“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, April 27, 2008

လုံခြုံရေးတင်းကျပ်၍ ကျောင်းသားအချို့ မဲ မထည့်ရဘဲ ပြန်သွား

နွယ်လေး။
ဧပြီလ ၂၅ရက်၊ ၂၀၀၈ခုနှစ်။

ယနေ့ နံနက် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် လုံခြုံရေးတင်းကျပ်ထား၍ ကြိုတင် ဆန္ဒမဲ သွားရောက် ထည့်ကြသည့် မြန်မာကျောင်းသားအချို့ မဲမထည့်ပဲ ပြန်သွားသည်ဟု ကျောင်းသားတဦးကပြောသည်။

“သံရုံးမှာ ဒီလိုဗျ ၀င်ဝင်ခြင်းမှာ ထိုင်းရဲတွေရယ် လုံခြုံရေးတွေရယ်စောင့်နေတယ်။ သံရုံးမှာ ရှိတဲ့ မြန်မာဝန် ထမ်းတွေလည်း ရှိတယ်ဗျ။ ကျနော်တို့က အ၀င်ပေါက်ဝမှာ နည်းနည်း စုစု စုစု ဖြစ်သွားတယ်။ နောက်သ တင်းထောက်တွေ ဘာတွေလည်း ရှိနေတယ်။ အဲဒီတော့ သံရုံးက ရဲတွေလာတားတာရှိ တယ်။ အဲလို လာတားတော့ ကျနော်က သံရုံးအပြင်မှာ အင်တာဗျူးတော့ ထိုင်းထောက်လှမ်းရေးက ဓါတ်ပုံလှမ်းရိုက်တာ တော့ ရှိတယ်။ ခြိမ်းခြောက်တဲ့ သဘောမျိုး လေးတွေတော့ ရှိတယ်။ ထိုင်းရဲတွေ ကကော၊ ထိုင်းထောက်လှမ်းရေးတွေ ကကော၊ သံရုံး ၀န်ထမ်းတွေကကော အဲလိုမျိုးရှိတယ်။ ကျနော် နဲ့ အတူတူလာတဲ့ ကျောင်းသူလေး နှစ်ယောက်ဆိုရင် အဲဒါတွေတွေ့ ပြီးတော့ မဲမထည့်ပဲ ပြန်သွား တယ်။”

ထိုင်းနိုင်ငံမြန်မာသံရုံးတွင် ကြိုတင်မဲဆန္ဒပေးမှုကို ယခုလ ၂၀ရက် စတင်ခဲ့ပြီး ယနေ့ ကျောင်းသား ၂၀ခန့် သွားရောက်မဲပေးရာ အများစုမှာ ကန့်ကွက်မဲပေးကြကြောင်း အထက်ပါ ကျောင်းသားက ဆက်လက် ပြောသည်။

မဲထည့်သူ ကျောင်းသားတစ်ဦးက “ကျနော်ကတော့ နိုး ပေးခဲ့တယ်။ ဘာလို့ လဲဆိုတော့ အဲဒီ အခြေခံ ဥပဒေကို မကြိုက်လို့ ။” ဟု ပြောသည်။

မဲထည့်သူများကို သံရုံး အ၀င်တွင် နိုင်ငံကူးလက်မှတ်ကိုစစ်ဆေးကာ မှတ်ပုံတင်နံပါတ်၊ ဖခင်အမည်နှင့် မြန်မာ ပြည် နေရပ်လိပ်စာများကောက်ပြီး လေးယောက်တစ်တွဲ ၀င်ခွင့်ပေးခဲ့သည်။ မဲရုံအတွင်း၌ မိမိထည့်လိုရာကို အမှတ်အသားပြုထည့်ခွင့်ရကြောင်း အမှတ်သားလုပ်ပြီး မဲပုံးမှာ ပြန်ထည့်ရသည်ဟု ၄င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားများအနေဖြင့် လာမည့် ၂၆ နှင့် ၂၇ ရက်နေ့များတွင် မဲထည့်သူ ကျောင်း သား ဦးရေ ပိုမိုများပြားလိမ့်မည်ဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ယခုလ ၂၇ ရက်နေ့ တွင် သံရုံးရှေ့၌ ဆန္ဒပြရန် စီစဉ်ထားသည်။
သတင်း
http://www.nmg-news.com/nmg/news250408a.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */