လောဘဖြစ်နေပြီး ငြိကပ်နေတာ ။..မိမိဥစ္စာပစ္စည်း အသိပညာ နဲ့ တပါးသူကိုမဆက်ဆံစေချင်တဲ့ မစ္ဆရိယ ။
ကိုယ့်ထက်သာမှာစိုးတဲ့ ဣဿာ ။ အဲဒီစိတ်မျိုးတွေရှိတဲ့သူဟာ ( အဓမ္မ )တွေနဲ့ နေထိုင်တဲ့သူဆိုတာ ပြောပြဖို့
လိုတော့မယ်မထင်ပါဘူး ။ တရား ဆိုတဲ့အနှစ်သာရက ( စကား )ထဲမှာပဲ တရားနေလို့ရတာမှ မဟုတ်ပဲနော် ။
မတရားတာကို သေခြာသိပြီးပယ် ၊ တရားတာကို ပွါးများအောင် အားထုတ်နေရမှာ ။
မတရားတဲ့ (လောဘ ၊ ဣဿာ ၊ မ စ္ဆရိယ ) တရားဆိုးတွေ မကပ်ငြိဖို့ရာမှာကျင့်ရမှာက …(ဒါန) အလုပ်ပဲ ။
လောဘ ဆိုတဲ့ ကပ်ငြိတွယ်တာမှုကို ဆန့်ကျင်နိုင်ဖို့က မျှဝေပေးချင်တဲ့ဓါတ် (ဒါန) ရှိမှဖြစ်မယ် ။
ဒါန ဆိုရာမှာ အဆင့်အမျိုးမျိုး ရှိပြီး ။ ဥစ္စာပစ္စည်း၊ အသိပညာအတတ်ပညာကအစပြုလို့ အသွေး အသားအသက် အထိကို ၊အများချမ်းသာပါစေ ဆိုတဲ့ စေတနာ အရင်းခံပြီး ပေးချင်နေတဲ့ဓါတ်ကို ဆိုလိုပါတယ် ။
တဖက်သား ချမ်းသာဖို့၊ အသိပညာတိုးဖို့၊ တရားဓမ္မတွေသိမြင်လာစေဖို့ စသည့် အများကိုချမ်းသာရာရဖို့ ပေးချင်နေတဲ့ စိတ်ကလေးအမြဲရှိနေမယ်ဆိုရင် ဗုဒ္ဓဒေသနာတွေမှာ ညွှန်ပြထားသည့်အတိုင်း ( ဒါန ) အမှုကို ပြုဖြစ်နေမှာပါ ။ မိမိသိထားတတ်ထားတာကို တပါးသူကို မျှဝေမပေးချင်တဲ့ မစ္ဆရိယ ။ မိမိထက်သာသွားမှာကို
စိုးရိမ်ကြောင့်ကျနေတဲ့ ဣဿာ တရားဆိုးတွေဟာ အတ္တနဲ့ ယှဉ်တဲ့ ပြိုင်ချင်ဆိုင်ချင် နိုင်ချင် တဲ့ သဘောတွေ
ပါတဲ့ လောဘပုံစံတမျိုးတွေပါပဲ ။ ဒါတွေရှိတဲ့သူတွေဟာ ( အလောဘ) တရားမရှိရုံမျှမက (ဒါန)လည်းမရှိပါဘူး။
ပေးချင်နေတဲ့စိတ်လေးရှိနေတာ ( ဓမ္မ )ရဲ့ အစ (ဒါန) ပါပဲ ။ ဒီစိတ်လေးနဲ့မှ (သီလ)ဆိုတဲ့စောင့်ထိန်းမှုအဆင့်ကို လှမ်းတက်ရာမှာ၊ မှန်ကန်တဲ့ သီလ စစ်စစ် ဖြစ်နိုင်ပါလိမ္မယ် ။
(သီလ) စစ်စစ် ဖြစ်မှသာလျှင် ( ဘာဝနာ ) ဆိုတဲ့ ပွါးများအောင်အားထုတ်တဲ့ ( သမထ ဘာဝနာ ၊ ၀ိပဿနာ ဘာဝနာ )တို့ကို
ဖြောင့်မတ် မှန်ကန်စွာ ပွါးများ အားထုတ်နိုင်မှာပါ ။ လိုချင်နေတဲ့စိတ် ၊ထောင်မြင်လို့ရာစွန့်တဲ့ ပေးပြီးတော့ပြန်လိုချင်တဲ့စိတ် ၊ ကိုယ့်
ထက်သာမနာလိုတဲ့ ဣဿာ ၊ မိမိပညာ ဥစ္စာနဲ့ တဖက်သားကို မဆက်ဆံစေချင်တဲ့ မ စ္ဆရိယ စိတ် ။ အဲဒီစိတ်တွေနဲ့ တရား မဖြစ်နိုင်ပါဘူး ။ အဲဒီစိတ်တွေနဲ့ အားထုတ်နေမှုဟာ (မတရားအားထုတ်ခြင်း ) သာလျှင်ဖြစ်တဲ့အတွက် မတရားတဲ့ အားတွေသာ တနေ့တခြား ပွါးများ ကျွမ်းကျင်လာမှာပါ ။
တရား တရား လို့ ပါးစပ် ကလူကြားအောင် သံကုန်ဟစ်နေပြီး ဒီမတရားတဲ့စိတ်တွေနဲ့နေသူကို ( မာယာ ၊သာထျေယျ )နဲ့နေသူ ။
ဟန်ဆောင်ဖုံးကွယ်သူ ။ မဖြောင့်မတ်သူ ။ အဲဒီလိုဆိုပါတယ် ။ မဖြောင့်မတ်သူဟာ သစ္စာထိုက်တဲ့ တရားစစ် တရားမှန် ဘယ်တော့မှ မရပါဘူး ။ ဒါတွေအားလုံးဟာ ကိုယ့်ရှိတာကို သူတပါးထံမျှဝေလိုစိတ်မရှိတဲ့ မ စ္ဆရိယ ရဲ့ အကျိုးဆက်တွေပါ ။
တရား အမှန်ဖြစ်ချင်သလား ။ တရားအမှန်ရချင်သလား ။ ဖြောင့်မတ်မှန်ကန်ရမယ် ။ ပေးချင်တဲ့စိတ်အရင်းခံ တဲ့ ဒါန ဆိုတဲ့ဓါတ်လေးရှိရမယ် ။ အဆိုးဆုံးက မ စ္ဆရိယ ပဲ ။ ဒီစိတ်ကတော့ အပယ်လားနိုင်တဲ့ အား အများဆုံးပဲ ။
ကိုယ်ပေးလှူရတယ် ဒါနပြုရတယ်လို့ သဘောမရှိပဲ ( ဦးနှောက်ဖေါက်စားခံနေရတယ် ) ။
ငါပဲပေးနေရသူလို့ ကိုယ့်ကိုယ်မာနတက်ပြီး ၊ သူတပါးကို နှိမ်ချ တဲ့ ၊ အထင်သေး မလေးစားပဲ ၊ ငါ့ဆီက မျှပြီး မပေးနိုင်ဘူး ဆိုတဲ့စိတ်ဟာ၊ တရားတော်တွေထဲမှာ အဆိုးဆုံး အကျိုးတွေကို ၀ိပါက်အနေနဲ့ ပြန်ရစေတာတွေ အတိအကျပြထားတာတွေရှိပါတယ် ။ နောက်ဆုံး ရဟန္တာ ဖြစ်ရမဲ့ဘ၀အထိ ဆွမ်းတနပ်ကိုတောင် မိမိလက်နဲ့ ၀အောင်မစားခဲ့ရတဲ့ ၀တ္ထုဒေသနာတွေ ဘုရားဟောတွေ ရှိခဲ့လို့ အဲဒီ မ စ္ဆရိယ စိတ်ကိုအတတ်နိုင်ဆုံးရှောင်ပါ ။
ဒီစိတ်နည်းပါးအောင် ( ပေးချင်စိတ် ..ဒါန )ကိုမွေးပါ ။ ဒါမှတရားမယ် (ဓမ္မ )ဖြစ်မယ် ။ ပါးစပ်ကပဲ တရား အားမထုတ်ပဲ ဟန်ဆောင်မှု မရှိဖြောင့်မတ်မှန်ကန်တဲ့ တရားအားထုတ်မှု တကယ်ဖြစ်ချင်ရင်…….
( ပေးချင်တဲ့စိတ်ဓါတ်ကလေး …. အရင်မွေးပါ ) အဲဒီပေးချင်တဲ့စိတ် ( ဒါန ) ရှိမှ (သီလ) ဖြစ်မယ် ။ (သီလ)ဖြစ်မှ ( ဘာဝနာ )ဖြစ်မယ် ။
ဘုရားဟော ဒေသနာအတိုင်း ( ဒါန သီလ ဘာဝနာ ) ဖြစ်လိုပါလျှင် တရားစစ် တရားမှန် ဖြစ်လိုပါလျှင်
( မ စ္ဆရိယ ကိုရှောင် …. ပေးချင်တဲ့စိတ်ဓါတ်အရင်းခံလေးကို မွေး ) (ပေးနေရတာကို ပျော်) ( ဓန ရှိလို့ .. ဒါနရှင်လုပ်လို့ရမှန်းသိ ) (ဒါန ပြုရင်း… ဓနတွေတိုးပါလိမ္မယ်)
( ပေးချင်တဲ့စိတ်ကလေးနဲ့စ… တရားစစ်တရားမှန်ရ )
(သိနားလည်သလောက်လောကကို ကျေးဇူးဆပ်ပါသည်… ပြည့်စုံသည်ဟုမဆိုနိုင်)
မေတ္တာဖြင့် (အ ဘ ယ)
Monday, October 04, 2010
ပေးချင်တဲ့စိတ်လေး ရှိရဲ့လား (အဲဒါမှ….တရား)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment