“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 23, 2010

သဘာဝဘေးတွေ့ လို့ ကတော့ အာဏာပိုင်တွေ မျှော်ဖို့  စိတ်လေးတောင် မကူးလိုက်နဲ့ 

ရေလွှမ်းပျက်စီးခဲ့သော ကျွန်းချောင်းဈေး မပြင်ဆင်သေး
ဇာနည်မာန် Saturday, October 23, 2010
မိုးများ၍ တောင်ကျရေ စီးဝင်မှုကြောင့် ရေမြုပ်ပျက်စီးခဲ့သော မကွေးတိုင်း ပခုက္ကူခရိုင်၊ ကျွန်းချောင်းရှိ ဈေးဆိုင်ခန်းများကို ဒေသခံ အာဏာပိုင်များက ယနေ့အထိ လာရောက် ပြင်ဆင်ပေးခြင်း မပြုသေးကြောင်း သတင်းရရှိသည်။

“အရင် ဓာတ်မြေသြဇာ စက်ရုံလည်နေတုန်းကတော့ စက်ရုံဈေး။ အခု စက်ရုံက မလည်တော့ဘူးဆိုတော့ စည်ပင်ဈေး ဖြစ်သွားပြီ။ ဒါကို စည်ပင်ရော၊ အာဏာပိုင်ရော အခုထိ ဘယ်သူမှ လာမကြည့်ဘူး။ လာလည်း မပြင်ပေးတော့ ဈေးသည်တွေက ဘယ်လိုလုပ်ရမလဲ” ဟု ကျွန်းချောင်းဈေးမှ ဆိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့ နံနက်က မိုးများစွာ ရွာသွန်းမှုကြောင့် ဈေးရှိရာနေရာတွင် တောင်ကျရေ ၅ ပေကျော်သည် အထိ ၀င်ရောက်ခဲ့ပြီး ဆိုင်ခန်း ၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးမှုတန်ဖိုး ကျပ်သိန်း ၁၀၀၀ ၀န်းကျင် ရှိကြောင်း၊ ယခုအဖြစ်မျိုး တခါမှ မကြုံဘူးကြောင်း သူက ဆိုသည်။

ဆက်လက်၍ ၎င်းက “ကြံခင်း-မုံရွာ ရထားလမ်းဖောက်တော့ လမ်းဖို့၊ ဘောင်တွေလုပ်နဲ့ ရေလမ်းကြောင်းတွေက ကျွန်းချောင်း ဈေးဘက်ကို ရောက်လာတယ်။ ရေလွှဲလမ်းကြောင်း သေချာမလုပ်၊ မြို့ကလည်း တောင်စောင်းမှာဆိုတော့ အရင် မိုးရွာတုန်းက ဘာမှသိပ်မဖြစ်ပေမယ့် အခု မိုးကြီးတော့ ဖြစ်လာပြီလေ” ဟု ပြောသည်။

တောင်ကျရေ စီးဆင်းမှုကြောင့် ကျွန်းချောင်းအနီးရှိ မျိုးစုရွာမှ နေအိမ် ၃ အိမ်လည်း ရေတွင် မျောပါပျက်စီးခဲ့ကြောင်း၊ သို့ရာတွင် လူ အသေအပျောက် မရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

တပတ်ကျော်ကြာမြင့်လာသည်အထိ သက်ဆိုင်ရာက အပျက်အစီးများကို လာရောက်ပြုပြင်ခြင်း မရှိသေးသည့်အတွက် ပြုပြင်ဆောင်ရွက်ပေးရန်နှင့် ယခုကဲ့သို့ ပျက်စီးမှုမျိုး နောင်တွင် မဖြစ်စေရေးအတွက် ရေစီးဆင်းမှုကို ပြုပြင်ပေး စေလိုကြောင်း ကျွန်းချောင်း ဈေးသူဈေးသားများက ဆိုသည်။

ပခုက္ကူမြို့မှ အနောက်တောင်ဘက် ၂၇ မိုင်အကွာ၊ ဧရာဝတီမြစ် အနောက်ဘက် ကမ်းနဖူးရှိ ကျွန်းချောင်း ဒေသသည် ယခင် ဓာတ်မြေသြဇာ စက်ရုံ လည်ပတ်စဉ်က စည်ကားသော အရပ်ဖြစ်ခဲ့ပြီး ယခုမူ လျှပ်စစ် ဓာတ်အားပေးစက်ရုံတခုသာ လည်ပတ်လျက်ရှိသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */