“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 18, 2008

ချဉ်သီးပင်အောက် ချဉ်သီးရှား


အာရှမှာ ဆန်ရှားပါးမှုတွေ ဖြစ်နေတာကြောင့် အခြား အာရှ နိုင်ငံများက ပြည်ပကို ဆန်တင်ပို့မှုတွေရပ်နားပြီး ပြည်တွင်းမှာပဲ ဖူလုံဖို့အတွက် ကြိုးစားနေချိန်မှာ မြန်မာပြည်မှာတော့ ပြည်တွင်းက လယ်သမားတွေ ဆီက လည်း ဈေးနှိမ်ပြီး အဓမ္မဆန်ဝယ်ယူပြီး ပြည်ပကို ဆန်တင်ပို့နေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်တွေမှာတော့ ကျေးရွာ တွေက လယ်သမား တွေထံကနေ ဈေးနှိမ်ပြီး အဓမ္မဆန်ဝယ်ယူမှုတွေ လုပ်နေတယ်ကြပါတယ်။.

သူတို့တွေက မတရား အဓမ္မ တအိမ်တက်တအိမ်ဆင်း ၀ယ်နေတဲ့အတွက် မရှိ ရှိတာကို ရောင်းပေးရပြီး ဆန်လုံးဝမပေးနိုင်ပါက ငွေ ပေးရပါသည်။ မျိုးနှင့် ၀မ်းစာပင်မချန် အဓမ္မ ဝယ်ယူကြပါသည်။”

အပြင်မှာ စပါးတတင်းကို ခြောက်ထောင်ကျပ်လောက်ပေါက်နေချိန်မှာ သုံးထောင် ကျပ်နဲ့ ပေါက်ဈေး၏ ခေါက် ချိုးချ၍ စစ်တပ်က အဓမ္မ၀ယ်ယူနေပြီး တဧကကို တတင်း မဖြစ်မနေ ရောင်းချပေးနေရပါတယ်။ ဒီလို မ ရောင်းနိုင်တဲ့ လယ်သမားတွေဆီကနေ စပါးတတင်းကို နှစ်ထောင် ကျပ်နှုန်းနဲ့ ရသမျှ အတင်းအကျပ် ကောက် ခံနေတယ်လို့လည်း ပြောဆိုနေကြပါတယ်။

ဒီနှစ်မှာတော့ စပါးပိုးဖျက်တဲ့အတွက် ဒုက္ခရောက်နေတဲ့ လယ်သမားတွေထံက အဓမ္မ စပါးဝယ်ယူမှုတွေ လုပ် ခဲ့တာကြောင့် လယ်သမားတွေအတွက် ဒုက္ခဆင်းရဲကို ဆင့်ကဲဆင့်ကဲ ကြုံနေရပါတယ်။ ရခိုင်ပြည်နယ်တင်မက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စတဲ့နေရာ တွေမှာလည်း ဒီအဖြစ်တွေကို ကြုံနေရပါတယ်။ အထူးသဖြင့် မြန်မာ တနိုင်ငံလုံးမှာ ဒီအဖြစ်တွေကို ကြုံနေရပါတယ်။

အခုလို ပြည်တွင်းမှာ ထမင်းကို ခွဲတမ်းနဲ့စား၊ ထမင်းရည်သောက်၊ နေရတဲ့အချိန်မှာ မြန်မာစစ်အစိုးရကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေကို ဆန်တင်ပို့မှုတွေ လုပ်နေသလို ဆန် ရောင်းချဖို့အတွက် စာချုပ်တွေလည်း ချုပ်နေပါတယ်။
လက်ရှိအခြေအနေမှာတော့ မြန်မာပြည်သူတွေဟာ စားဝတ်နေရေးကျပ်တည်းမှု၊ ဆန်ဈေးဆီဈေးတက်မှုတွေ ကြုံနေရပြီး ပြည်သူအများစုဟာ ၀င်ငွေ၊ ထွက်ငွေ မမျှမှု တွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ တိုင်းပြည်ကထွက်သမျှ သယံ ဇာတတွေကိုလည်း စစ်အစိုးရက ဘာတာစနစ်လို့ခေါ်တဲ့ ပစ္စည်း ချင်းလဲလှယ်တဲ့စနစ်၊ စစ်လက်နက်ပစ္စည်း၊ နည်းပညာနဲ့ ဖလှယ်တဲ့စနစ်ကိုသုံးပြီး ရောင်းချမှုတွေလုပ်နေပါ တယ်။ တိုင်းပြည်က ဆင်းရဲမွဲတေမှုတွေ ဖြစ်နေတယ်ဆိုပြီးတော့လည်း နိုင်ငံတကာက ဝေဖန်မှုတွေ ရှိနေ ပေမယ့် မြန်မာအစိုးရကတော့ တိုင်းပြည်က ပြည့်စုံ ကြွယ်ဝမှုတွေ ရှိနေတယ်လို့ပဲ ခပ်ကြွားကြွား ပြောကြားနေဆဲဖြစ်ပါတယ်။
http://www.voanews.com/burmese/2008-04-17-rice-crisis.cfm

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */