“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 23, 2008

ချောင်ပိတ်မိနေရာမှ ရုန်းထွက်ကြမည့် အာဇာနည်များ

ကိုအာဇာနည်ရေ

မြန်မာပြည်မှာ မေ ၁၀ နီးလာတာနဲ့အမျှ ဖိနိပ်မှုအမျိုးမျိုး ကြုံတွေ့ရလျက်ရှိပါတယ်။ အဆိုးဆုံးကတော့ အိုင်တီ လောကပေါ့။ စက်တင်ဘာမှာလိုမျိုးသူတို့မခံလိုဘူးလေ မေ ၁၀ နီးရင် အင်တာနက်တွေ ပိတ်မယ်လို့ သတင်းတွေလည်းကြားနေရတယ်။ ဒါ့အပြင် အခုလူတွေအင်တာနက်မသုံးနိုင်အောင်လုပ်နေပြန်ပြီ။

လုပ်ပုံက ဒီလိုဗျ။

ပြည်သူအတော်များများ ဘာစာရွက်မှမလိုဘဲ တရားဝင်လည်းဖြစ်တဲ့ အင်တာနက် သုံးနိုင်တဲ့ နည်းက Access Kit ၀ယ် သုံးတာပါဘဲ ၁၅ နာရီကို ၈၀၀၀ ကျပ် 30 နာရီကို ၁၅၀၀၀ ကျပ် ၆၀ နာရီကို ၂၈၀၀၀ ကျပ်တို့နဲ့ဝယ် သုံးရတာပါ။
ပွင့်တာကတော့ အင်ထရာနက်ဖြစ်ပေ မဲ့ ဘာလေးညာလေးပြောင်းလိုက်ရင် အင်တာနက်နီးနီးရတယ်။ ဒါကို သူတို့က ဆော် ချင်လာရင် ၀ယ်သုံးသမျှ နာရီကို ဘယ်နှစ်နာရီဘဲကျန်ကျန် ဘယ်လောက်ဘဲသုံးရသေး သည်ဖြစ်စေ။ နာရီကုန်အဖြစ်ပြောင်းပစ်လိုက်တာပါဘဲ ၁၅ နာရီဝယ်သုံးတယ် တစ်ရက် တနာရီနဲ့ နှစ်နာရီဘဲသုံးရ သေးတယ်။ ဖြတ်လိုက်တာခံရတာပါဘဲ။

နာရီသုံးဆယ်ဝယ်သုံးလဲဒီလိုဘဲ သူတို့ကိုမေးရင် သူတို့က မသိဘူး။ ကုန်နေပြီပြောတယ်။ အရင် စက်တင်ဘာ တုံး က လည်းဒီလိုပြောပြီးလုပ်ခဲ့တာဘဲ။ သူတို့လိုချင်တာက မသုံးနိုင်ဖို့ပါ။ မကြာခင်ပြန်ကောင်းလာကြတယ်။

နောက် သတင်းလေးတစ်ခုက မနေ့က Gold Rose ကော်ဖိစက်ရုံရှိရာ လှိုင်သာယာကို စက်မှုဇုံကြီးကြပ်ရေး အဖွဲ့က လာပြီး စက်ရုံမှာ မဲပုံးထောင်ရမယ် မဲရုံမှူးက စက်ရုံမှူးဖြစ်တယ်။ ကန့်ကွက်မဲပါလာရင် စက်ရုံတာဝန် ဖြစ် တယ်။

စက်ရုံလုပ်သားတွေအကုန် စက်ရုံမှာဘဲမဲထည့်ရမယ်ဆိုပြီး လုပ်ခဲ့တယ်။ ရပ်ကွက်ထဲက မဲရုံကို မဲသွား ထည့်စ ရာမလိုအောင် သူတို့လုပ်ပေးမတဲ့ ကဲစဉ်းစားသာကြည့်ပါတော့။ ဒါကျွန်တော်သိတာ ဒီစက်ရုံလေးတစ်ခုထဲနော် အဲဒီ စက်ရုံမှာ လုပ်သား နှစ်ရာကျော်ရှိတယ်။

ကဲဘယ်လို လုပ်ကြမလဲ။ တတ်နိုင်တဲ့ဖက်က ကောင်းကျိုးလုပ်တဲ့အနေနဲ့ ပို့ပေးတာပါဗျာ။ အဖမ်းခံဖို့လဲ ပြင်ထား ပါတယ်။ သူတို့ ဒါ့အပြင် ဘာလုပ်နိုင်မလဲ အလွန်ဆုံးသတ် နိုပ်စက်ဒါဘဲပေါ့။ ဒါအတွက်လဲ ပြင်ထားပါတယ်။
လေးစားစွာဖြင့်

ညီလေးအာဇာနည်တဦး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */