“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, October 29, 2010

၁ သောင်းပြန်အမ်းပြီးတွင်းထဲ ခုံချတာ ကောင်းဦးမယ်

မဲတစ်ပြား ငွေ ၁ သောင်းပေးမည်ဟု ကြံ့ဖွံ့ပါတီ စည်းရုံး Friday, 29 October 2010 17:46 သျှမ်းသံတော်ဆင့်
ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီအား မဲထည့်ပါက ငွေကျပ်တစ်သောင်း ပေးမည်ဆို ကာ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကြံ့ဖွံ့ပါတီက ပြောဆိုစည်းရုံးနေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ယခုလ ၂၅ ရက်နေ့က ကြံ့ဖွံ့ပါတီ၏ နမ့်ခမ်းမြို့နယ် မန့်မြန်၊ ဟန်ကမ်း၊ ဟင်လုံကျေးရွာအုပ်စု မဲဆွယ် စည်းရုံးရေး ခရီးတွင် ထိုသို့ ပြောဆိုခဲ့ကြောင်း သိရသည်။

“အရင်အမျိုးသားညီလာခံတက်ခဲ့တဲ့ ဦးစိုင်းရီမွန်ဆိုတာ ကြံ့ခိုင်ရေးပါတီကနေပြီး ဒီလ ၂၅ ရက်နေ့က စည်းရုံးရေးလာလုပ် တယ် စည်းရုံးရေးမှူးပေါ့ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် တစ်ယောက် ငွေတစ်သောင်းစီပေးမယ် ဆိုပြီးစည်းရုံးတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဟင်လုံအုပ်စုအတွင်းရှိ တောင်ပေါ်ရွာများဖြစ်သော မော့တောင်းနှင့် ပန်ကူရွာများတွင် ဦးစိုင်းရီမွန်က မဲတစ်ပြား ကျပ် ၃၀၀၀ ပေးမည် ဟု ပြောဆို စည်းရုံးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် ၀င်ပြိုင်မည့် ကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်း ပန်းဆေးကျော်မြင့်က ကွန်ဟိုင်းရွာ၌ ယမန်နေ့က စည်းရုံးဆင်းရာ တက်ရောက်သူများအား ကျပ်ငွေ ၂၀၀၀ စီပေးခဲ့ကြောင်း သိရသည်။

“မနေ့က ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ကျော်မြင့် ကွန်ဟိုင်းရွာမှာ စည်းရုံးရေးဆင်းတာ လူအယောက် ၇၀ လောက်တက် တယ် တစ်ယောက်ကို ၂၀၀၀ စီပေးတယ် ရွာကိုကျတော့ ငွေ ၂ သိန်းလှူသွားတယ်” ဟု နောက်ထပ်ဒေသခံ တစ်ဦးက ပြော သည်။

ရွေးကောက်ပွဲတွင် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် ကြံ့ဖွံ့ပါတီ အပါအ၀င် သျှမ်းကျားဖြူပါတီ၊ ပလောင်ပါတီ၊ တစညပါတီ စသည့် ၄ ခု ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */