“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 29, 2008

တရားဝင် ငွေပို့ ပေး နေရသော တရားမ၀င်ရွေ့ ပြောင်းအလုပ်သမားဘဝ

ဒီလိုသေချင်သေ..............
ဒီလို နေချင်နေ.........
ဒါမှမဟုတ်...
ဒီလိုဗျာ
နိုင်ငံပျောက်သောနိုင်ငံသားများ

တွေးမိတိုင်းရင်နာတယ်၊ ၀မ်းနည်းမိတယ်၊ ကိုယ့်ကို ကိုယ်လည်း ခွေးလေ ခွေးလွှင့် တကောင်လို ခံစားမိတယ်၊ မြန်မာပြည်မှာ (၁၉၉၃) ခုနှစ်မှ စရေးလိုက်တဲ့ ကမ္ဘာ့အဆင့်မီ အခြေခံဥပဒေ ကြီးဟာဖြင့် ၂၀၀၇ ခုနှစ်မှာ ပြီးဆုံး ခဲ့ပါတယ်၊

ကမ္ဘာ့ဂရင်းနစ် စာအုပ်ထဲမှာ ဖော်ပြသင့်တဲ့ ကမ္ဘာပေါ်ရှိ အခြေခံဥပဒေများ ထဲတွင် အရှည်ကြာဆုံး ရေးဆွဲ ခဲ့ သော အခြေခံဥပဒေ တစ်ခု ဖြစ်ပါတယ်၊ ဒါရဲ့ နောက်ဆက်တွဲ အဖြစ် မြန်မာ ပြည်သားတွေ အားလုံးက လာမယ့် မေလ ၁၀ ရက်နေမှာ ဆန္ဒမဲ ပေးကြ ရမှာ ဖြစ်ပါ တယ်၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ နေထိုင်ကျတဲ့ မြန်မာလူမျိုး အားလုံး ကတော့ ဆိုင်ရာသံရုံး တွေမှာ ကြိုတင် မဲတွေ ပေးကြရမှာပါ။ ကျနော်တို့ တတွေဟာ မြန်မာပြည်မှာဆို တကယ့်ကို နင်းပြား ဘ၀တွေပါ၊

အမေက ပညာရေးဝန်ထမ်း၊ အဖေကတောင်သူပါ၊ ပညာရေးဝန်ထမ်းရဲ့ သားသ္မီး ဆိုပေမယ့် စီးပွား ရေးအဆင်မပြေမှု တွေကြောင့်အခြေခံပညာ အထက်တန်း အဆင့် ထိရောက်အောင် ကုတ်ကပ် သင်ယူခဲ့ရပါတယ်၊

မြန်မာပြည်မှာ နေတော့လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် မိသားစု စားဝတ်နေရေး မပြေလည် တာကြောင့် ထိုင်းနိုင်ငံကို မိဘ၊ မောင်နှမ တွေ ကို မခွဲချင်ပဲ ခွဲခွါလာခဲ့ရပါတယ်၊ ကျနော်တို့ ဟာ အမိနိုင်ငံတော် အပေါ် ဘယ်တုန်းကမှ မေ့ပျောက်ခဲ့ခြင်း မရှိပါ၊

ကျနော်တို့ တတွေဟာ မြန်မာပြည်မှာ နေတော့လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် မိသားစု စားဝတ်နေရေး မပြေလည်တာကြောင့် ထိုင်းနိုင်ငံ တရားမ၀င် ရွေ့ ပြောင်းအလုပ်သမား တွေအဖြစ် အမေ့ အိမ်ကို ကိုမိဘ၊ မောင်နှမတွေ ကို မခွဲချင်ပဲ ခွဲခွါလာခဲ့ရပါတယ်၊ ကျနော်တို့ ဟာ အမိ နိုင်ငံတော် အပေါ် ဘယ် တုန်းကမှ မေ့ပျောက်ခဲ့ခြင်း မရှိပါ၊ ကျနော်တို့ တတွေဟာ မြန်မာ ပြည်သားမှ မြန်မာပြည်သား စစ်စစ် တွေ ပါ၊ ဘယ့် အတွက်ကြောင့် ကျနော်တို့ ကို မေ့ပျောက် လစ်လျုရှုရပါသလဲ၊

ကျနော်တို့ တတွေဟာ တရားမ၀င်လာရောက်သူတွေဆိုပေမယ့် အမိမြန်မာပြည် ပျက်စီးကြောင်း ဘယ်တုန်းကမှ မကြံစည်ခဲ့ဖူးပါ၊ ကျနော်တို့ ဒီလို ရွှေပြောင်း အလုပ်သမားတွေဟာ ထိုင်းနိုင်ငံအနှံ့ မှာ အနဲဆုံး (၂ သိန်း အထက်) ရှိပါတယ်၊ ကျနော်တို့ ရရှိတဲ့ လုပ်အားခတွေဟာ မိဘ မောင်ဘွား များ နေထိုင်ရာ မြန် မာပြည်ကိုဘဲ ပြန်လည် စီး ဆင်း ရောက်ရှိ သွားပါတယ်၊ ဒီငွေတွေဟာ တိုင်းပြည်တွင်းက စားသုံးသူ တွေရဲ့ ဝယ် လို အား အဖြစ် ပြောင်းလဲရောက်ရှိသွားပါတယ်၊

ဒါဟာ နဲနဲလေးမှ အသုံးမကျတဲ့ အစိုးရ ရှိနေဦးတော့လည်း၊ အနည်းငယ်သော တိုးတက်မှုကို ဖြစ်ပေါ် စေပါတယ်၊ ဥပမာအားဖြင့် ကျနော်တို့ ငယ်ငယ် ကဆို အိပ်မက်ထဲ တောင်ထဲ့မမက်နိုင် သော ဆိုင်ကယ်ကို (တရုတ်ပြည်ဖြစ်) ကျနော်တို့ မိဘမောင်ဘွားများ ၀ယ်ယူအသုံးပြု လာနိုင်ပါ တယ်၊ ကျနော် တို့ ငယ် ငယ်က သူများအိမ်မှာ ငွေတကျပ် ပေးပြီး ကြည့်ခဲ့ရတဲ့ တီဗီကိုလည်းဝယ်ယူ အသုံးပြုနိုင်ခဲ့ ပါတယ်၊ဒါတွေဟာ ဒီ အသုံးမကျတဲ့ အစိုးရရဲ့  ကူညီ စောင့်ရှောက်မှု တခုမှ မပါတဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အားလုံးရဲ့ စွမ်းဆောင်မှုပါ၊

ထိုင်းနိုင်ငံမှာ နေထိုင်ရတာလည်း အဆင့်အတန်း ခွဲခြား ခြင်း၊ အထင်သေးနိမ်ချခြင်း၊ အနိုင်ကျင့် စော် ကားခြင်း တို့ ကို အောင့်အီး သည်းခံ နေထိုင်ရပါတယ်၊ ဒါဆို ဘာကြောင့် လာတာလဲလို့ တော့ မမေး ပါနဲ့ ၊ ဖြေစရာမရှိလို့  မဟုတ်ပါ၊ ဖြေစရာတွေ များလွန်းလို့ ပါ၊

ဒီအစိုးရအနေနဲ့ ပြည်သူတွေအတွက် ဘာတွေများ ဆောင်ရွက်ပေးခဲ့ပါလဲ၊ တံတား ဆောက်တာ၊ လမ်းဖောက် တာ၊ ဆည်တွေတူးတာ လာမပြောပါနဲ့ ၊ လူရီစရာဖြစ်ပါတယ်၊ ကျနော်တို့ မြစ်ကြီးနားမှာ ကျိန်ခရမ် ရေအား လျှပ်စစ်ဆောက်ပါ တယ်၊ သွားလိုက်ရတဲ့ လုပ်အားပေး၊ လုပ်လိုက်ရတဲ့ ကျောက်ထု၊ ဖွင့်ပွဲလုပ်တော့ ဟင်း ဟင်း ဒီဇယ် မီးစက်နဲ့ ဗျ၊ ပြန်တွေးမိတိုင်း မော နေအောင် ရီလိုက်ရတာ သီးလေးသီး ကြည့်ရတာထက် ပိုတယ်၊ ဒါမျိုးတွေ နိုင်ငံနဲ့ အနှံ့  တည်ဆောက်နေတာ မနည်းပဲဗျ၊

မင်းတို့ တွေ ၀ယ်နိုင် သုံးနိုင်တာ အစိုးရနဲ့ ဘာဆိုင်လို့ တုန်းလို့ မမေးနဲ့ ဦးနော်၊ တချို့  နအဖ ဘက်တော်သား တွေက မေးချင်ကြပါ လိမ့်မယ်၊ ပြောပြရင်တော့ ကျနော်တို့ ကိုရောင်းပေးတဲ့ ကုမ္မဏီတွေဆီက ရတဲ့ တရားဝင် အခွန်တွေရော တရားမ၀င် တောင်းယူကျတဲ့ လာဘ်ငွေတွေ နဲ့ သူတို့ သားမယားတွေ စားသောက်သုံးဖြုန်း နေကျတာ ထင်သာမြင်သာ ကြီးပါဗျာ၊ ကျနော်တို့ တွေဆီက ဒီလို အကျိုးအမြတ်တွေ ရရှိနေတာတောင် ဘာ့ကြောင့် ကျနော်တို့ ကိုနိုင်ငံသား အဖြစ် က စွန့် ပစ်ရတာတုန်းဗျ၊

မေးစမ်းပါရစေ၊ ကျနော်တို့ တတွေဘာ့ကြောင့် မဲပေးခွင့် မရနိုင်ရတာတုန်းဗျ၊

မေးစမ်းပါရစေ၊ အစိုးရအနေနဲ့ ဘယ်အချိန်တုန်း က ကျနော်တို့ ကို နိုင်ငံသားအဖြစ်က စွန့် ပယ် လိုက်တာတုန်းဗျ၊

မေးစမ်းပါရစေ၊ တကယ်လို့ အစိုးရအနေနဲ့ ကိုယ်လုပ်တာကိုယ်တာဝန်ယူနိုင်တယ် ဆိုရင်ကျနော်တို့ တတွေအားလုံးကို နိုင်ငံသားအဖြစ်မှ ပါယ်ဖျက်ကြောင်း တရားဝင် ကြေညာပေးပါ၊

ဒါမှမဟုတ်ရင်တော့ ကျနော်တို့ ကိုလည်း အများနည်းတူ မဲပေးခွင့်ပြုရမှာ ဖြစ်ကြောင်း သတိပေး အကြောင်းကြား လိုက်ပါတယ်။

နိုင်ငံပျောက်သောရွေ့ ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားများ(သို့ ) စစ်ပြေး ဒုက္ခသည် များ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */