အကြောင်းအရာ။ ။ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီးအရေးကြီး အစီရင်ခံစာတင်ပြခြင်း
အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ပြည်သူ့ ဆန္ဒခံယူပွဲတွင် ပြည်သူများမဲပေးပုံနှင့်ပတ်သက်ပြီး ကန့် သတ်ချုပ်ချယ်မှုများ နှင့်မသမာမှုများကိုတွေ့ ရှိရပါသည်။ ကျွန်ုပ်သည် ၁၀/၁၁/၁၂/၁၃ ၇က်နေ့ များ တွင် မိတ္ထီလာ/မန္တလေး/စစ်ကိုင်း/မုံရွာရှိဌာနဆိုင်ရာဝန်ထမ်းများ /အင်အားစုများ NLD တိုင်းစည်းများ နှင့်တွေ့ ဆုံပြီး မေးမြန်းဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီး တိုင်းမှူးများ/၀န်ကြီးများ၏ လုပ်ဆောင်ချက်များကို ကွက်ကွက်ကွင်းကွင်း သိခွင့် ရခဲ့ပါသည်။ စစ်သားအားလုံးသည် တပ်ရင်း/တပ်မ/ ဌာနချုပ် တို့ တွင်သာမဲပေးရခြင်း၊ ရဲတပ်ဖွဲ့ ဝင်အားလုံး သည် သက် ဆိုင်ရာရဲစခန်း တွင်သာမဲပေးရခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများက ၄င်းတို့ ရုံးများတွင်သာမဲပေးရ ခြင်း၊ ကြံ့ဖွံ့/စွမ်းအားရှင်/မီးသတ်/ကြက်ခြေနီ/အမျိုးသမီးေ၇းရာ/မိခင်နှင့်ကလေး စသည့် နအဖ ၏အဖွဲ့စည်းများ မှာ ဆန္ဒခံယူပွဲ လုံခြုံရေးယူ၇န် အကြောင်းပြချက်ဖြင့် အားလုံး ကြိုတင် ထောက်ခံမဲပေးပြီး ဖြစ်သည်။ ရပ်ကွက်/ကျေးရွာများတွင်လဲ မဲရုံများတွင် ကင်မရာများ တပ်ထားသယောင် သတင်းများ ထုတ်လွှင့်ပြီး ကန့်ကွက်မဲ ပေးလျှင် မည်သို့ ဖြစ်မည်ကို ကြိုတင် ကောလဟာလ သတင်းများ ဖြန့် လျှက်ရှိနေပါသည်။
တိုင်းမှူး/၀န်ကြီးများ ၏လုပ်ဆောင်ချက်များ
၁။ ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေးဈေးချိုထဲရှိ ဈေးဆိုင်များသို့ ကိုယ်တိုင်ဆင်းပြီး ဆိုင်တိုင်းသို့ ပါတိတ်ဝမ်းဆက် ပေးပြီး ထောက်ခံမဲပေးရန် စည်းရုံးလှုပ်ဆော်ခဲ့ပါသည်။
၂။ ပညာရေးဝန်ကြီးသည် ပညာရေးဌာနပေါင်းစုံသို့ ကိုယ်တိုင်ဆင်းပြီး ၀န်ထမ်းအားလုံးကို ထောက် ခံမဲပေးရမည်ဖြစ်ကြောင်း ထပ်တလဲလဲပြောဆိုစည်းရုံးကာ မထည့်ပါက အရေးယူမည်ဟု ပြောကြားနေပါသည်။
၃။ မုံရွာတွင် တိုင်းမှူးသည် (တပ်/ ရဲ/ ကြံ့ဖွံ့ /မီးသတ်/ စွမ်းအားရှင်/ ကြက်ခြေနီ/ အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး/ကုန်သည်ကြီးများအသင်း စသည့် အသင်းအဖွဲ့များပါမကျန် ခေါ်ယူပြီး နံနက်မှ ညနေထိ ဟော ပြောစည်းရုံးပြီး ထောက်ခံမဲထည့်ရန် ပြောကြားသွားပါသည်။
၎။ဌါနပေါင်းစုံရှိ ၀န်ထမ်းများကို၎င်းတို့၏ ဆန္ဒမပါဘဲနာမည်နဲ့မှတ်ပုံတင်နံပါတ် ယူပြီးနောက်တနေ့တွင် ကြံဖွံကဒ်များ/ အမျိုးသမီးရေးရာကဒ် များကိုအပြီးလုပ် လာပြီး အသင်းဝင် ပြီးဖြစ်ကြောင်း အသိပေးပြီး မတရား သဖြင့် အသင်းဝင်ခိုင်းခြင်း များ ပြုလုပ်လျက် ရှိပါသည်။
၅။နအဖ အနေဖြင့် ၀န်ကြီးဌါနများတွင် ကန့်ကွက်မဲတစုံတရာမရှိစေရဟု အမိန့် ထုတ်ပြန်ထားရာ ၀န်ကြီးများ အနေဖြင့် ၄င်းတို့ကိုယ်တိုင်ဌါနများသို့ကွင်းဆင်းပြီး အားလုံး ထောက်ခံခိုင်းနေပါသည်။
၆။အရေးကြီးဆုံး အချက်မှာ ၀န်ကြီးဌါန /စစ်တပ်/ရဲ /ကြံဖွံ့များ/စွမ်းအားရှင် စသည့် ၄င်းတို့ဌါနများမှာ ယခုသိရသည့်အချိန်တွင် ထောက်ခံမဲပေးပြီးပြီ ဟုသိရပါသည်။ဝန်ထမ်းများမှာ ကိုယ်တိုင်မဲမပေးရဘဲ ၄င်းတို့ ဘာသာ ထောက်ခံမဲ လုပ်ယူခြင်းကိုမကျေနပ်ကျချေ။
၎င်းအခြေအနေများကို ဌါနဆိုင်ရာ အကြီးအကဲများ NLD တိုင်း/စည်း များ၏ သုံးသပ်ချက်နှင့် သ ဘောထား များ
၁။ ၄င်းကိစ္စများကို ရိုးသားမှုမရှိဟု မြို့ကြီးတမြို့မှ တိုင်း/စည်း တဦးမှ သုံးသပ်ပြီး ဒီပွဲတွင် မိမိတို့လုံးဝ ရှုံးနိမ့် နိုင်မည်ဟုသုံးသပ်ပြီး ဆန္ဒခံယူပွဲကို ဖျက်ပစ်ရန်ဆန္ဒ ရှိပါသည်။
၂။ဌါနဆိုင်ရာတခုမှ အရာရှိတဦးကမူ ၄င်းပွဲတွင် ထောက်ခံမဲများ ရရှိပါက ၄င်းတို့ထင်တိုင်းကြဲနိုင်ပြီး ပြည်သူ လူထုဒုက္ခရောက် မည်ဟု မှတ်ချက်ပြုပါသည်။
၃။အဖွဲ့ချုပ်ဗဟိုမှလူကြီးများမှာ ပြည်သူလူထုမှ ကန့်ကွက်မဲပေးကြမည်ဟု အထင်ဖြင့် မျှော်လင့်နေကြပြီး အောက်ခြေတွင် နအဖ မှ ပြည်သူလူထုကို မည်သို့မည်ပုံ စည်းရုံးသိမ်းသွင်းနေသည်ကို သိရှိခြင်းမရှိပါ ။ဆန္ဒ ခံယူပွဲ ၏ အကျိုးကျေးဇူး အဆိုးအကောင်းကို ပြည်သူများသိရှိနိုင် ရန် အင် တိုက် အားတိုက် နှင့် လုပ်ဆောင် နိုင် ခွင့် မရှိပါ။ ၄င်းတို့နှင့် နီးစပ် ရာ အသိုင်းအ၀ိုင်းတွင် သာ လှုံ့ဆော်နိုင်ခဲ့ပါသည်။
၎။နအဖ မှာ အစစ အရာရာ သေချာအောင် စီစဉ်ပြုလုပ် ပြီးမှ မေလ (၁၀) ရက်နေ့ ကိုကျင်းပရန် ကြေငြာခဲ့ပါ သည်။ TV တွင် ပြသနေသော မဲပေးပုံ မဲပေးနည်း နည်းစနစ် များမှာ အယောင် ပြ ယုံ ဖြစ်ပြီး လူကြားကောင်း အောင် ပြောနေခြင်းများဖြစ်ပါသည်။
မိမိ၏ သုံးသပ်ချက်
၁။ယခုဆန္ဒခံယူပွဲတွင် မိမိတို့ဘက်မှ လုံးဝမနိုင်နိုင်ပါ။
၂။မိမိတို့၏ အထင်မှာ စစ်တပ် /ရဲ / ဌါနဆိုင်ရာ / ကြံ့ဖွံ့ / စွမ်းအားရှင် / မီးသတ် /ကြက်ခြေနီ / ယရက / အမျိုးသမီးရေးရာ / မိခင် နှင့် ကလေးစောင့်ရှောက်ရေးတို့တွင် ရှိနေသော ပြည်သူများထဲတွင် ၄င်းတို့ကို မ ကြိုက်သူများရှိနေမည် ဟု မိမိ တို့ ထင်မှတ်နေပါသည်။ ၄င်းမှာ မှန်ပါသည် ။ သို့ပင်မဲ့ နအဖ အစိုးရသည် ၄င်း ကိစ္စကိုမိမိတို့ထက် ကြိုသိနေပြီး အဖွဲ့အစည်း အားလုံး၏ အဖွဲ့ဝင်အားလုံးအတွက် ထောက်ခံမဲကို ကြိုတင်ပေး စနစ်ဖြင့်အတင်းအကြပ် ရယူ ပြီး ဖြစ်သည်။
၃။၎င်းကိစ္စကိုပြည်တွင်းပြည်ပရှိအင်းအားစု အားလုံးသို့ ချက်ချင်းအသိပေး ကြောင်းကြားပြီး မည်သို့ ဆက် လုပ်ရမည်ကို ချက်ချင်း ဆွေးနွေးပြီး အကြောင်းပြန်စေချင်ပါသည်။ှ
၎။နအဖ မှာ ၄င်းတို့ သေချာပေါက်နိုင်ရန် ကြိုတင်အကွက်ချပြီး ဖြစ်သည်။
၅။မိမိတို့၏ မဟာမိတ်အဖွဲ့ အစည်းများကို ချက်ချင်း အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်ချက်တခု အမြန်ဆုံး ပို့ပေး ပါရန်
မှတ်ချက်။ အရေးကြီး သဖြင့် ချက်ချင်း ဆောင်ရွက်စေချင်သည်။
သင်တို့၏သွေးသောက်ရဲဘော်
source: http://ko-htike.blogspot.com/2008/04/blog-post_539.html မှ ကူးယူ တင်ပြပါသည်။
သတိ။ ။ စိတ်အေးအေးထား စဉ်းစားပါ. မလောပါနှင့်. သူတို့ ဗျူဟာသုံးက..မိမိကလည်း မည်သို့ ရှောင်နိုင်ရန် ခေါင်းကို အေးအေးဆေးဆေး ထား၍စဉ်းစားတတ်ရန် အရေးကြီးပါသည်။ မိမိ အမြင်နဲ့ သဘောထားများကို ဆွေးနွေးကြပါ ခင်ဗျာ။

1 comments:
ဘယ်သူတွေဘာပဲပြောပြော ဘာပဲအော်အော် ဘာပဲလုပ်လုပ် လူထုအားနဲ့ တိုက်မှ အပြတ်ဖြုတ်မှာ ဒီစစ်အာဏာရှင်ကို။ ငေးမနေ နဲ့ မဲပေးဖို့မပေးဖို့ လဲငြင်းမနေနဲ့ NLD ရဲ့ ငြိမ်းချမ်းရေးမူ ကိုလဲ သုံးမနေ နဲ့တော့ အန်တီ စုလဲ ဘယ်တော့မှ လွတ်တော့မှာ မဟုတ်ဘူး နိုင်ငံတိုင်းနီးပါးမှာ ပြည်သူလူထုအင်အား နဲ့ တိုက်မှ နိုင်ခဲ့တဲ့ အာဏာရှင် ပဲရှိတယ် ! လူထု ဦးစိန်ဝင်း ပြောတာကို မမေ့ပါနဲ့ ! အခြေခံဥပဒေ ကို မဲပေးမပေး ငြင်းနေတာကို က စစ်အာဏာရှင် ကိုထောက်ခံနေတာ နဲ့အတူတူပဲ ! ကဲအားလုံးရှင်းတယ်နော် ! ဘာဆက်လုပ်မလဲ ! NLD လဲမ မျော်နဲ့ UN ကိုလဲ မမျော်ပါ နဲ့ ! ဒို့ပြည်သူကို စစ်တပ်က ဘယ်လောက်သတ်နိုင် မှာလဲ ! စစ်တပ်က စစ်သားအားလုံး မိစ္ဆာတွေလား ! ဗုဒ္ဓဘာသာ ဝင်တွေမရှိတော့ဘူးလား ? ရဲရဲ ဝင့်ဝင့်သာ လုပ်ပါ ! ပြည်သူချစ်သော တပ်မတော် သားများ ပြည်သူနင့် ပူးပေါင်းလာပါလိမ့်မည်
Post a Comment