“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, October 11, 2010

မရှိရင်လည်း ဖြစ်တယ်ဆိုတာ မမေ့နဲ့ ။ မေ့သွားရင် ( ငါ ) ၀င်တတ်တယ် ။

ကြီးပြင်းလာခဲ့တဲ့ သက်တန်းတလျှောက် ပြန်ပြီး သုံးသပ်ကြည့်မိတယ် ။အခု ( အမေ ) မရှိတော့ဘူး ။ အဖေတော့ ရှိသေးတယ် ။အမေ မရှိတဲ့ ဘ၀ဟာ ကျွန်တော့်အတွက် ရှင်သန်နိုင်ရဲ့လား ။ရှင်သန်ပါတယ် ။ အမေ မရှိတော့လည်း ကျွန်တော့်ဘ၀ ရှင်သန်နေနိုင်တာပဲ ။ဟုတ်ပါတယ် ။ အမေ ရှိစဉ်ကလည်း ဒီသားကို သူမရှိရင် ရှင်သန်နိုင်ခွင့်မရှိတော့ဘူးလို့ ၊တစ်ခါဘူးမျှ မပြောခဲ့ပါဘူး ။ သူမရှိလည်း ဒီသားဟာ သက်တန်းရှိသလောက် ရှင်သန်ခွင့်၊ရနေမဲ့ သားပါလို့ သူသိပါတယ် ။ ကျွန်တော်ကလည်း အမေသေလို့ မဖြစ်ဘူး ။

အမေသေရင် သားဘ၀ ဘယ်လိုဆက်ရှင်သန်ရပါ့မလဲရယ်လို့ တစ်ခါမှ မပြောခဲ့ဖူး ပါဘူး ။
ဒီသားအမိ တယောက်ကိုတယောက် ဓမ္မဓိဋ္ဌာန်ကျကျ နားလည်ခဲ့ကြတယ် ။ဒီဘ၀မှာ အမေရယ် သားရယ်လို့ ( ကြောင်းရှိလို့ ) တော်စပ်ခဲ့ရတာပဲ ။သံသရာတလျှောက်လုံး ဒီအမေ ၊ ဒီသား အမြဲ တော်စပ်ခွင့်မှမရနိုင်ပဲ ။သားအတွက်လည်း အမေတွေ အများကြီးရှိခဲ့သလို ၊ အမေ အတွက်လည်း တခြား
သားတွေ အများကြီးရှိနိုင်ခဲ့တာပဲ ။ တစ်ဘ၀ တခဏ အကြောင်းရှိတုန်းလေး ပါ ။ဒီအမေ ဒီသားရယ်လို့ ၊ ဒီဘ၀ ၊ ခဏ ကြုံကြရတာ ။ အချိန်တန်တော့ ခွဲရတာပဲလေ ။ငါ့အမေ ငါ့သားရယ်လို့ အမြဲမှ မဖြစ်နိုင်ပဲ ။ အကြောင်းတွေကုန်တော့ ခွဲရတာပဲလေ ။အမေသာ လူပြန်ဖြစ်နေမယ်ဆိုရင် ဘယ်မိဘရဲ့ သား ၊ သမီး ၊ သွားဖြစ်နေလေမလဲ ။ကျွန်တော့် အမေလည်း မဟုတ်တော့ဘူး ။ သူပြုခဲ့တဲ့ကံအတိုင်း ဆိုင်ရာ မိဘဆီမှာ ၊
သားသမီး သွားဖြစ်နေပြီ ။ သေခြာတာ သူဟာ အခု ကျွန်တော့အမေ မဟုတ်တော့ဘူး။

ကျွန်တော်ကလည်း သူ့သားမဟုတ်တော့ဘူး ။ သားဆိုတဲ့ ကျွန်တော် မရှိလို့မဖြစ်တဲ့
အမေ မဟုတ်တော့ဘူး ။ ဒီသားအနေနဲ့ကလည်း ဒီအမေမရှိလို့ မဖြစ်တဲ့ သား မဟုတ်တော့ဘူး ။ ဘ၀တွေ ဆက်ပြီး ဖြစ်တည်နေတာပါပဲ ။ ရှင်သန်မြဲပါပဲ ။ဒီလိုမျိုး အလားတူ ငယ်စဉ်တောင်ကျေး ကလေးဘ၀က စပြီး ယခု အသက် ငါးဆယ်ကျော်အရွယ်အထိ ၊ အကြောင်းရှိသလောက် ပေါင်းခဲ့ရပြီး အကြောင်းကုန်တော့ ခွဲခဲ့ရသူတွေ မမှတ်မိနိုင်အောင်ပါပဲ ။ ခွဲခွါခဲ့ရတဲ့သူတွေ မရှိကြတော့လည်း ကိုယ့်ရဲ့ ရှင်သန်ခွင့်ကတော့
ဘာမှ မပြောင်းလဲပါဘူး ။ မိမိကံ ရှိနေသလောက် ရှင်သန်နေတာပါပဲ ။ ဘယ်သူမရှိလို့ မဖြစ်ဘူး ဆိုတာမျိုး မရှိခဲ့ပါဘူး ။ ဒီလူတွေမရှိတဲ့နေရာတွေမှာ နောက်လူတွေအစားထိုး ပြီး ဘ၀ခရီးကတော့ ဆက်ခဲ့ရတာပါပဲ ။ ယခုရှိနေတဲ့သူတွေ မရှိခင်ကလည်း ဟိုအရင် လူတွေနဲ့ ရှင်သန်ခြင်းဆိုတာ ရှိခဲ့တာပဲ ။ ဟောအခု ဟိုအရင်လူတွေ မရှိတောတဲ့ အချိန်မှာ လဲ ယခုရှိနေတဲ့လူတွေနဲ့ ရှင်သန်နေတာပါပဲ ။ ဘယ်သူမရှိလို့ မဖြစ်ဘူးဆိုပြီး ဆွဲထားလို့မှ မရတာပဲ ။ ယခုရှိနေတဲ့သူတွေမရှိတော့ရင်ကော ၊
ေ နာက်အစားထိုးဝင်ရောက်လာမဲ့ သူတွေ နဲ့ သက်တန်းမကုန်မချင်း ဆက်ပြီး ရှင်သန်သွားမှာပဲ ။
ဒီနေရာမှာ ပြောချင်တာက ( အတိတ်က အကြောင်း )တရားကို အရင်းခံလို့ အကျိုး
တရားတွေအနေနဲ့ တွေ့ဆုံနေရတဲ့ အခိုက်လေးပါ ။ ချစ်လည်းကွဲ ၊ မုန်းလည်းကွဲ ။
ကွဲကွာရခြင်းကတော့ အမှန်တရားပါပဲ ။ အကြောင်းရှာပြီး ကွဲအောင်လုပ်နေဖို့
မလိုပါဘူး ။ ကွဲမှာကို ငြင်းဆန်လို့မှမရတာ ။
သေခြာတယ် ကွဲကိုကွဲမှာ ။
မကွဲခင်အခိုက်လေးဆိုတာ ဆက်ဆံပေါင်းသင်းနေချိန်လေးမှာ သတိနဲ့ သိနေဖို့လိုတယ် ။
အစဉ်အမြဲမရှိတဲ့ ခဏငယ် လေးမှာ ဆက်ဆံပေါင်းသင်းနေရတာပါလို့ သတိမရှိရင်တော့
ဘာဖြစ်နိုင်မယ်ထင်သလဲ ။ အမြဲရှိနေမယ်ထင်တဲ့ ဒိဋ္ဌိနဲ့ ပြိုင်ချင် နိုင်ချင်
ဆိုင်ချင် ။
အဲဒါတွေဖြစ်လာတယ် ။ မပြိုင်လည်း ကွဲမှာပဲ ။ မဆိုင်ရလည်း ကွဲမှာပဲ ။ မနိုင်ရလည်း
ကွဲမှာပဲ ။ ခဏပဲရှိပြီး နောက်မရှိတော့မဲ့သူကို (ပြိုင် ၊ ဆိုင် ၊ နိုင်)
ဆိုတာတွေလုပ်နေတာ
ဘာအဓိပ္ပါယ်ရှိသလဲ ။ သနားစရာ အရူးလိုပဲ ။ ဒါကိုပဲ ပုထုဇဉ်တွေကို အရူးတွေ လို့ ဘုရား
က ဟောခဲ့တာ ။ သတိမရှိတဲ့ ဗာလာနံ တွေ ၊ ပုထုဇဉ် တွေဟာ အရူးတွေပဲ ။
အနိစ္စဆိုတဲ့ မမြဲခြင်းဟာ အချိန်တိုင်း ခွဲနေတယ် ။ ခွဲချင်ချင် မခွဲချင်ချင် သူကတော့
မမြဲခြင်းသစ္စာနဲ့ ခွဲခြင်းကို ဖြစ်စေမှာပဲ ။ ပေါင်းသင်းဆက်ဆံတဲ့အချိန်အခိုက်လေးကို
မြဲတယ်လို့ ထင်တဲ့ ဒိဋ္ဌိကြောင့် ၊ ပိုင်ချင်တဲ့ တဏှာ ပေါ်လာတယ် ။ အဲဒီတော့ ငါ ဆိုတဲ့
ငါ ရှိတယ်လို့ယူတဲ့အယူက ၊ ( ငါ့ ဘာထင်တုန်း ) ဆိုတဲ့ မာန် မာန ဖြစ်လာတာပဲ ။
ငါ့ကိုယ်ငါရှိတယ်ထင်တယ် ။ ငါသာလျှင် အကြီးဆုံးထင်တယ် ။ ငါကလွှဲ ရင် ဖွဲနဲ့ဆန်ကွဲ
လို့ထင်တယ် ။ အဲဒီစိတ်တွေဟာ အမုန်းတရားတွေကို ကြီးထွားလာစေတယ် ။
ယခုပေါင်းနေသူတွေဟာ ( မမုန်းရင်လဲ ) ( ကွဲမှာပါပဲ )
မြဲတယ်ထင်မနေပါနဲ့ ။ ကိုယ်ကမခွဲလည်း ( အနိစ္စတရားက ခွဲမှာပါပဲ )
သေခြာတွေး ။ တွေ့ဆုံခွင့်ဟာ အတိတ်ကပြုတဲ့ကံတွေတူခဲ့လို့ ၊ တောင်းဆုတွေပြုခဲ့လို့။
ဒါကိုမသိတော့ ဆုံတွေ့ခွင့်ကို တန်ဘိုးမဲ့ ၊ တဏှာ ၊ မာန ၊ ဒိဋ္ဌိ နဲ့
ဖျက်ဆီးလိုက်တယ် ။
ခွဲခွါခြင်းမှာ ( အမုန်းတွေ ၊ မာနတွေ )နဲ့ ခွဲခွါစေတယ် ။
သနားစရာ ပုထုဇဉ်လူသားပဲ ။
ငါ ဆိုတဲ့ ငါ ၀င်သွားတာနဲ့ပဲ ။ သူ့ဟာသူ အချိန်တန်ကွဲမဲ့သူတွေကို ( အမုန်း )နဲ့
ငါ က ကွဲကွာစေတယ်လေ ။
ခွဲရမှာသေခြာနေတဲ့သူတွေ ဘာမှမလုပ်လည်း ကွဲမှာပဲ ။
မုန်ပြီး မကွဲစေနဲ့ ။ သိပ်ပြီး သနားစရာ ဆုံးရှုံးမှုပဲ ။
ငါမရှိရင် သူမဖြစ်ဘူးလို့မထင်နဲ့ ။ ငါဆိုတာ သူ့ဘ၀မှာ မရှိခင်ကလည်း သူဆိုတဲ့လူရဲ့
ရှင်သန်ခြင်းက အရင်ကထည်းက ရှိခဲ့တာပဲ ။ ယခု ငါနဲ့ ပေါင်းသင်း ဆက်ဆံနေတဲ့ အခိုက်
မရှိတော့ရင်လည်း ၊ ငါမပါတော့တဲ့ သူ့ဘ၀မှာ သူ့ကံနဲ့သူ ဆက်ပြီးရှင်သန်နေမှာပဲဆိုတာ
(မမေ့နဲ့)
ငါ့ကြောင့် သူ့ဘ၀ဖြစ်နေတာမဟုတ်ဘူး ။ ငါမပါလို့လည်း သူ့ဘ၀ဟာ အားလုံးဖြစ်နေမှာပဲ ။
အဲဒါကိုသိနေလိုက်ရင် ။ ခွဲခွါခြင်းတွေဟာ အကြောင်းကုန်လို့ ကွဲတာပဲဖြစ်မယ်။
ပစ္စုပ္ပန် ( ငါ ) ပြုတဲ့ ( ပြိုင်ချင် ၊ ဆိုင်ချင် ၊ နိုင်ချင် )တဲ့ ပယောဂ
ကြောင့် ကွဲတဲ့ အကုသိုလ်
( မုန်းကွဲ )တွေ မဖြစ်တော့ဘူးပေါ့ ။
မမေ့ပါနဲ့ ( မရှိရင်လည်းဖြစ်ပါတယ် ) အရာအားလုံးဟာ သဘာဝတရားအတိုင်း
အဟောင်းပျက်ရင် အသစ်ဆက်ပြီးသွားနေတာပါ ။
(ငါမရှိရင်လည်း အားလုံးဟာ ဖြစ်ပါတယ် )



မေတ္တာဖြင့် ………..(အ.ဘ.ယ)Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */