“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, October 21, 2010

မျိုးဆက်သစ် နဲ့ မျိုးဆက်ဟောင်း တိုက်ပွဲ

တင်ကျော်ကျော်စိုး

           ဆယ်ကျော်သက် လူငယ်တွေ ဟာနအဖ စစ်အစိုးရ ဖြစ်စေချင်တဲ့ ပုံစံကနေ လုံးဝခွဲထွက်သွားပြီလို့ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အနောက်တိုင်း သတင်းထောက် တစ်ဦးက Myanmar I Report ကို ပြောပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ငါးနှစ် က တစ်ခါရောက်တယ်။ ဒါနဲ့ ဆို တတိယ အကြိမ်မြောက် ပေါ့။ ဆယ်ကျော်သက် တွေ နဲ့ ကျွန်တော် စကားပြောပြီး သွားပြီ၊ အင်တာနက် ကဖေး တွေ သွားတယ်။ လူငယ် တစ်ချို့ ရဲ့ မြေအောက် ကပွဲ တွေ ကို ရောက်တယ်။ 


     ကျွန်တော်တွေ့ ရတာ က ဆယ်ကျော်သက် တွေ က ပိုပြီ ရဲရင့်လာကြတယ်။ သူ တို့ မှာ တူညီတဲ့ ထူးခြား ချက်ကတော့ သူတို့ အရင် မျိုးဆက် တွေ ကို မယုံတော့ဘူး။ ဒီမျိုးဆက်တွေက အာပလာတွေပဲလို့ သူတို့ထင်ကြတယ်။ တစ်ဦးတစ်ယောက်ကို ယုံကြည်ကောင်းယုံမယ် ဥပမာ...ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့ ရက်ပါ တစ်ဦးက ကိုမင်းကိုနိုင် ကိုတော့ ယုံတယ်။ ဒါပေမယ့် ရှေ့က မျိုးဆက်တစ်ခု လုံးကို တော့ ကျွန်တော် အပြည့်မယုံနိုင်ဘူး လို့ ပြောပါတယ်။

       မြန်မာ နိုင်ငံမှာ ရောက်ရှိ နေ တဲ့ သတင်းထောက် ပြောသွား သလိုပဲ ရန်ကုန် မြို့ မှာ မျိုးဆက်ကွာဟ မှု အကြီးအကျယ် ဖြစ်နေပြီ ၊ လူငယ်တွေ နဲ့  လူကြီး တွေ ကြားမှာ The Clash of Generation တောင်ဖြစ် နိုင်တယ် လို့ ပြောသူကတော့ ရန်ကုန် မြို့ က အခမဲ့ အင်္ဂလိပ်စာ သင်တန်းတွေ မှာ ကနေဒါ နိုင်ငံက နေ လာပြီး ပညာဒါ န လုပ်ပေးတဲ့ ဆရာ ဒေးဗစ် ဖြစ်ပါတယ်။

"ကျွန်တော် စာသင်ပေးနေတာ လေးနှစ် ရှိသွားပြီး ၂၀၀၆ ကနေ စသင်ပေးတာ ၊အခု သင်တန်း တက်နေ့  တဲ့ ကလေးတွေ က ဆယ်တန်း အောင်ပြီး ၁၇ ၊၁၈ ပေါ့ ၊သူတို့တွေမှာ ပြီးပြည့် စုံသလောက် မဟုတ်တာတောင် ချီးကျူးရမယ့် ကိုယ်ပိုင် အတွေးအခေါ် ရှိနေပြီ၊ အရင် တုန်းက လို ပါးစပ် အဟောင်းသား မျက် လုံး အပြူးသား နဲ့  နားထောင်မယ့် လူတန်းစား မျိုး မဟုတ် တော့ ဘူး၊ သူတို့ ကို မဟုတ်တာ သွားပြော လို့ကလည်း မယုံဘူး၊ မနေ့က သင်တန်း မှာ မြန်မာ့ ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် မင်းတို့ အမြင် ဆိုပြီး အဆိုင်းမန့် ပေး လိုက်တာ သူ တို့ ရဲ့  သဘောထား တွေ ကို ရေးလာကြတာ အတော် လေးအားရ ဖို့ ကောင်းတယ်။ အရင်က ဆို ဒေါ်စု ကောင်းတယ်၊ အနစ်နာ ခံတယ်၊ ကိုယ်ကျိုးစွန့်  တယ် ပေါ့….အခု ဒီလို မဟုတ် တော့ ဘူး သူတို့ အမြင်ကပိုပြီး ထက်သန် လာတယ်.. လိုရင်း ကို တိုက်ရိုက် မြင်နိုင်တယ် "ဟု ဆရာဒေးဗစ်က Myanmar I Report သို့ ပြောပါတယ်။

     ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း တွင် လည်း လူငယ်များ က ပြည်တွင်း နိုင်ငံရေး လှုပ်ရှားမှု များတွင် ဦးဆောင်လာသလို ထိုလှုပ်ရှားမှု များကို ပြည်ပရောက် နိုင်ငံရေးနှင့် မသက် ဆိုင်သည့် လူငယ်များ က ၎င်းတို့ လုပ်ခ လစာ စုဆောင်းကာ ပြန်လည် ထောက်ပံ့မှု များ ပြုလာကြပါတယ်။
အထူးသဖြင့် မြို့ ပြနေ မျိုးဆက်သစ် များ နဲ့  မျိုးဆက်ဟောင်းများမှာ ပိုမိုပြင်းထန် တဲ့ ပဋိပက္ခ ဖြစ်လာကြပြီး နောက်မျိုးဆက် တွေ ဖြစ်တဲ့ အခု ဆယ်ကျော်သက် အရွယ် မျိုးဆက် တွေ ကတော့ သူတို့ ရှေ့ က မျိုးဆက် တွေ နဲ့  လုံးဝ ဆန့် ကျင် တဲ့ လမ်းကြောင်းတစ် ခု ကို ဦးတည် နေပြီဖြစ်ပါတယ်။

         မျိုးဆက် ကွာဟ မှု ကြောင့် သဘောထား တွေ၊အမြင်တွေ၊ကွာ ဟ လာတာ နဲ့  ပတ်သက်ပြီး ရန်ကုန် မြို့ က နာမည်ကျော် စာရေးဆရာမ တစ်ဦးကတော့ မျိုးဆက် သစ်တွေ က "ကျွန်မ တို့ မျိုးဆက် တွေ ကို အထင် ကိုမကြီးတော့ တာ၊ သူတို့ က နိုင်ငံတကာကို လှမ်းပြီး ကြည့်တယ်လေ ဘာဖြစ်လို့ ငါတို့ နိုင်ငံဆင်းရဲ တာလဲ တွေးကြည့်ကြတယ်၊ အရင်တုန်းကလို စစ်အစိုးရကို အပြစ်ပုံမချတော့ဘူး၊ သူတို့က စစ်အစိုးရကို လည်း ကြိုက်ဘူး ၊ ငါတို့  ဒီလို အောက်ကျနောက်ကျ ဖြစ်နေတာ ငါတို့ ရှေ့ က မျိုးဆက် မကောင်း လို့  ကြောင့်လဲဖြစ်တယ်လို့ သူတို့က သုံးသပ်ကြတယ်။ သူတို့တွေက သူ တို့ ရှေ့ က မျိုးဆက်တွေ နဲ့ ပတ်သက်ပြီး အရမ်းခံစားမှု ရှိကြတယ် " လို့  စာရေးဆရာမက ဆိုပါတယ်။ ဒီခေတ်က ဒါငါတို့ အပြစ်မဟုတ်ဘူး သူတို့ အပြစ် ဆိုပြီး ကိုယ်လွတ် ရုံး လို့ မရတော့ ဘူးလေ ဟု ပြောသည်။မျိုးဆက်သစ်များ မှာမျိုးဆက် ဟောင်းများ နှင့် သဘောထား၊ အမြင်၊ တွေးခေါ်ပုံသာမက ၊နေထိုင်မှုစတိုင်(လ်)၊ ဖက်ရှင်၊ ဂီက စသည်တို့တွင်ပါ ကွာခြားမှု ရှိလာကြသည်ဟု အေပီ သတင်းတွင် လည်း ဖော်ပြထားသည်။
 
         မျိုးဆက်သစ်များ က ၎င်း တို့ ရှေ့က မျိုးဆက် ဟောင်းများ နှင့် ပတ်သက်သမျှ ကို အားလုံးငြင်းပယ် လိုက်ပြီ ဖြစ်ကြောင်း ၊ဒီမိုကရေစီ နိုင်ငံ ဖြစ်ဖို့ အတွက် အတွေးအခေါ်ဟောင်းများ အုပ်စိုးမှု ကို လုံးဝစွန့်ပယ်  ရမည်ဖြစ်ကြောင်းနှင့် မျိုးဆက်တိုက်ပွဲများသည် ဒီမိုကရေစီ ပန်းတိုင်မီးကို ထွန်းညှိနိုင်ခဲ့သည့် နိုင်ငံတိုင်း တွင်အရေး ပါသည့် ဖြစ်စဉ်တစ်ခု  ဖြစ်ကြောင်း ပြင်သစ် ဖြစ်တည်မှု ၀ါဒဒဿနများကို မြန်မာစာဖတ် ပရိသတ်များ နှင့် မိတ်ဆက်ပေးသူတစ် ဦးက Myanmar I Report သို့ ပြောသည်။
    
        နာမည်ကျော် ဆရာဝန် စာရေးဆရာ တစ်ဦးကလည်း မျိုးဆက်သစ်များနဲ့ ပတ်သက်တဲ့ သူ့အမြင်ကို ပြောကြားရာမှာ အခု မျိုးဆက်က နအဖရဲ့စာတွေ အာဂုံဆောင်ပြီး ကြီးလာတာမဟုတ်တော့ ဘူး Web
3.0 လှိုင်း (Face BooK,You Tube နှင့် Blog များကို ဆိုလိုခြင်းဖြစ်သည်) ကို စီးလာကြတဲ့ သူတွေ ဟု
ဆိုသည်။

Freedom News Groupမှ ကူးယူဖော်ပြသည်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */