မစွမ်းပါဘူး။ မျက်စိစူးပြီး အောင့်နေတာ လည်း ၂ ပတ်ကျော်ခန့်  ကြာမြင့်နေခဲ့ပါပြီ။

သာမန်အထွေထွေ ဆရာဝန်က ပျောက်ကင်းအောင် မကုနိုင်တဲ့ အတွက် မျက်စိအထူးကု ဆရာဝန်၏ ကုသခွင့် ကို တောင်းဆိုသော်လည်း မျက်စိအထူးကု ဆရာဝန် က ထောင်တွင်းသို့  တလ မှ တကြိမ် သာလာ မှာမို့ သူ လာမဲ့ အချိန်ကျ ထိအောင်သာ အသက်အောင့်ပြီး စောင့်ဘဲနေရ တော့မဲ့ ပုံဖြစ်နေပါတယ်။ သေလောက်တဲ့ ရောဂါ ဆိုရင်..ဆရာဝန် စောင့်ရင်း သာ သေဖို့ ဘဲရှိတဲ့ပုံစံမျိုးပါ။

နိုင်ငံရေး အကျဉ်းသားတွေမရှိပါဘူး.ဆိုပြီး ဗြောင်ညင်းနေတဲ့ နအဖ က လုပ်ကြံပုဒ်မ အမျိုးမျိုးတတ်ပြီး ကိုမင်းကိုနိုင် အပါအ၀င် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ယောက်ကို ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။

အခုဆိုရင် ဖမ်းဆီးခံရတာ ၈လနီးပါး ရှိလာပြီဖြစ်ပေမယ့် ဥပဒေနဲ့အညီ တရားရုံးတင်စစ်ဆေးတာမျိုး ခုချိန်ထိ မရှိသေးတဲ့ အပြင် လုပ်ကြံပုဒ်မ တွေကိုလည်း အမျိုးမျိုး ပြောင်းတပ် နေခဲ့ပါတယ်။

စစ်အာဏာရှင်တွေရဲ့ အမှည့်ချွေချွေ ထောင်တွင်း ရက်စက်နည်းတွေ၊ အချိန်မီ ဆေးကုသခွင့်မပေးခြင်း ကြောင့် လှမျိုးနောင် တယောက် လည်း မျက်စိကွယ်ခဲ့ရပါပြီ။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းမှု၊ ဆိုးရွားညံ့ဖျင်းတဲ့ အစားအစာတွေ ကျွေးမွေးတာ၊ စိတ်ပိုင်း ရုပ်ပိုင်း နှိပ် စက်ညှဉ်းပန်းတဲ့နေရာမှာ မြန်မာနိုင်ငံ ဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှပါတယ်။ ဒီလို နာဇီ အ ကျဉ်းစခန်းမျိုး ရဲ့ ဖိနှိပ်ချုပ်ချယ်မှု အောက်မှာ မြန်မာ့ မျိုးချစ် ရဲဘော်ပေါင်း မြောက်မြားစွာ အမှည့် ကြွေခဲ့ ရပါတယ်။

တစိမ်းတရံစာ လူမျိုးတွေ အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီခေတ်က နိုင်ငံခြားသားက ဗမာလူမျိုး ကို နှိပ်စက်ညှဉ်းပန်း လူ သတ်တယ် ဆိုတဲ့ လူဦးရေထက် စစ်အာဏာရှင် လက်ထက်မှာ ကိုယ့်လူမျိုး အချင်းချင်း အသတ်ခံရတဲ့ ဦးရေက အ ဆပေါင်းများစွာ များပါတယ်။

ကဲ အာဇာနည်များရေ…ကျွုန်တော်တို့ ချစ်စရာကောင်းတဲ့ တိုင်းပြည်က..ဒီလိုလူယုတ်မာ တွေနဲ့ ဘဲ အုပ်စိုး ကြဖို့  တန်ကြသလားဗျာ။ ကိုယ်သေမှာ ကြောက်ကြတာထက်..လူမျိုးသေမှာ ကြောက်တတ်ကြပါ.

ဘာသာ သာသနာသေမှာကြောက်တတ်ကြပါ။ အခုရှိနေတဲ့ ဘုန်းကြီးအစစ်တွေရဲ့ မျိုးဆက် ကုန်သွားတာနဲ့ ခင်ဗျားတို့  ကျွန်တော်တို့ ရဲ့မြေးမြစ်တွေ လက်ထက်ကျ ဘာသာမရှိသာသနာမရှိ. သေရင်တောင် ယုတ်စွအဆုံး ခင်ဗျား အလောင်းကို သရဏဂုံတင်ပေးမဲ့ သူမရှိပါဘူး။

တွေးကြည့်ကြပါဗျာ အရှည်။ ကိုလိုနီခေတ်က ကျွန်တော်တို့ လွတ်လပ်အောင် တော်လှန်ပေးခဲ့တဲ့ အဖိုး အဘိုး အဘေးတွေ လောက်မှ..ကျွန်တော် တို့ နိုင်ငံချစ်စိတ် ကလေး..လက်တဆစ် လောက်တောင် မရှိကြ တော့ဘူးလားဗျာ။

သွေးစည်းကြပါတော့ ညီညွတ်ကြပါတော့။ ရှက်တတ်ကြပါတော့ဗျာ။ ဘယ်သူသေသေ ငတေဘဲမာ ရင်ပြီးတယ် ဆိုတဲ့ အတွေးကလေးတွေကို ဖယ်ရှားဖို့  အချိန်တန်ပါပြီ။.တူညီ ပါဝင်တော်လှန်ပါဗျာ။ လက်ကမ်းပေးပါတယ်။
အရွယ်ကြီးငယ် ကျားမကြီးငယ်. နိုင်ရာဝန်တူတူပေါ့ဗျာ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */