“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 23, 2010

ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး

မဇ္ဈိမသတင်းဌာန | စနေနေ့၊ အောက်တိုဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ မနေ့က တိုက်ခတ်သော ဂီရိ ဆိုင်ကလုန်းလမ်းကြောင်းတွင် အပျက်အစီးအများဆုံးမှာ မြေပုံ၊ကျောက်ဖြူနှင့်မင်းပြားတို့ဖြစ်ပြီး စစ်တွေ၊အမ်း၊ပေါက်တော၊မာန်အောင်တို့တွင်လည်း လေပြင်းတိုက်ခဲ့ကြောင်းသိရသည်။

“မြေပုံကတော့အများဆုံးပျက်စီးတယ်လို့သတင်းရထားပါတယ်၊ဒီကအသင်းတွေကိုလဲ ကယ်ဆယ်ရေးမှာပါကြဖို့ နှိုးဆော်နေပါတယ်၊အသင်းကလူတွေ ရခိုင်ကို ဆင်းကြမှာပါ၊ ခုတော့ ကားလမ်းတွေပိတ်ထားတယ်၊ သီတင်းကျွတ်နဲ့လဲတိုက်နေလို့ ကားတွေမထွက်တာ၊ကားထွက်ရင် ချက်ချင်းသွားမယ်၊သွားမယ့်ဒေသတွေကို ခွဲတမ်းချနေတယ်” ဟု ရန်ကုန်ရှိရခိုင်သဟာယအသင်းအတွင်းရေးမှူး ဦးထွန်းနိုင်က ပြောသည်။

“ကျောက်ဖြူမှာ ရေတက်တာ လူအရပ်မြုပ်တယ်၊ အပင်တွေအားလုံးကျိုးတယ်၊ ဓာတ်တိုင်တွေလဲမရှိတော့ဘူး၊ မီးကတော့ တစ်လ လောက်ကြာမယ်၊ အခုတော့ကြက်ခြေနီတွေ လမ်းပေါ်မှာသွားနေကြတာ တွေ့တယ်၊ဘာမှတော့လုပ်တာမတွေ့ဘူး” ဟု ကျောက်ဖြူမြို့ခံတဦးကပြောသည်။

ကျောက်ဖြူတွင်ရပ်ကွက် ၁၀ ခု ရှိပြီး အိမ်ခြေ ၃,၀၀၀ ကျော်ရှိရာ အားလုံးနီးပါးပျက်စီးသွားကြောင်းလည်း သူကဆိုသည်။

“အသေအပျောက်တော့ကျွန်တော်မကြားသေးဘူး၊မြို့ကိုကာထားတဲ့ ဆည်ကတော့ အားလုံး ကျိုးပြီးပျောက်သွားတယ်၊ဘာမှမကျန်တော့ဘူး၊ပျက်တာကတော့မပြောတတ်အောင်ပဲ၊အဲဒီလောက် ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး”ဟု ကျောက်ဖြူစေတီတောင်ရပ်ကွက်သားတဦးကပြောသည်။

ကျောက်ဖြူရှိအုန်းခြံ၊ကွမ်းသီးခြံများ၊ဆားကွင်းများအားလုံးပျက်စီးသွားကြောင်းလည်း သိရသည်။အခြားမြို့များပျက်စီးမှုကိုမသိ ရသေး။

လေဘေးသင့် မြို့ရွာပြည်သူများအတွက် ရန်ကုန် တာမွေ သမိန်ဗရမ်းလမ်း သဟာယအသင်းတွင် လေဘေးကယ်ဆယ်ရေးစခန်း ယနေ့ ဖွင့်လှစ်ထားပြီးလေဘေးရန်ပုံငွေ ကျပ်သိန်း ၁၀၀ ခန့်ရနေသည်။

မနက်ဖြန် အောက်တိုဘာ ၂၄ တွင် ရွှေတိဂုံဘုရားအရှေ့မုခ် ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ရန်ကုန်ရှိ ရခိုင်လူမှုရေးအသင်းအဖွဲ့များကိုဖိတ်ကာ လေဘေးကယ်ဆယ်ရေးအတွက် ဆွေးနွေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တွင်ရခိုင်လူမှုရေးအသင်းအဖွဲ့ပေါင်း ၇၀ ကျော်ရှိသည်။

ရန်ကုန် မြို့နယ်အလိုက် ရယက ၊ မယကတို့ မနေ့မနက်ကပင် ရခိုင်လေဘေးအတွက် အသံချဲ့စက်များဖြင့် အလှူခံနေကြောင်း မြို့ခံများကပြောသည်။

မယက မှ မြို့နယ်အလိုက်ကုမ္ပဏီများထံ ရခိုင်လေဘေးအတွက်ဟု အလှူကြိုကောက်ထားကြောင်း၊ ပစ္စည်းများကို လေယာဉ်ဖြင့်ပို့ပေးမည်ဟု ကျောက်တံတား မယကရုံးတာဝန်ရှိသူကပြောသည်။

ဆိုင်ကလုန်းသည် ကျောက်ဖြူမြို့အနီး ဝင်ရောက်ခဲ့ပြီး မုန်တိုင်း ဗဟိုချက်တွင် ရေပြင်မြေပြင်လေသည် တနာရီလျှင် မိုင် ၁ဝဝ မှ ၁၂ဝ အတွင်း တိုက်ခဲ့ကြောင်း မြန်မာပြည် မိုးဇလထုတ်ပြန်ချက်တွင် ပါရှိသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */