“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, April 26, 2008

ကြက်ခြေခတ်တို့ အိမ်အပြန် လမ်းမှပေါ်မှအသံ - St. Martin's Drive

စင်္ကာပူနိုင်ငံတွင် ဒုတိယနေ့အဖြစ် ကြိုတင် ဆန္ဒမဲများပေးလျှက်ရှိရာ နံနက်ပိုင်းတွင် ဆန္ဒမဲပေးသူ လူဦးရေ (၇၀) ၀န်းကျင်ရှိပြီး နေ့လည်ပိုင်းမှစ၍ သံရုံးပိတ်ချိန်အထိ လူဦးရေ (၄၅၀) ကျော်ခန့် ဆန္ဒမဲပေးနိုင်ကြောင်း သတင်း များရရှိပါသည်။

ဆန္ဒမဲပေးလာသူအများစုကို လိုက်လံမေးမြန်းရာမှာတွင် အများစုသည် ကန့်ကွက်မဲများသာ ပေးခဲ့ကြကြောင်း ပြောပြပါသည်။
ကန့်ကွက်မဲပေးရခြင်းနဲ့ပတ်သက်လို့ လူငယ်တစ်ဦးကိုမေးမြန်းရာမှာ - "ကြက်ခြေခတ် ဘာဖြစ်လို့လဲဆိုတော့ New Generation တွေအတွက် ကလေးတွေအတွက် ကျွန်တော်တို့က တာဝန်ရှိတယ်…. ဒါကြောင့်မို့ ….ကြက် ခြေခတ်လိုက်တာ" ဟု ဖြေကြားသွားပါသည်။
သံရုံးကိုလာသော စုံတွဲ အမျိုးသားနဲ့အမျိုးသမီးကိုမေးကြည့်ရာမှာတွင် - "နိုး" ပေးရတဲ့အကြောင်းက လိမ်မှာပဲ လေ၊ ကျနော်တို့ No ပေးပေး Yes ပေးပေး လိမ်မှာပဲ ဆိုတာကိုသိထားပြီးသား ဒါပေမဲ့ဗျာ ….အနည်းဆုံး က တော့ဗျာ ကျွန်တော်တို့ရဲ့ မကြိုက်တဲ့ဟာကို ပြနိုင်ရမယ်" ။
ကန့်ကွက်မဲပေးလာသူအများစုကို မေးမြန်းကြည့် ရာမှာတော့ ကန့်ကွက်မဲပေးတာ "မကြိုက်လို့ ပေါ့ဗျာ" ဟု တိုတိုနှင့် လိုရင်းပြောကြသူများလဲရှိပါသည်။
ကန့်ကွက်မဲပေးခဲ့သူတစ်ဦးမှ အခြေခံဥပဒေနှင့်ပတ်သက်ပြီး "ကျတော်ဖတ်ပြီးပြီ ကျနော်မကြိုက်လို့ဗျ ကျနော် မကြိုက်ဘူး နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရှိရမယ်လို့ ကျနော်ယုံကြည်တယ် ဒီအခြေခံဥပဒေမှာ တန်းတူ အခွင့်အရေးမရှိဘူးလို့ထင်လို့ ကန့်ကွက်မဲပေးခဲ့တာ" ဟုဖြေကြားသွားပါသည်။
နေ့လည်ဘက်သံရုံးရှေ့ တွင် လူအများအပြားသည် မတ်တပ်ရပ်သူတွေရှိသလို အရိပ်ရှိတဲ့နေရာရွေးပြီး ထိုင် နေသူများလဲရှိပါသည်။ တချို့လည်း မဲသွားပေးသည့် အမျိုးသားကို ကလေးငယ်လေးများနှင့်မိခင်များမှ စောင့် ဆိုင်းနေကြသည်များကိုလည်းတွေ့ရပါသည်။
နေ့လည်ဘက် သံရုံးရှေ့တွင် စင်္ကာပူမျိုးချစ်မြန်မာလူငယ်အဖွဲ့မှ လာရောက်ကူညီခဲ့ခြင်းကြောင့် သံရုံး လုပ်ငန်းများ မြန်ဆန်ကာ မဲပေးသူများစရင်းများကို သံရုံးအပြင်ဘက်မှနေ၍ ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သ တင်း ရရှိပါသည်။ သံရုံးမှ လုပ်ငန်းများ နှေးကွေးမှုအပေါ်တွင် ဆန္ဒမဲလာပေးသူများမှ စောင့်ဆိုင်း ချိန်ကြာဖြင့်သောကြောင့် အားမလိုအားမရဖြစ်ကြရပြီး လူငယ်များမကြာခဏ ပြောဆိုနေသံများရှိကြောင်း သတင်းရရှိပါသည်။
နေ့လည်ပိုင်းတွင် သံရုံး၌ ကူညီပေးခဲ့သော စင်္ကာပူမျိုးချစ်မြန်မာအဖွဲ့မှ ကိုကျော်စိုး အား စင်္ကာပူသံရုံးနှင့် မြန်မာ ကျောင်းသားလူငယ်များ ဆက်ဆံရေးကိုမေးကြည့်ရာမှာတော့- ကိုကျော်စိုးမှ ယခုကဲ့သို့ပြောပြသွားပါသည်။

"ဒီနေ့တစ်နေ့လုံး ပြည်သူတွေတက်တက်ကြွကြွမဲပေးတဲ့အပေါ်မှာ သံရုံးရဲ့ အစီအစဉ်အားနည်းတာတွေ့ရတယ် သံရုံးက အရာရှိတွေကလည်း စည်းကမ်းသတ်မှတ်ချက်တွေကို တစ်ယောက်တစ်မျိုးပြောနေတယ် ပြီးတော့ ပြည်သူတွေကို နေပူထဲမှာထား ထားတယ် တချို့ဆို ၂ နာရီလောက်မတ်တတ်ရပ်ပြီးစောင့်နေရတယ် ကလေး တွေနဲ့ အသက်ကြီးတဲ့သူတွေပါတယ် လူကြီးတွေ အဘိုးကြီးတွေအဖွားကြီးတွေပါတယ်။
အဲဒါပြည်သူလူထုကို သူတို့ကလုံးဝ တန်ဘိုးမထားတာပဲ အဲဒီကိစ္စမျိုးတွေရှိတယ် ဒီဟာကို ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး ပြီးတော့ ပေးလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလဲ မျိုးစုံနေတာပဲ အဲဒီတော့ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ တရားဥပဒေဟာ ဘယ်ရောက်သွားပြီလဲ အဲဒါတွေကို ကျနော်တို့ကမေးရတယ် ဒီနေ့လူ ရာနဲ့ချီပြီးလာသေးတာ မနက်ဖြန် တနင်္ဂနွေ မှာ လူတွေထောင်သောင်းနဲ့ချီလာတဲ့အခါမှာ သူတို့ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ကျနော်တို့စိုးရိမ်ပါတယ်။

မြန်မာလူငယ်တွေနဲ့သံရုံး ဆက်ဆံရေးက တိုးတက်မှုရှိသလားဆိုတာ သံရုံးပေါ်မှာမူတည်ပါတယ် ညနေ စောင်းမှာ လူတွေကို မဲမပေးရတော့ဘူးဆိုပြီး သူတို့ဖြတ်ချလိုက်တယ် ဘယ်လောက်မှာလဲဆိုတော့ (၅)နာရီ မထိုးခင် (၄) နာရီခွဲလောက်မှာ နဲနဲရောက်ယက်ခတ်သွားတယ် ဦးမြင့်ထွန်းကိုယ်တိုင် အပြင်ကိုထွက်ပြီး ရှင်းရ တယ် အဲဒီမှာ လူငယ်တွေနဲ့ တက်ကြွတဲ့မြန်မာတွေက မေးတဲ့မေးခွန်းတွေကို ဦးမြင့်ထွန်းက ကောင်း ကောင်း မွန်မွန် ဖြေမသွားနိုင်ပါဘူး သူမဖြေသွားတဲ့နောက်ဆုံးမှာ သူဟာသံရုံး တံခါးကို အတင်းပိတ်ပြီးတော့ "ခင်ဗျား တို့က စကားအနိုင်လုတာပဲ" လို့ပြောပြီးတော့ အဲဒီသံရုံးနောက်ဆုံးပိတ်တဲ့ အချိန် မှာ ကျနော်တို့နဲ့ ဆက်ဆံရေး ဟာ အရင်ကထက်ပိုပြီးဆိုးသွားတယ်လို့တောင် ကျနော်ထင်တယ်။


ဆက်လက်ပြီး ကိုကျော်စိုးမှ - သံရုံးဘက်က စည်းကမ်းသတ်မှတ်ချက်တွေကို တစ်ယောက်တစ်မျိုး ပြောတဲ့ အခါမှာ ကျောင်းသားလူငယ်တွေနဲ့ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွတဲ့ ကျောင်းသားလူငယ်တွေက မေးခွန်း တွေ ၀ိုင်းမေးကြတဲ့အခါမှာ သူတို့ဟာ ကောင်းကောင်းမွန်မွန်ဖြေမပြနိုင်ဘူး
မေးခွန်းတွေကိုမဖြေပြနိုင်တဲ့အခါကျတော့ ဆက်ဆံရေးက ပြန်ပြီးတော့ အဆင်မပြေတဲ့ပုံစံမျိုး ပြန်ဖြစ် သွားတာပေါ့ဗျာ၊ ဒါပေမယ့် လူငယ်တွေဘက်ကတော့ ဘာမှသံသယမရှိပါဘူး အကူအညီလိုရင် အကူအညီပေးမယ် အဆင်သင့်ရှိပါတယ် ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တွေဟာ အမျိုးသားရေးစိတ်ဓါတ်နဲ့ လာရောက်ကူညီတာဖြစ်တယ် မြန်မာနိုင်ငံသားအားလုံးဟာ မဲပေးပိုင်ခွင့်ရှိရမယ် ဆိုတာကို ယုံကြည်တဲ့အတွက် တွေ့ရာကြုံရာမှာ ကူညီနေကြတာ။


ကျောင်းသားတွေဘက်က မဲပေးတဲ့ကိစ္စဟာ အမျိုးသားရေးကိစ္စတစ်ခုဖြစ်လို့ ကူညီသင့်လို့ အကူအညီပေးတာပါ အဲဒီအတွက် သံရုံးဘက်က အသိအမှတ်ပြုရင်လဲပြုလိမ့်မယ် ပြုချင်မှလဲပြုလိမ့်မယ် ဒါပေမယ့် ကျနော်တို့ကတော့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ကူညီစရာရှိတာကို ကူညီမှာပါ။ မနက်ဖြန်မှာ ကျနော်တို့ခန့်မှန်းချက်အရ တနင်္ဂနွေအားလပ်ရက်ဖြစ်တဲ့အတွက် လူတွေဟာ ဒီနေ့လာတဲ့လူတွေထက် အဆပေါင်းများစွာလာပါလိမ့်မယ် ဒီနေ့သံရုံးဘက်ကနေ လုပ်ပုံလုပ်နည်း လုပ်ထုံးလုပ် နည်းများနဲ့ သွားလို့ရှိရင်တော့ ပြဿနာပေါင်းများစွာကို ဖြေရှင်းလို့မရအောင်တက်ပါလိမ့်မယ် ဟု ကိုကျော်စိုးမှ ပြောကြားကြောင်းသတင်းရရှိပါသည်။

(၂၇) ရက်နေ့တနင်္ဂနွေနေ့တွင် စင်္ကာပူနိုင်ငံရှိ လူငယ်အများအပြား မဲရုံသို့သွားရောက်မဲပေးကြမယ်လို့လည်း စင်္ကာပူနိုင်ငံနေ့စဉ်ထုတ်သတင်းစာများနဲ့ ရုပ်မြင်သံကြားသတင်းများအရ သိရှိရပါသည်။

ဂျေမိုး ဧပြီ ၂၆၊ ၂၀၀၈။


0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */