အမေရိကန် ဖျော်ဖြေပွဲတွေမှာ ဆန္ဒပြခံရတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သဘောထား
http://www.irrawaddyblog.com/2010/10/blog-post_343.html
Ovation တေးဂီတအဖွဲ့နဲ့ အတူ အမေရိကန်ကို ဖျော်ဖြေရေးခရီး ထွက်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်း မြန်မာပြည်ကို အောက်တိုဘာလ ၁၃ ရက်နေ့က ပြန်ရောက်လာပါပြီ။
ဖျော်ဖြေရေးခရီးစဉ်အတွင်း သူမကို မလိုလားသောအဖွဲ့အစည်းများက ဆန္ဒပြတာတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းက ဒီလို ပြောပါတယ်။
“ကျမကို ဆန္ဒပြတာ ဟုတ်ပါတယ်။ အဓိကကတော့ နိုင်ငံတော်ကားတွေမှာ ပါဝင်တဲ့အတွက် ဆန္ဒပြကြတာပါ။
ဝိုင်းစုအနေနဲ့ကတော့ အနုပညာရှင်ဖြစ်တာလည်း ပါတယ်။ ပြီးတော့ နိုင်ငံတော်က ခိုင်းတဲ့ဟာတွေမှာ လုပ်ပေးရတာရှိတယ်။ ၀ိုင်းစုပါဝင်ခဲ့တဲ့ အာရုံဦးမှာ ဖူးသည့်ကြာ ဇာတ်ကားကိုလည်း ရုပ်ရှင်အစည်းအရုံးက ကူညီပါဆိုလို့ ၀ိုင်းစု ကူညီလိုက်တာပါ။
မြန်မာပြည်က အနုပညာရှင် တော်တော်များများ နိုင်ငံတော်နဲ့ မကင်းပါဘူး။ ခိုင်းရင် လုပ်ပေးရတာချည်းပါပဲ။ အခု ၀ိုင်းစု သွားခဲ့တဲ့ ပွဲစဉ်တောက်လျှောက် ဆန္ဒပြတာတွေတော့ ရှိတယ်။ ၀ိုင်းစုကို စင်ပေါ်မတက်ရဘူးလို့ ပြောကြတာတွေက တကယ်တော့ မဟုတ်ပါဘူး။ ပွဲတိုင်း ဖျော်ဖြေရပါတယ်။ ဆန္ဒပြသူတွေကလည်း ရိုင်းရိုင်းစိုင်းစိုင်း မဟုတ်ပါဘူး။ သူတို့အလုပ် သူတို့လုပ်တာပါ။
ပြီးတော့ သူတို့လည်း ၀ိုင်းစုတို့ပွဲကို လာကြည့်တာပါပဲ။ ၀ိုင်းစုကတော့ ဒီခရီးစဉ်မှာ ကိုယ့်အနုပညာနဲ့ပဲ အမြတ်ထုတ်ခဲ့ပါ တယ်။ ကျန်တဲ့ကိစ္စတွေ တော့ မပြောလိုတော့ပါဘူး”
ရွေမိုးညို
(သူပြောတဲ့ နိုင်ငံတော်ကတော့ ကိုယ့်ဖာသာ အဓိပ္ပာယ် ဖွင့်ကြပါကုန်)
မုးလို့ ပြောတာပါဆိုတဲ့ အရက်သမား ရဲ့ ဆင်ခြေလိုပါဘဲ...
မူးလို့  ချီးစားတဲ့ အရက်သမားတော့ မရှိသေးပါ...
အ၀ှါ ပြမှ..ရမဲ့အနုပညာ..ဘာအနုပညာပါလည်း...
ကိုဇာကနာနဲ့ ကိုကျော်သူခင်ဗျား..
အောက်တန်းစား အနုပညာသမားတွေ စင်ပေါ်တက်..အာဏာရှင်ကို ယက်...ဟုတ်လှပြီ...သွားဖြဲပြနေမှ..စစ်မှန်သော အနုပညာသမားများ၏ ဂုဏ်သိက္ခာ လေးစားပါသည် ခင်ဗျား
Monday, October 18, 2010
ဲပြူးနေသော ငပြဲ နှင့် ပြဲနေသော ငပြူး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment