(မ)လွတ်လပ် (မ)တရား (မ)မျှတသော ဆန္ဒခံယူပွဲ၌ပင် "မဲပေးပိုင်ခွင့် မရကြသူများ ရှိနေ"
စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးတွင် သောကြာနေ့ နံနက် (၉)နာရီမှစတင်ကာ အခြေခံဥပဒေမူကြမ်းဆန္ဒမဲပေးပွဲ စ တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
လာရောက်သူများ အားလုံးကို ဆန္ဒမဲပေးသူအမည်၊ နိုင်ငံကူးလက်မှတ် အမှတ်၊ မဲစာရင်းအမှတ်စဉ် စာရွက်ကို စတင်ပြီး သံရုံးတံခါးအပြင်ဘက်တွင် ဖြည့်ခိုင်းပါသည်။
မဲပေးပိုင်ခွင့်ရှိသူများအား သံရုံးမှ အသင့်ပြင်ဆင်ထားသော မဲစာရင်းနှင့်တိုက်ကာ အဖအမည်တစ်ခုသာ ပြောပြ ရပြီး မဲစာရွက်ကို သံရုံးမှ စာအိတ်နှင့်တကွ ထုတ်ပေးပါသည်။
မဲစာရွက်
မဲရုံမှူးလက်မှတ်
ဆန္ဒမဲပေးသူမှ လွတ်လပ်၊ လုံခြုံစွာ ကာရန်ပိတ်ပင်ထားသော အခန်းထဲတွင် မိမိဆန္ဒအတိုင်း စိတ်ကြိုက်မဲပေး နိုင်၍ မိမိပေးသော မဲပြားအား စာအိတ်အတွင်း ထည့်သွင်းကာ မဲပုံးထဲသို့ထည့်သွင်း ရမည်ဖြစ်ကြောင်း မဲပေး အပြီးပြန်လာသူ တစ်ဦးမှ ပြောပြပါသည်။
နံနက် (၉)နာရီမှ နေ့လည် (၁) နာရီ အတွင်း မဲလာရောက်ပေးသူ လူဦးရေ အယောက် (၅၀) ကျော်ခန့်ရှိ ကြောင်း သိရှိရပြီး၊ လာရောက်မဲပေးကြသူများ အများစုမှာမူ ကန့်ကွက်မဲများသာ ပေးခဲ့ကြောင်းကိုစင်ကာပူနိုင် ငံ ရှိ နိုင်ငံရေးတက်ကြွသူများ၏ ပြန်လည်ပြောပြချက်များအရသိရှိရပါသည်။
စင်ကာပူနိုင်ငံရှိ မဲရုံတွင် မဲပြားများအားလျှို့ဝှက်မဲပေးနိုင်ရန် မဲရုံအတွင်း အခန်း (၄) ခန်းရှိနှင့် မဲပုံး(၃) ပုံး စီစဉ် ထားကြောင်း သတင်းရရှိပါသည်။
စင်္ကာပူနိုင်ငံတွင် မဲပေးခွင့်ရှိသော မြန်မာလူမျိုးအများအပြားရှိနေသော်လည်း သံရုံးဝန်ထမ်းများ၏ ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုများကြောင့် ပြိုင်တူမဲပေးခွင့်မရှိသည့်အပေါ်မှ အစပြုကာ စစ်အစိုးရ တာဝန်ယူထားသည့် "လွတ်လပ် ၍ တရားမျှတသော" ရွေးကောက်ပွဲ အဖြစ်မှ (မ) လွတ်လပ် (မ) တရား (မ) မျှတသော ဆန္ဒခံယူပွဲ အဖြစ်သို့ ပြောင်းလွဲသွားနေကြောင်း ပြောဆိုသံများ ထွက်ရှိနေသည်ဟု သတင်းများ ရရှိပါသည်။
ဂျေမိုး
Saturday, April 26, 2008
စင်္ကာပူရဲ့ voting အစီအစဉ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment