“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 11, 2008

သူတို့ ကတော့ ရယ်ဒီဘဲ၊ ပြည်သူကို သတ်ဖို့ ။


တင်းမာနေသော လူထုကြီးမှ ပေါက်ကွဲအုံကြွလာနိုင်သော လူထုလှုပ်ရှားမှုများအား အကြမ်းဖက် နှိမ်နင်း နိုင်ရန်အတွက် ရန်ကုန်မြို့တွင် လုံခြုံရေး နှင့်ပတ်သက်၍ အလွန်တင်းကြပ်ထားပြီး လုံခြုံရေး တပ်သားများကို နေရာအနှံ့ ဖြန့်ကြက်တပ်ချထားမှု ရှိနေပါသည်။

အပြာရောင် ဆေးသုတ်ထားပြီး “ဆူးလေ” နာမည် တပ်ထားသော တရုတ်နိုင်ငံထုတ် ဒိုင်နာကားများကိုလည်း ရန်ကင်းမြို့နယ် ကန်ဘဲ့လမ်းရှိ ယခင် သတ္တုတွင်း ဝန်ကြီးဌာန ရုံးဟောင်းအတွင်း တွင် လုံခြုံရေး ရဲကားများနှင့် အတူ အဆင်သင့်ပြင်ဆင်ထားရှိနေပါသည်။

ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာ ရွှေတိဂုံဘုရား အပါအဝင် လမ်းဆုံ လမ်းခွ များတွင်လည်း လုံခြုံရေး ဝန်ထမ်း များ ပိုမို တင်းကျပ်စွာ ချထားပြီး ညသန်းခေါင်ယံ အချိန်များ၌ အချက်အချာကျသည့် လှည်းတန်းလမ်းဆုံ၊ မြေနီ ကုန်း၊ ရွှေဂုံတိုင်တို့ တွင် ရဲယူနီဖောင်းဝတ်များ၊ လုံထိမ်းရဲများ၊ ကြံ့ဖွံ့အဖွဲ့ဝင်များ၊ စွမ်းအားရှင်များက မီးသတ် ကားများနှင့် မည်သို့ မည်ပုံ လူထု လှုပ်ရှားမှုကို ဖြိုခွင်းရမည် ဖြစ်ကြောင်း ကွင်းဆင်း လေ့ကျင့်မှုများ ကို ပေါ်ပေါ်တင်တင်ပင်လေ့ကျင့်နေကြပါသည်။

ဤသည်ကို ထောက်ရှု၍ စစ်အာဏာရှင်သည် မည်သည့်နည်းနှင့်မဆို သူ၏ အာဏာတည်မြဲရေးအတွက် သာ အကြမ်းဖက် ဆက်လက် လုပ်ကိုင်တော့မည်ဖြစ်ကြောင်း။ လက်နက်မရှိသော လူထုကို မင်းတို့ ကို ငါ “ဒါဘဲထင်တယ်” ဟုပေါ်ပေါ်တင်တင် စစ်ကြေငြာနေခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။

သူတို့ ဘက်က ရန်ပြတ်ပါသည်။ လှုပ်တာနဲ့ သတ်ပစ်မည်ဖြစ်သည်။ ကျွန်တော်တို့ ဘက်က ဘာတွေ အဆင် သင့် ဖြစ်နေပါပြီနည်း ။ မိမိကိုယ်ကို ပြန် စဉ်းစားကြစေလိုပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */