“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 16, 2010

၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကာတွန်းကမ်ပိန်း

ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသား၊လူငယ်များ အင်အားစု မှ ယနေ့ညဦးပိုင်း ၆း၀၀နာရီခန့် တွင်ရန်ကုန် တောင်ပိုင်းခရိုင်အတွင်းရှိ ကျေးရွာများတွင် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။.




















ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား ဆောင်ရွက်နေသော ကျောင်းသား၊ လူငယ်များကယနေ့ ( ၁၄.၁၀.၂၀၁၀) ည ၆း၀၀ နာရီခန့်တွင်ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ့ ကျေးရွာများဖြစ်သော ဘုရားကုန်း၊ ကညင်ပင်၊ ကွမ်းခြံကုန်း၊ လက်ယက်စမ်း၊ ထမလုံ ၊ အောင်ချမ်းသာ ၊ အေးသာယာ ၊ အေးမေတ္တာ ၊ ရုံးသပြေကန် ၊ မင်းဂလွန်း စသောကျေးရွာများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ရုပ်ပြောင်ကာတွန်းများကို ဖြန်ဝေခဲ့ကြကြောင်း သိရသည်။
အတက်ပါ လှုပ်ရှားဆောင်ရွက်မှုကမ်ပိန်းတွင် ဦးဆောင်ပါဝင်ခဲ့သောလူငယ် ကိုရန်နိုင်ကပြောပြရာတွင်“ ကျနော်တို့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကန်ပိန်းအမျိုးမျိုးကို ရန်ကုန်တိုင်းအတွင်း မြို့နယ် တော်တော်များများမှာ ပုံစံအမျိုးမျိုးနဲ့လုပ်ခဲပြီးပြီလေ၊ ဒါပေမဲ့ ကျေးလက်နေပြည်သူတွေကို ပြစ်မှတ်ထားပြီး ဆောင်ရွက်တဲ့လှုပ်ရှားမှုမျိုးက မလုပ်ရသေးဘူးဗျ၊ ကျနော်တို့ကျေးရွာတွေကရွာသူရွာသားတွေကို၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ပညာပေးဆောင်ရွက်မှုတွေ လုပ်ကြည့်ပါသေးတယ်။ သူတို့ အနေနဲ့က စားဝတ်နေရေး ခက်ခဲနေတာကတစ်ကြောင်း ၊လယ်ယာလုပ်ငန်းခွင်မှာဘဲတစ်နေ့လုံးအချိန်ကုန်နေရတာက တစ်ကြောင်း ကျနော်တို့ရဲ့  ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်ရေး မဲမထည့်ရေး ရှင်းလင်းပညာပေး ပြေားကြားမှု တွေကိုစိတ်သိပ်မ၀င်စားကြဘူးဗျ။ ထိရောက်မှုကထင်သလောက် မရခဲ့ဘူးလေ၊ ဒါကြောင့်အခုလိုသူတို့စိတ်ဝင်စားမဲ့ ကာတွန်းဟန်လေးရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး ရုပ်ပြောင်ကာတွန်းတွေကို ကျေးလက်ပြည်သူတွေကိုပြစ်မှတ်ထားပြီး ဖြန့်ဝေခဲ့တာပါ၊ ကျနော်တို့အနေနဲ့ လူငယ်၊ ကျောင်းသားတွေလူစုခွဲပြီး ကျေးရွာတွေမှာရှိနေတဲ့ (NLD)ရပ်/ကျေး စည်းအဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ ဒီကမ်ပိန်းကို ဆောင်ရွက်ခဲ့တာပါ၊ ရွာထိပ်ဓါတ်မီးတိုင်တွေ သောက်ရေအိုးစင်တွေ ဇရပ်တွေမှာ လိုက်ကပ်တယ်၊ ရွာတွေရဲ့ ဗွီဒီယိုရုံတွေအရှေ့မှာ ဖြန့်ကျဲတယ်၊ ခလေးတွေကို အိမ်ကအဖေတို့အမေတို့ကို ပေးလိုက်ပါဆိုပြီး လက်ထဲတည့်ပေးလိုက်တယ်“ဟု လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သော ကိုရန်နိုင်က ပြောပြပါသည်။

၎င်းတို့အင်အားစုအနေဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာရပ်ကွက် များတွင်လည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု များကိုဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */