“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 23, 2008

ဒီလိုဘဲ စွပ်စွဲနေကျလေ..ကျောင်းသားဘဲ ဗုံးခွဲတတ်တယ်တဲ့

ရန်ကုန်မြို့ ပေါက်ကွဲမှုနှစ်ခုဟာ ပြည်ပအဖျက်အုပ်စုလက်ချက်လို့ စစ်အစိုးရ စွပ်စွဲ

ရန်ကုန်မြို့ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာ တနင်္ဂနွေနေ့တုန်းက ရှေ့ဆင့် နောက်ဆင့် ဆိုသလို ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှု ၂ ခုနဲ့ပတ်သက်လို့ ပြည်ပရောက် အကြမ်းဖက် အဖွဲ့အစည်း တခုရဲ့ လုပ်ရပ် စွမ်း အားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး ဖြစ်တယ်လို့ မြန်မာစစ်အာဏာရှင် က စွပ်စွဲပြောဆိုလိုက်ပါသည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်နောက်ဘက် လုံခြုံရေးကင်မရာ မှတ်တမ်းအရ ဗုံးဖောက်ခွဲသူကို ဖော်ထုတ် နိုင်တယ် ဟူ၍ နဲ့ မြန်မာစစ်အာဏာရှင် က စွပ်စွဲလိုက်ပေမယ့်လည်း ယုံကြည်လက်ခံဖို့ ခက်ခဲပါတယ်။

ယခင် ဗုံးပေါက်ကွဲမှုတွေမှာလည်း အလားတူ လုံခြုံရေးကင်မရာ မှတ်တမ်း ပုံရိပ်တွေ ဖော်ပြ စွပ်စွဲခဲ့ ပေမဲ့  တပ် အပ် မမိခဲ့ပါဘူး။ NLD အဖွဲ့ဝင်တွေ နိုင်ငံရေးသမားများသာ ချောင်းရိုက် ခံနေရတဲ့ အမှုတောင် တရားခံမဖော် နိုင်တဲ့ နအဖ ဟာ ဗုံးပေါက်ကွဲမှု ကို ပေါ်အောင်ဖော်နိုင်မယ်ဆိုတာ. နောက်ဖေး လမ်းကြား ထမီခိုးရုတ်တဲ့ အမှူ တောင် မဖော်နိုင်တာဘဏ္ဍာတိုက် ဓါးပြတိုက်မှု ကိုဖော်မယ်လို့  ခပ်ညံ့ညံ့ ပုလိပ်က ထပြီး ကြုံးဝါးနေတဲ့ပုံ ပါဘဲ။

မြန်မာစစ်အာဏာရှင် က အစောပိုင်း မြန်မာ့ရိုးရာသင်္ကြန်ကာလ မတိုင်မီတုန်း ကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိနိုင်တယ်ဆိုပြီး သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး သေသေချာချာ အစီအစဉ် ဆွဲ ချထားတာပါ။ မြန်မာပြည်တွင်းမှာ ဖောက်ခွဲမှုတွေ မပေါ်ပေါက်ခင် ရက်ပိုင်းအလိုမှာ စစ်အစိုးရက နယ်စပ်ဒေသတွေမှာရှိတဲ့ ဘယ် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ရုံးတွေမှာ ဘယ်နှစ်ဖွဲ့ ပေါင်းပြီး လူဘယ် လောက် တက်ရောက်တဲ့ အစည်းအဝေးကြီးတွေ လုပ်နေတယ်၊ အဲဒီ လူတွေက နေပြီး ဘယ်သူ ဘယ်သူတွေဦးဆောင်ပြီးတော့ ဘယ်လမ်းကြောင်းတွေက နေပြီး ၀င်ရောက် လာနေပြီ၊ အဲဒီလူတွေက ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပစ်မှတ် တွေကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ စစ်အစိုးရက လုံခြုံရေးသတင်းတွေကို အောက်ခြေ အဖွဲ့အစည်းတွေကို ချပြခဲ့ပါတယ်။

မြန်မာစစ်အစိုးရကတော့ ထိုင်းနိုင်ငံအခြေစိုက် စွပ်စွဲထားတဲ့ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည် တော်များအဖွဲ့ရဲ့လက်ချက်လို့ ပြောဆိုလိုက်တာပါ။ ဒီ အဖွဲ့ ဟာ ၁၉၉၉ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးကို ၀င်ရောက်စီးနင်းရာက စတင်ပေါ်ပေါက်လာခဲ့တာပြီး ထိုင်းနိုင်ငံ ရပ်ခ်ျဘူရီခရိုင် က ဆေးရုံကို ထပ်မံဝင်ရောက်စီးနင်းမှုမှာ အဖွဲ့ဝင်တချို့ဟာ ထိုင်းလုံခြုံရေး အာဏာပိုင်တွေရဲ့ သတ်ဖြတ်တာ ခံခဲ့ရပါတယ်။ ဒီ့နောက်မှာတော့ ဒီအဖွဲ့ရဲ့လှုပ်ရှားမှု တွေဟာ အားပျော့သွားတာကိုတွေ့ရပြီး ပြိုကွဲသလောက်ရှိနေပြီလို့လည်း နယ်စပ် အခြေစိုက် နိုင်ငံရေး၊ စစ်ရေး အကဲခတ် လေ့လာသူတွေက ယုံကြည်ထားကြတာသည်။

source: http://www.voanews.com/burmese/2008-04-22-govt-accuses-vbsw-bombing.cfm/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */