“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, April 26, 2008

နအဖအခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေ

ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ နအဖသံရုံးရှေ့၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ နအဖဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဆန္ဒပြပွဲအား ဂျပန်ရဲတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ရိုက်နှက်ဖြိုခွင်းသဖြင့် ဦးမြင့်သိန်း (အဲန်အယ်လ်ဒီ)၊ မသော်တာမင်းထွန်း (ဒီဘီအေ)၊ ကိုစိုးမင်းအောင် (ဒီဘီအေ)၊ မမြဖြူပြာ (လူ့ဘောင်သစ်)တို့ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ကိုလင်းအောင် (အဲန်အယ်လ်ဒီ)မှာ ရိုက်နှက်သည့် ရဲများအား ပြန်လည်ခုခံ ထိုးကြိတ်သဖြင့် ဖမ်းဆီးသွားကြောင်း ဆန္ဒပြနေသော ရဲဘော်များမှ သတင်းပေးပို့လာသည်။ ယခုအချိန်ထိ ဆက်လက်ဆန္ဒပြ ကြွေးကြော်နေကြဆဲဖြစ်ပြီး ဆန္ဒပြရဲဘော်များအား ဂျပန်ရဲတပ်ဖွဲ့မှ ၀ိုင်းပတ်ပိတ်ဆို့ထားကြောင်း သတင်းရရှိ သည်။

နောက်ဆက်တွဲ သတင်းပေးပို့ချက်အရ ဆန္ဒပြ ရဲဘော်များနှင့် ဂျပန်ရဲများ အပြန်အလှန် ထိုးကြိတ်ရိုက်နှက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။ မြန်မာမိန်းကလေးငယ်များအား ခြေနှင့်လက်တို့ကို ချုပ်နှောင်၍ ပက်လက် တရွတ်တိုက်ဆွဲခေါ်ကာ သံရုံးဘေး ပန်းခြံ၌ ထိန်းသိမ်းထားကြောင်း၊ သံရုံးမိုးကောင်းကင်တွင် စစ်ရဟတ်ယာဉ် ၅ စီး ၀ဲပျံ လျက်ရှိကြောင်း၊ မိန်းခလေးများမှာ အ၀တ်အစားများ ဖရိုဖရဲဖြစ်လျက် ဘောင်းဘီကျွတ် စကတ်ကျွတ် ဖြစ်နေကြကြောင်း၊ ဂျပန်အာဏာပိုင်များ ယခုကဲ့သို့ နှိမ်နင်းဖြိုခွဲသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထပ်မံပေးပို့လာသော သတင်းများအရ ဆန္ဒပြသူဦးရေ (၃၀၀)ခန့်ရှိပြီး မိန်းကလေးနှစ်ဦး ထပ်မံဒဏ်ရာရရှိကာ ဆေးရုံးတင်ပို့လိုက်ရကြောင်း၊ ဂျပန်ရဲတပ်ဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းနေပြီး ဆက်လက် အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်ကြောင်း၊ သို့သော် ဒီမိုကရေစီအင်အားစုများအနေနှင့် စုစည်းညီညွတ်စွာ ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ဂျပန်ရဲများ ဖြိုခွင်းသည့်ပုံစံမှာ နအဖစစ်ခွေးများ၏ နည်းနာနှင့် ဆင်တူကြောင်း သတင်းရရှိသည်။

ဂျပန်သတင်း - နောက်ဆက်တွဲ

ရဲများနှင့် အဓိကရုန်းဖြစ်စဉ် မိန်းခလေး (၂) ဦး ထပ်မံဒဏ်ရာရရှိ၍ ဆေးရုံကားဖြင့် တင်ဆောင်သွားကြောင်း၊ သံရုံးအတွင်းသို့ မရမက ၀င်ရောက်ပြီး မဲသွားပေးသူ အမျိုးသမီးတဦး သံရုံးအပြင်သို့ ပြန်ထွက်လာစဉ် မေးမြန်းကြည့်ရာမှာ သူမက အခုလို ပြောပြပါတယ်။

“ကျမက ကန့်ကွက်မဲပေးဖို့ မရမက တိုးသွားတာပေါ့။ ရဲနဲ့ သံရုံးဝန်ထမ်းတွေကလည်း ပိတ်ထားတာပေါ့နော်။ အထဲရောက်တော့ မဲပေးမှာလားလို့ မေးတယ်။ ဟုတ်တယ်လို့ ပြောတော့ မဲစာရွက်ပေါ့နော် အမှားအမှန် ခြစ်ပေါ့။ ခြစ်ပြီးတော့ စာအိတ်တလုံးထဲ ထည့်ပိတ်ပြီး နောက်ခန်းက ပုံးထဲမှာ သွားထည့်ရတယ်။ ကျမ မဲခြစ်နေတော့ ဓာတ်ပုံရိုက်ယူတယ်။ ကန့်ကွက်မဲ ကြက်ခြေခတ် ခြစ်နေတာကို ရိုက်တာပေါ့။ ပြီးတော့ ထမင်းစားသွားပါလားတဲ့။ ကျမလှည့်တောင် မကြည့်ဘူး ပြန်ထွက်လာခဲ့တာ။ ဘာဖြစ်ဖြစ် အခွန်လည်း မဆောင်နိုင်ဘူး၊ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို လုပ်တာပဲ။ ဂျပန်ရဲတွေက ဒီတခါ အရမ်းမိုက်ရိုင်းတယ်၊ ကျမ သူငယ်ချင်းတချို့ အရိုက်ခံရတယ်။”

ဆန္ဒပြ ရဲဘော်တဦးကလည်း “သံရုံးအတွင်းဘက်ကနေ သံရုံးဝန်ထမ်းတဦးက အော်ဟစ်ပြီး ဆဲနေတယ်ဗျာ။ ၀င်လာရဲတဲ့ကောင် ၀င်ခဲ့၊ ရိုက်ထုတ်ပစ်မယ်၊ ဘာညာပေါ့။ ကျနော်တို့ ရဲဘော်တွေကလည်း ပြန်ဆဲပေါ့ဗျာ၊ ပွဲက မပြီးသေးဘူး။ ခုသံရုံးဝမှာတော့ ရဲကားတွေ၊ အချုပ်ကားတွေ၊ ဆေးရုံကားတွေနဲ့ ကျနော်တို့တွေကို ၀ိုင်းလည်းဝိုင်း၊ ကာလည်းကာထားတာပေါ့။ လောလောဆည်တော့ သံရုံးအတွင်းနဲ့အပြင် ဆဲလိုက် ကြွေးကြော်လိုက်နဲ့ ဆက်ချကြဦးမယ်” လို့ ပြောဆိုပါတယ်။ အဆိုပါ ရဲဘော်ကပဲ ဆက်လက်ပြီး “ဟော ခုပဲ သံရုံး မဲလာပေးတဲ့သူတွေကို မောင်းထုတ်ပြီး ပြန်ခိုင်းနေတယ်ဗျ၊ ကျနော်တို့ဆီမှာ ၄နာရီ ၄၀ ပေါ့နော်၊ ကျနော်တို့ ဆန္ဒပြ ရဲဘော်တွေကတော့ အခြေအနေ စောင့်ကြည့်နေကြတယ်။ မပြန်ကြသေးဘူး။ ပ ဆက်ရမယ့် အခြေအနေပဲ” လို့ ပြောပြပါတယ်။ ဒီကနေ့ ဆန္ဒပြတဲ့ လူဦးရေ ၃၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း ဒေါက်တာလွန်းဆွေ “ဘလောမှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */