“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 30, 2008

No မှ NO, မဲ မှ မဲ..ရဲရဲ ကြက်ခြေခတ်...

အပြည့်အစုံသတင်းဖတ်ရန်....

လေးစားပါသည်။ ဂျပန်မှ မြန်မာ အာဇာနည်များ

အပြည့်အစုံသတင်းဖတ်ရန်....

ဆော်သြပါရစေ...


အပြည့်အစုံသတင်းဖတ်ရန်....

"ခြင်္သေ့ကျွန်းမှ ကမ္ဘာမကြေ"

အမေရေ
အမေထုဆစ်ခဲ့တဲ့ စိတ်ဓါတ်အမွေ
သားတို့ရင်မှာ စွဲမက်ကျန်နေ
"မကြောက်ဘူးဟေ"့….လို့
ကြွေးကြော်ရုံမဟုတ်တော့ဘူး…အမေ
အတွေးအခေါ်တွေ…လေးနက်
အရေးပေါ် မဲရေတွက်ဖို့
"မျိုးချစ်"သူတွေ
"နိုး"ခြစ် တဲ့ပွဲမှာ
သားတို့တတွေ လည်း

"အမျိုးချစ်မို့" "နိုး" ခြစ်ခဲ့တယ်…အမေ။

အမေရေ
အမေသွားခဲ့တဲ့ခရီးလမ်း ဟိုလူကြမ်းတွေနဲ့တွေ့တိုင်း
သားတို့ဆိုခဲ့တဲ့ "ကမ္ဘာမကြေ သီချင်း"
ကမ္ဘာကိုဖေါက်ထွင်းသွားပြီ….အမေ
အကြောက်တရားကင်းတဲ့သီချင်းသံ
မိုးထက်ဝဲပျံ.. အမေ့ရင်ထဲ….နားထဲ….ကြားစေချင်တယ်…အမေ။

အမေရေ
ခြင်္သေ့ကျွန်းမှ ကမ္ဘာမကြေ
ကမ္ဘာအရပ်ရပ်က ကြားသွားပြီအမေ
ခြင်္သေ့ကျွန်းမှ ကြက်ခြေခတ်
ကမ္ဘာအရပ်ရပ်က မှတ်သွားပြီအမေ
နေပြည်တော်ရောက်မှ
မဲရေတွက်ပွဲမှာ ဂဏန်းတွေလွဲခဲ့ရင်
သားတို့ရင်ထဲက "အမျိုးစစ်" လို့ "နိုး" ခြစ်ခဲ့တာတော့
သေချာပါတယ်အမေ။

ဂျေမိုး ဧပြီ၊ ၃၀ ၂၀၀၈။
မေလ (၁)ရက်နေ့ အလုပ်သမားနေ့ အမှတ်တရ -

အပြည့်အစုံသတင်းဖတ်ရန်....

စင်ကာပူမှ မျိုးချစ်ပြည်သူတစ်ဦးရဲ့  ရင်ဖွင့်ပြောဆိုချက်။

မနက် ၁၀နာရီကျော်ထဲက ရောက်နေခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်စမှာတော့ အားလုံးက ပုံမှန်လေးပဲ ရှိပါသေးတယ်။ ကျောင်းသားတွေ မဲဘယ်လိုပေးလို့ ရမလဲ သွားမေးတော့ ပတ်စ်ပို့ ရယ် စတူးဒန့် ပတ်စ်ရယ် စလစ်စာရွက်လေးရယ်ကို ပေါင်းပြီး သူတို့ ကိုပေး၊ ပြီးရင် အထဲကနေ မဲပေးဖို့ ခေါ်ပါတယ်။

အထဲရောက်တဲ့အခါမှာ ဘာကိုစပြီး ပြသနာရှာလဲဆိုတော့ မောင်ပျင်းဝတ်ထားတဲ့ NO အကျီကို ချွတ်ခိုင်းပါတယ်။ အဲဒီဟာနဲ့ ဆို ပေးလို့ မရဘူးတဲ့ ကျွန်တော်လည်း ပြန်မေးပါတယ်။ မဲပေးတဲ့အခါ ဘယ်အကျီမ၀တ်ရဘူးဆိုတဲ့ ဥပဒေပါလား၊ ဘယ်နားမှာ ပြဌာန်းထားလဲ ကျွန်တော်ကို ပြပါလို့ ပြောတော့ ငနဲသားက ဒီကလူတွေကို ဥပဒေ ဥပဒေနဲ့ မင်းတို့ လာလာပြီး စကားကပ်မပြောနဲ့ .၊ ငါတို့ တွေ ဘာဥပဒေမှ မသိဘူး နားလည်းမလည်ဘူး၊ အေး အထက်က ခိုင်းထားလို့ အဲတိုင်းလုပ်နေတယ် ချွတ်ဆိုချွတ်။



ကဲဗျာ သံရုံးဝန်ထမ်းပါးစပ်က ဥပဒေကို နားမလည်ဘူးတဲ့ အဲစကားကြားတော့ ကျွန်တော် ရယ်ရယ်မောမောနဲ့ ဘဲ ဟုတ်ပါပြီဗျာ အဲလောက်လည်း ဒေါသမကြီးပါနဲ့ ဆိုပြီး ချွတ်လိုက်ပါတယ်။ အကျယ်အကျယ် မဖြစ်ချင်တာရယ် ၊ အဲလူရဲ့ ညံ့ ဖျင်းမှုကို မြင်မိတာရယ်ပေါင်းပြီး ချွတ်လိုက်ပါတယ်။

(၁၂) နာရီဝန်းကျင်လောက်မှာတော့ လူတွေက အရမ်းများလာပါပြီ။ NO အကျီတွေဝေ ဦးထုပ်တွေဝေနဲ့ အားလုံး စည်စည်ကားကား ပျော်ပျော်ပါးပါးဝတ်ထားကြတာ .. ကြည်နူးစရာပါ။ ရေသန့် တွေ လှူသူကလှူ ဝေသူကဝေနဲ့ . ကျွန်တော်တို့ ကျောင်းသားတွေလည်း ပါဝင်လှူဒါန်းကြပါသေးတယ်။ ပြီးတော့ ဘယ်လိုအခြေအနေမှန်း မသိသေးတဲ့သူတွေကိုလဲ ရှင်းလင်းပြကြနဲ့ . တဦးကိုတစ်ဦး ရိုင်းပင်းကူညီကြပါတယ်။

အားလုံးစည်းကမ်းရှိရှိနဲ့ .. ညီညီညာညာ ပလက်ဖောင်းပေါ်မှာဘဲ စီတန်းနေထိုင်ကြ ၊ မုန့် တွေစားကြရင်း မဲပေးဖို့ ကိုသာ စောင့်နေကြတာပါ။

သံရုံးရဲ့ ပြူတင်းပေါက်တစ်နေရာမှာ မနက်မိုးလင်းထဲက ကင်မရာတစ်လုံးကို ထရိုင်ပေါ့နဲ့ ထောက်ပြီး တောက်လျှောက် မှတ်တမ်းတင်နေတာကို သတိထားမိပါတယ်။

(၁) နာရီဝန်းကျင်မှာတော့ ထမင်းစားချိန်ဆိုတဲ့ အကြောင်းပြချက်နဲ့ သံရုံးက ခေတ္တပိတ်ပေမယ့်၊ မဲပေးလိုတဲ့လူတွေကတော့ သံရုံးရှေ့ မှာ တန်းစီတုံးပါ ခင်ဗျာ။ အဲလိုနဲ့ (၂) နာရီဝန်းကျင်ထိ တံခါးပြန်မဖွင့်ဘဲ ဘာမှဆက်မလုပ်တော့ ဒီသံရုံးကလူတွေ အစားကြီးလှချည်လားဆိုပြီး တီးတိုးတွေပြောနေသံကိုလည်း ကြားရပါတယ်။ (၂) နာရီခွဲကျော်မှာတော့ အိုပီဘီအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ အကိုတစ်ယောက်နဲ့ သံရုံးကသူနဲ့ စကားပြောကြပါတယ်။ မီဒီယာတွေရောက်လာတဲ့အတွက် မှတ်တမ်းတင်မှုတွေလုပ်ဖြစ်ပါတယ်။ သံရုံးထဲကနေလည်း နောက်ထပ်ကင်မရာကိုင်ပြီး ရိုက်နေတဲ့သူကိုလည်း အပြင်ကလူတွေ အမိအရမှတ်တမ်းတင်နိုင်ပါတယ်။

သံရုံးထဲကသူက ဘာပြောလဲဆိုတော့ မင်းတို့ တွေ ဒီလိုဆက်ပြီး NO အကျီတွေဝတ်ထားသ၍ လုံးဝမဲပေးခွင့်မပြုဘူး။ ဒါနိုင်ငံတော်ပုန်ကန်တာပဲဆိုပြီး အချေအတင် ပြောကြပါတယ်။ အဲဒီနောက်မှာတော့ အနည်းငယ် တင်းမာမှုတွေ ရှိလာပါတယ်။ နိုင်ငံခြားသတင်းဌာနတွေက ဆက်သွယ်လာမှုတွေကိုလည်း သက်ဆိုင်သူတွေက ပြန်လည်ဖြေနေတာကိုလဲ ကြားသိရပါတယ်ခင်ဗျ။

ထို့ နောက်မှာတော့ ရဲဝန်ထမ်းအင်အား များလာပါတယ်။ အဲဒီအချိန်မှာ မြန်မာတွေအားလုံးဟာ နိုင်ငံသားတွေဖြစ်ကြကြောင်းကို မိမိတို့ နဲ့ ပါလာတဲ့ ရဲရဲတောက်ပတ်စ်ပို့ တွေကို ကိုယ်စီကိုင်ကာ သက်သေပြကြတာကတော့ .. ကြက်သီးမွှေးညင်း ထဖွယ်ပါ။ တစ်အောင့်အကြာ (၃) နာရီကျော်လောက်မှာတော့ ဘုန်းဘုန်းတွေကြွှလာပါတယ်။ မီဒီယာတွေက အင်တာဗျူးတွေလည်း လုပ်ပါတယ်။ ဘုန်းဘုန်းတွေက မဲပေးဖို့ လာတာမဟုတ်ဘဲ တင်းမာမှုတွေ ငြိမ်သက်အောင်သာ လာရောက်ကြည့်ရှုတဲ့သဘောပါ။

(၃) နာရီ (၄၅) မိနစ် အချိန်လောက်မှာတော့ ရေသန့်တွေ ပေါင်မုန့် အစရှိသည်တို့ ကို ထပ်မံဝေပါတယ်။ အားရစရာပါ။ လှူတဲ့သူတွေကလှူ ဝေတဲ့သူတွေကဝေ စားတဲ့သူတွေက စားနဲ့ . အားလုံးညီညီညွတ်ညွတ်ပါ။ (၄) နာရီခန့် မှာတော့  စပါယ်ရှယ်ရဲတွေပေါ့နော် ၊ သူတို့ တွေ ဟန်ရေးလာပြပါတယ်။ အဖြူဝတ် ရဲမေတွေလည်း ပါလာပါတယ်။ နေပြင်းပြင်းအောက်မှာ ကိုယ်ဝန်ဆောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေကလည်း အပူကို ပဓာနမထားပဲ ကြုံတောင့်ကြုံခဲ ဆင်နွှဲနေတာ အားရဖို့ ကောင်းသလို ကရုဏာလည်း သက်မိပါတယ်။

အဲလိုနဲ့ သံရုံးဖက်က ကလိမ်စေ့ငြမ်းဆင်ပြီး ကလီကမာဇာတ်တွေခင်းကာ မဲမရှိဘူး အကြောင်းပြတဲ့အချိန်မှာတော့ဖြင့် အပြင်ကလူအုပ်က တင်းမာလာပါတယ်။ ဒါပေမယ့် ဦးဆောင်တဲ့သူတွေက နိုင်နင်းစွာနဲ့ ဖြေရှုင်းနိုင်သလို၊ အပြင်က လူအုပ်ကလည်း စည်းကမ်းရှိစွာနဲ့ ပါဝင်တာမို့ အားလုံးဟာ စည်းကမ်းရှိစွာနဲ့ ဆက်လက်နေခဲ့ပါတယ်။

ထို့ နောက်မှာ နိုင်ငံတော်သီချင်းကို နှလုံးသားနဲ့ သံပြိုင်သီဆိုပြီးတော့ .. ကိုယ့်နိုင်ငံသီချင်းကို ကိုယ်တိုင်သီဆိုနိုင်ရက်နဲ့  ကိုယ့်နိုင်ငံက ဘာသာစကားကိုပြောနိုင်ရက်နဲ့ မဲမပေးရမှုကို၊ နိုင်ငံတော်သီချင်းကို ဖြောင့်အောင်မဆိုနိုင်တဲ့သူတွေ ရှေ့ မှာတင် သံပြိုင်သီဆိုပြရင်း
ပင်နီဆူလာပလာဇာကို တန်းစီပြီး လျှောက်လှမ်းကာ ညီညာတဲ့ တနင်္ဂနွေကို စည်းကမ်းရှိရှိနဲ့ အောင်မြင်စွာ အများမြင်အောင်ပြသနိုင်ခဲ့ပါတယ်။

မဲပေးရ မပေးရတာထက် မီဒီယာတွေ နဲ့ အများအမြင်မှာတော့ စင်ကာပူက မြန်မာတွေ .. အားလုံးက နိုးပဲဆိုတာ သိသွားတဲ့ အကျိုးအမြတ်တော့ ရခဲ့ပါတယ်။

သက်ဆိုင်ရာရဲအာဏာပိုင်တွေက ဦးဆောင်သူတွေထဲက တချို့ ကို စစ်ဆေးဖို့ ခေါ်တဲ့အခါမှာ ညီညီညာညာ ကျန်အဖွဲ့ သားတွေပါ အတူလိုက်သွားပါတယ်။

ဖုန်းတွေကိုပါ စစ်ဆေးတယ်ထင်ပါတယ်။ ဖုန်းတွေဆက်လို့ မရဘဲ ဖုန်းပိတ်ထားသလို ဖြစ်နေကြောင်း တွေ့ရပါတယ်။

ဟုတ်ကဲ့။ ကျွန်တော်တစ်သက်မှာ ပထမဆုံးပါဝင်နိုင်ခဲ့တဲ့ မဲပေးပွဲကတော့ ဒီလောက်ပါပဲ။ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ၀မ်းမြောက်သလို စည်းကမ်းတင်းကြပ်ပါတယ်ဆိုတဲ့ စင်ကာပူမှာ ဒီလိုလှုပ်ရှားနိုင်ခဲ့တဲ့အတွက် ၀မ်းမြောက်မိပါကြောင်း ပြောကြားရင်း ရပ်နားလိုက်ပါတယ် ခင်ဗျာ။

(ရေးသားသူ - မောင်ပျင်း) ။

အပြည့်အစုံသတင်းဖတ်ရန်....

မစိုးရိမ်ဆရာတော်ဘုရားကြီးအတွက် အထူးကြေကွဲဝမ်းနည်းကြောင်း မှတ်တမ်း။

သာသနာ့ဥသျှောင် အဖွဲ့ ကြီး၏ နာယကဆရာတော်ကြီး ဦးကောဝိဒ ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း (ဓါတ်ပုံမှတ်တမ်း)။

အာဇာနည်နှင့်တစ်ကွ မြန်မာပြည်သူအပေါင်းမှ အထူးကြေကွဲ ၀မ်းနည်းရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။











ဓါတ်ပုံများ ဆက်ကြည့် နိုင်ပါသည်။























အပြည့်အစုံသတင်းဖတ်ရန်....

အကယ်ဒမီ ဖိုးကျော်ပါ။ ပါသွားပြန်ပြီ


ဒါက 2006 အကယ်ဒမီဇာတ်ပို့ အမျိုးသားထူးချွန်ဆုရဖိုးကျော်ပါ။ မနေ့ ကဘဲဆွဲစေ့ ခံလိုက်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒဘိဝံသ ၏ ခန္ဓာဝန်ချပွဲ အစီအစဉ်

နောက်ဆုံးအနေဖြင့် ဂါရဝပြု ရှိခိုး ပူဇော်ခြင်း။

Saturday May 3rd. 8pm-11pm
Sunday May 4th. 10am-8pm

Place:
Midwood Chapel
1625 Coney Island AveBrooklyn, NY 11230
http://www.midwoodchapel.com/

မီးသဂြို င်္လ်လောင်တိုက်သွင်းခြင်း ( Cremation will be held at )

နေရာ။ ။ Greenwood Crematory
500 25th street
Brooklyn, NY 11232

on Monday May 5th. 2008
Time of cremation will be notified soon.
http://www.green-wood.com/

အပြည့်အစုံသတင်းဖတ်ရန်....

ဖိတ်ခေါ်ပါသည်။ လာခဲ့ပါ။


အပြည့်အစုံသတင်းဖတ်ရန်....



အပြည့်အစုံသတင်းဖတ်ရန်....

မီးဇာခမ်းသွားသော ညီညွတ်ရေး၏ မီးရှူးတန်ဆောင်

ရွှေဝါရောင်တော်လှန်ရေး၏ ခေါင်းဆောင်..
မှန်ကန်ခြင်းညီညွတ်ခြင်း၏ ထွဋ္ဋ်ခေါင်
မစိုးရိမ် ဆရာတော် ဘုရားကြီး

ဦးကောဝိဒ ဘိဝံသ သည်
ဧပြီလ. ၂၉ ရက်နေ့  နေ့လည်ခင်း တွင်..ဘဝနတ်ထံပျံလွန်တော်မူသွားပါပြီ။

အစားထိုးမရသော ဆုံးရှုံးမှုဖြစ်၍ ရင်နှင့်အမျှ ကြေကွဲရပါသော်လည်း
ဆရာသူမြတ်၏ ဆိုဆုံးမ အားနာခံ၍

အာဇာနည်များ

ရှေ့ သို မလျှော့သောဇွဲသတ္တိဖြင့် ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း

တော်လှန်ရေးသွေးသတ္တိဖြင့် မြဲမြံ့
သစ္စာ အဓိဌာန်ပြုပါသည်။

ဆရာတော်ဘုရားက

ညီညွတ်စေချင်သော..

သားတပည့်များ ညီညာစွာ ဆက်တိုက်ပါမည်ဘုရား
ရောက်ရာဘုံဘ၀ မှာသာဓု ခေါ်တော်မူပါ ဆရာရှင်မြတ်ဘုရား။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, April 29, 2008

တိုင်းရင်းသားများသို့ တိုက်တွန်းချက်။

အပြည့်အစုံသတင်းဖတ်ရန်....

ဗမာပြည်သားများသို့  မဲမပေးခင်..ဒါအရင်ကြည့်ပါ


ပေးပို့ သူ ဂျွန်မိုး အားကျေးဇူးပါ။

အပြည့်အစုံသတင်းဖတ်ရန်....

သတင်း ဧပြီ ၂၉၊၂၀၀၈

  1. တောင်ဒဂုံက ကိုရင်ငယ်တပါး ကို ဖမ်းသွားခြင်း
  2. စွမ်းအားရှင်များကို အဓိကရုဏ်း နှိမ်နင်းရေး ရိုက်နည်း သင်တန်းပေး
  3. ကန့်ကွက်မဲထည့်ရေး ရခိုင်ပြည်နယ်၌ စတစ်ကာကပ် နှိုးဆော်နေခြင်း။
  4. ဆန္ဒခံယူပွဲ မတိုင်မီ ဖမ်းတာဆီးတာ မရပ်တန့် နိုင်သေး
  5. ရန်ကုန်ရှိ ဝါဒဖြန့် ပိုစတာများ ကြက်ခြေခတ်ခံရ
  6. မြန်မာ ဆန္ဒခံယူပွဲ စိတ်ချယုံကြည်ဖွယ်ရာဖြစ်မည်ဟု ထိုင်းမျှော်လင့်
  7. စစ်အစိုးရဆန္ဒခံယူပွဲ ယုံကြည်ရလောက်သည်ဟု ထိုင်းပြောဆို
  8. ကန့်ကွက်မဲပေးရေး လှုံ့ဆော်စာများဖြန့်ဝေမှု ဆက်တိုက်ဖြစ်ပေါ်နေ
  9. မန်မာဝန်ကြီးချုပ် အင်္ဂါနေ့ကျ ထိုင်းနိုင်ငံကို သုံးရက်ကြာ ခရီးထွက်ဖို့ရှိ
  10. ကန့်ကွက်မဲပေးရေး လှုံ့ဆော်စာများ မြ၀တီတွင် ပျံ့နှံ့
  11. ရန်ကုန်မြို့အတွင်း မြို့ပတ်ရထားနှင့်လူစည်ကားရာနေရာများတွင် ကန့်ကွက်မဲထည့်ရေးလှုပ်ရှားမှုများ ပြန့်နှံ့လျှက်ရှိ
  12. ဆန္ဒခံယူပွဲ မသမာမှုတွေကို ဖွင့်ချဖော်ထုတ်သွားမယ်လို့ ဗကသများအဖွဲ့ချုပ် ကြေညာ
  13. ရှယ်ဗရွန်ကုမ္ပဏီ မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ကျူးလွန်
  14. ရွှေတိဂုံသို့ လာရောက်သည့် သံဃာတော်များ ထပ်မံ၍ လူစုခွဲခံရ
  15. သုံးရက်အတွင်း ဒီမိုကရေစီ လိုလားသူ ၇၀ ကျော် အဖမ်းခံရဟု အေအေပီပီပြော
  16. မြန်မာဝန်ကြီးချုပ် ဘန်ကောက်ရောက်ရှိ
  17. ကန့်ကွက်မဲထည့်ရန် ကယားပြည်သူများကို တိုက်တွန်းနိုးဆော်
  18. မလေးရှား ထိန်းသိမ်းရေးစခန်း မီးရှို့သည်မှာ မြန်မာများမဟုတ်ဟု မျက်မြင်ကပြော
  19. ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၀၈၁၀၀ ရှိ
  20. တနင်္သာရီတွင် အဓမ္မနည်းဖြင့် ထောက်ခံမဲရရေး ကြိုးစားနေဟု အတိုက်အခံများပြော

အပြည့်အစုံသတင်းဖတ်ရန်....

တရားဝင် ငွေပို့ ပေး နေရသော တရားမ၀င်ရွေ့ ပြောင်းအလုပ်သမားဘဝ

ဒီလိုသေချင်သေ..............
ဒီလို နေချင်နေ.........
ဒါမှမဟုတ်...
ဒီလိုဗျာ
နိုင်ငံပျောက်သောနိုင်ငံသားများ

တွေးမိတိုင်းရင်နာတယ်၊ ၀မ်းနည်းမိတယ်၊ ကိုယ့်ကို ကိုယ်လည်း ခွေးလေ ခွေးလွှင့် တကောင်လို ခံစားမိတယ်၊ မြန်မာပြည်မှာ (၁၉၉၃) ခုနှစ်မှ စရေးလိုက်တဲ့ ကမ္ဘာ့အဆင့်မီ အခြေခံဥပဒေ ကြီးဟာဖြင့် ၂၀၀၇ ခုနှစ်မှာ ပြီးဆုံး ခဲ့ပါတယ်၊

ကမ္ဘာ့ဂရင်းနစ် စာအုပ်ထဲမှာ ဖော်ပြသင့်တဲ့ ကမ္ဘာပေါ်ရှိ အခြေခံဥပဒေများ ထဲတွင် အရှည်ကြာဆုံး ရေးဆွဲ ခဲ့ သော အခြေခံဥပဒေ တစ်ခု ဖြစ်ပါတယ်၊ ဒါရဲ့ နောက်ဆက်တွဲ အဖြစ် မြန်မာ ပြည်သားတွေ အားလုံးက လာမယ့် မေလ ၁၀ ရက်နေမှာ ဆန္ဒမဲ ပေးကြ ရမှာ ဖြစ်ပါ တယ်၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ နေထိုင်ကျတဲ့ မြန်မာလူမျိုး အားလုံး ကတော့ ဆိုင်ရာသံရုံး တွေမှာ ကြိုတင် မဲတွေ ပေးကြရမှာပါ။ ကျနော်တို့ တတွေဟာ မြန်မာပြည်မှာဆို တကယ့်ကို နင်းပြား ဘ၀တွေပါ၊

အမေက ပညာရေးဝန်ထမ်း၊ အဖေကတောင်သူပါ၊ ပညာရေးဝန်ထမ်းရဲ့ သားသ္မီး ဆိုပေမယ့် စီးပွား ရေးအဆင်မပြေမှု တွေကြောင့်အခြေခံပညာ အထက်တန်း အဆင့် ထိရောက်အောင် ကုတ်ကပ် သင်ယူခဲ့ရပါတယ်၊

မြန်မာပြည်မှာ နေတော့လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် မိသားစု စားဝတ်နေရေး မပြေလည် တာကြောင့် ထိုင်းနိုင်ငံကို မိဘ၊ မောင်နှမ တွေ ကို မခွဲချင်ပဲ ခွဲခွါလာခဲ့ရပါတယ်၊ ကျနော်တို့ ဟာ အမိနိုင်ငံတော် အပေါ် ဘယ်တုန်းကမှ မေ့ပျောက်ခဲ့ခြင်း မရှိပါ၊

ကျနော်တို့ တတွေဟာ မြန်မာပြည်မှာ နေတော့လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် မိသားစု စားဝတ်နေရေး မပြေလည်တာကြောင့် ထိုင်းနိုင်ငံ တရားမ၀င် ရွေ့ ပြောင်းအလုပ်သမား တွေအဖြစ် အမေ့ အိမ်ကို ကိုမိဘ၊ မောင်နှမတွေ ကို မခွဲချင်ပဲ ခွဲခွါလာခဲ့ရပါတယ်၊ ကျနော်တို့ ဟာ အမိ နိုင်ငံတော် အပေါ် ဘယ် တုန်းကမှ မေ့ပျောက်ခဲ့ခြင်း မရှိပါ၊ ကျနော်တို့ တတွေဟာ မြန်မာ ပြည်သားမှ မြန်မာပြည်သား စစ်စစ် တွေ ပါ၊ ဘယ့် အတွက်ကြောင့် ကျနော်တို့ ကို မေ့ပျောက် လစ်လျုရှုရပါသလဲ၊

ကျနော်တို့ တတွေဟာ တရားမ၀င်လာရောက်သူတွေဆိုပေမယ့် အမိမြန်မာပြည် ပျက်စီးကြောင်း ဘယ်တုန်းကမှ မကြံစည်ခဲ့ဖူးပါ၊ ကျနော်တို့ ဒီလို ရွှေပြောင်း အလုပ်သမားတွေဟာ ထိုင်းနိုင်ငံအနှံ့ မှာ အနဲဆုံး (၂ သိန်း အထက်) ရှိပါတယ်၊ ကျနော်တို့ ရရှိတဲ့ လုပ်အားခတွေဟာ မိဘ မောင်ဘွား များ နေထိုင်ရာ မြန် မာပြည်ကိုဘဲ ပြန်လည် စီး ဆင်း ရောက်ရှိ သွားပါတယ်၊ ဒီငွေတွေဟာ တိုင်းပြည်တွင်းက စားသုံးသူ တွေရဲ့ ဝယ် လို အား အဖြစ် ပြောင်းလဲရောက်ရှိသွားပါတယ်၊

ဒါဟာ နဲနဲလေးမှ အသုံးမကျတဲ့ အစိုးရ ရှိနေဦးတော့လည်း၊ အနည်းငယ်သော တိုးတက်မှုကို ဖြစ်ပေါ် စေပါတယ်၊ ဥပမာအားဖြင့် ကျနော်တို့ ငယ်ငယ် ကဆို အိပ်မက်ထဲ တောင်ထဲ့မမက်နိုင် သော ဆိုင်ကယ်ကို (တရုတ်ပြည်ဖြစ်) ကျနော်တို့ မိဘမောင်ဘွားများ ၀ယ်ယူအသုံးပြု လာနိုင်ပါ တယ်၊ ကျနော် တို့ ငယ် ငယ်က သူများအိမ်မှာ ငွေတကျပ် ပေးပြီး ကြည့်ခဲ့ရတဲ့ တီဗီကိုလည်းဝယ်ယူ အသုံးပြုနိုင်ခဲ့ ပါတယ်၊ဒါတွေဟာ ဒီ အသုံးမကျတဲ့ အစိုးရရဲ့  ကူညီ စောင့်ရှောက်မှု တခုမှ မပါတဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အားလုံးရဲ့ စွမ်းဆောင်မှုပါ၊

ထိုင်းနိုင်ငံမှာ နေထိုင်ရတာလည်း အဆင့်အတန်း ခွဲခြား ခြင်း၊ အထင်သေးနိမ်ချခြင်း၊ အနိုင်ကျင့် စော် ကားခြင်း တို့ ကို အောင့်အီး သည်းခံ နေထိုင်ရပါတယ်၊ ဒါဆို ဘာကြောင့် လာတာလဲလို့ တော့ မမေး ပါနဲ့ ၊ ဖြေစရာမရှိလို့  မဟုတ်ပါ၊ ဖြေစရာတွေ များလွန်းလို့ ပါ၊

ဒီအစိုးရအနေနဲ့ ပြည်သူတွေအတွက် ဘာတွေများ ဆောင်ရွက်ပေးခဲ့ပါလဲ၊ တံတား ဆောက်တာ၊ လမ်းဖောက် တာ၊ ဆည်တွေတူးတာ လာမပြောပါနဲ့ ၊ လူရီစရာဖြစ်ပါတယ်၊ ကျနော်တို့ မြစ်ကြီးနားမှာ ကျိန်ခရမ် ရေအား လျှပ်စစ်ဆောက်ပါ တယ်၊ သွားလိုက်ရတဲ့ လုပ်အားပေး၊ လုပ်လိုက်ရတဲ့ ကျောက်ထု၊ ဖွင့်ပွဲလုပ်တော့ ဟင်း ဟင်း ဒီဇယ် မီးစက်နဲ့ ဗျ၊ ပြန်တွေးမိတိုင်း မော နေအောင် ရီလိုက်ရတာ သီးလေးသီး ကြည့်ရတာထက် ပိုတယ်၊ ဒါမျိုးတွေ နိုင်ငံနဲ့ အနှံ့  တည်ဆောက်နေတာ မနည်းပဲဗျ၊

မင်းတို့ တွေ ၀ယ်နိုင် သုံးနိုင်တာ အစိုးရနဲ့ ဘာဆိုင်လို့ တုန်းလို့ မမေးနဲ့ ဦးနော်၊ တချို့  နအဖ ဘက်တော်သား တွေက မေးချင်ကြပါ လိမ့်မယ်၊ ပြောပြရင်တော့ ကျနော်တို့ ကိုရောင်းပေးတဲ့ ကုမ္မဏီတွေဆီက ရတဲ့ တရားဝင် အခွန်တွေရော တရားမ၀င် တောင်းယူကျတဲ့ လာဘ်ငွေတွေ နဲ့ သူတို့ သားမယားတွေ စားသောက်သုံးဖြုန်း နေကျတာ ထင်သာမြင်သာ ကြီးပါဗျာ၊ ကျနော်တို့ တွေဆီက ဒီလို အကျိုးအမြတ်တွေ ရရှိနေတာတောင် ဘာ့ကြောင့် ကျနော်တို့ ကိုနိုင်ငံသား အဖြစ် က စွန့် ပစ်ရတာတုန်းဗျ၊

မေးစမ်းပါရစေ၊ ကျနော်တို့ တတွေဘာ့ကြောင့် မဲပေးခွင့် မရနိုင်ရတာတုန်းဗျ၊

မေးစမ်းပါရစေ၊ အစိုးရအနေနဲ့ ဘယ်အချိန်တုန်း က ကျနော်တို့ ကို နိုင်ငံသားအဖြစ်က စွန့် ပယ် လိုက်တာတုန်းဗျ၊

မေးစမ်းပါရစေ၊ တကယ်လို့ အစိုးရအနေနဲ့ ကိုယ်လုပ်တာကိုယ်တာဝန်ယူနိုင်တယ် ဆိုရင်ကျနော်တို့ တတွေအားလုံးကို နိုင်ငံသားအဖြစ်မှ ပါယ်ဖျက်ကြောင်း တရားဝင် ကြေညာပေးပါ၊

ဒါမှမဟုတ်ရင်တော့ ကျနော်တို့ ကိုလည်း အများနည်းတူ မဲပေးခွင့်ပြုရမှာ ဖြစ်ကြောင်း သတိပေး အကြောင်းကြား လိုက်ပါတယ်။

နိုင်ငံပျောက်သောရွေ့ ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားများ(သို့ ) စစ်ပြေး ဒုက္ခသည် များ။

အပြည့်အစုံသတင်းဖတ်ရန်....

ဗိုလ်မှုးအောင်လင်းထွဋ္ဋ် မှတပ်မတော်သားများ.အစိုးရ၀န်ထမ်းသို့ ပေးစာ


အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူ့  အစိုးရ..ဆိုသည်..




အပြည့်အစုံသတင်းဖတ်ရန်....

" ကမ်းကြည့်ဌက် " မီးရှုးသန်ု့ စင်ခြင်း



ကမ်းကြည့်ဌက်

နွေကန္တာရဲ့ ခရီးကြမ်း..
အများအတွက် လမ်းသစ်ရှာသူများအတွက်

ရေကြည်ရာ..မြက်နု
အများကောင်းစားမှု ..ရှာဖွေသူများအတွက်

မုန်တိုင်းနဲ့  အန္တရာယ်လမ်း.
လှိုင်းကြမ်းခရီး လှော်ခတ်သူများအတွက်.

ကူညီ ပါဝင်ပေး
ကမ်းကြည့်တဲ့ဌက်ကလေး..
သံလွင်ခက်ကလေး..ချီလာပေးပါရစေ။

*****************************

မိုင် ၃၀၀၀ ကျော်..မနီးတဲ့ခရီး..
မျိုးးချစ်စိတ် အရင်းတည်ပြီး
သတ္တိသွေးချွေး နဲ့ ရင်းနှီး
ငြိမ်းချမ်းရေး၏ လွတ်မြောက်လမ်း
လျှောက်လှမ်းသူများအတွက်.
စောင့်ရှောက်ပေးရန်
(ကမ်းကြည့်ဌက်) ရံပုံငွေ ရှာဖွေရေးကွန်ရက်

အဖွဲ့ ဝင်များ

၁) မောင်စွမ်းရည် ( နယူးယောက်)
၂) မာမာအေး. (ဖို့ ဝိန်း)
၃) မောင်စိုးချိန် (ဖို့ ဝိန်း)
၃) လားရှိုးသိန်းအောင် ( တက်ဆက်)
၎) အောင်ဝေး ( မစ်ရှီဂန်)
၅) မောင်ရစ် (မိုးမခ မီဒီယာ) (ဆန်ဖရန်စ္စကို)
၆) မေစန္ဒာစိုးညွန့် (နယူးယောက်)
၇) ဦးဃောသိတ (ရွှေဝါရောင်) (နယူးယောက်)
၈) တင်မိုးလွင်( နယူးဂျာစီ)
၉) နေတင်မြင့် (ကယ်လီဖိုးနီးယား )
၁၀) ဝိုင်မြစ်ချို (ကိုရီးယား)
၁၁) ရဲရင်သက်ဇွဲ (ဂျပန်)
၁၂) ရှေးရေစက်(သြစတြေးလျ)
၁၄) မင်းရွှေအေး (ဖို့ ဝိန်း)
၁၅) စစ်နိုင်မင်း (www.boboburma.blogspot.com/) နှင့်
၁၆) မသဒ္ဓါ ( http://thadar.blogspot.com/) ပါဝင်ပါသည်။

ဆက်သွယ်ရန် thadarmay@gmail.com
kagway@gmail.com
Athein168@MSN.com
Athein168@gmail.com

ရန်ပုံငွေထည့်ဝင်လှူဒါန်းရန်
Zaw Min Htwe
Bank of AmericaAccount No - 211 093 0208 (သို့ မဟုတ်)

လှူဒါန်းလိုသူများ..ဒီ ဓါတ်ပုံပေါ်မှာ click လုပ်ပါ။


http://88portland.wordpress.com/contribute/

အပြည့်အစုံသတင်းဖတ်ရန်....

စင်္ကာပူရှိ မြန်မာသံရုံးတွင် မဲပေးခွင့် သက်တမ်းတိုး


ဧပြီ ၂၈ ရက်၊ ၂ဝဝ၈ ခုနှစ်

မဲပေးလိုသော်လည်း မဲပေးခွင့် မရကြသေးသည့် စင်္ကာပူနိုင်ငံရှိ မြန်မာများအတွက် မဲပေးခွင့် သက်တမ်းကို ဧပြီ ၃၀ ရက် မှ မေလ ၂ ရက်နေ့ အထိ ယနေ့တွင် တိုးမြှင့်လိုက်သည်။

မဇ္ဈိမသတင်းဌာနမှ..

အပြည့်အစုံသတင်းဖတ်ရန်....

Monday, April 28, 2008

ABFSU (All Burma Federation of students Unions)၏ကျေညာချက်

အပြည့်အစုံသတင်းဖတ်ရန်....

ရန်ကုန်သားတွေက NO တဲ့ဗျို


ခုံနောက်ဘက်ပေါ်မှာ ရေးခဲ့တယ်.

အပြည့်အစုံသတင်းဖတ်ရန်....

မိုက်တယ်ဆိုတာ လွယ်ပါတယ်..ဟဲဟဲ



Picture: Irrawaddy မှရယူုပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Just Say NO


အပြည့်အစုံသတင်းဖတ်ရန်....

ထောက်ခံပါတဲ့ ခွိ ခွိ..ပြောမှပြောတတ်ပလေ...


အပြည့်အစုံသတင်းဖတ်ရန်....

ဒို့ တွေဗမာ...မဲပေးခွင့်ရှိတယ်..


ဒီ passport ကလေးရပြီး အပြင်ထွက်ဖို့  က ကျုပ်တို့ ရဲ့ ရှိသမျှ ငွေပုံပေး..
ကျွန်ခံပြီး ရတဲ့ လခတွေ လည်း တစ်တစ်လ မိုက်ကြေးခွဲတဲ့ မြန်မာသံရုံးကို ဆက်ကြေးပေးရသေးတယ်။ ပြီးတော့မှ မဲပေးတော့  မသိလို့ မဖိတ်ဖူးတဲ့ ။
passport အစိမ်းကိုင်မှ ဗမာလား။
ချစ်တီးလို ဂုတ်သွေးစုတ် အနိုင်ကျင့်တဲ့ ဗမာ စစ်အာဏာရှင်ကို
သောက်မြင်ကတ် အခွန် မပေးတော့တာနဲ့ ဗမာ မဟုတ်ရတော့ဘူးလား ။
ဒီမှာကြည့်..
အမေ အိုစာမင်းစာ ငွေနဲ့  ပေးဝယ်လာခဲ့ရတဲ့ ကျုပ်တို့  အနီရောင် ပတ်စပို့ တွေ။
ဗမာစကားပြောတယ်..ဗမာစာရေးတယ်.ဒို့ အရေး ဗမာလိုအော်တယ်။
ကျုပ်တို့ အားလုံးဗမာတွေဗျ..
ဘယ်မလဲ ကျုပ်ရသင့်တဲ့ မဲတစ်ပြား?

အပြည့်အစုံသတင်းဖတ်ရန်....

သတင်း ဧပြီ ၂၇-၂၈၊၂၀၀၈

  1. မဲပေးခွင့်ရှိသူ စာရင်းကွာဟမှု ဖော်ထုတ်ရန် အတိုက်အခံများ တိုက်တွန်း
  2. ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ကန့်ကွက်မဲပေးရေးတိုင်းရင်းသားလူငယ်များ လှုံ့ဆော်
  3. ကျေးရွာဥက္ကဋ္ဌက လူထုအား ထောက်ခံမဲထည့်ရန် ခြိမ်းခြောက်၊မဲရုံစရိတ် ငွေထည့်ကြရ
  4. ရာဇ၀တ်မှုဖြင့် မကင်းလွတ်သော စာရွက်စာတမ်းများ ဖမ်းဆီးရမိ
  5. ခိုးကြောင်ခိုးဝှက်နည်းဖြင့် ထောက်ခံဆန္ဒမဲတောင်းယူပွဲ ဂျပန်နအဖစစ်အခွန်ရုံးက ဆက်လက်လုပ်ဆောင်နေ
  6. စင်ကာပူရောက် မျိုးချစ်မြန်မာ ၅၀၀၀ ခန့် “နိုး” (ကြက်ခြေခတ်) ပေး
  7. ဂျပန်နအဖစစ်အခွန်ရုံးရှေ့တွင် ဆန္ဒမဲပေးပွဲကျင်းပပြုလုပ်
  8. နိုင်ငံတကာရောက် မြန်မာများ သံရုံးရှေ့ ဆန္ဒပြ
  9. ဆန္ဒခံယူပွဲ၌ No ပေးရန် အန်အယ်လ်ဒီနှင့် ကျောင်းသားများစည်းရုံးလှုပ်ရှား
  10. ရန်ကုန် မဲရုံများအား လုံခြုံရေးကင်မရာဖြင့် စောင့်ကြည့်မည်
  11. စင်္ကာပူရှိ မြန်မာသံရုံးတွင် မဲပေးခွင့် သက်တမ်းတိုး
  12. အင်တာနက်ကို အဆင့်လိုက် ဖြတ်တောက်မည
  13. စင်္ကာပူ မလေးရှား အဝေးရောက် မဲယူမှု မသမာမှုများရှိနေ
  14. ဗန်းမော်မှာ ကြိုတင် ထောက်ခံမဲ ပေးခိုင်းနေပြီ
  15. နယူးယောက်က မြန်မာများကလည်း မြန်မာသံရုံးတွင် ကန့်ကွက်မဲထည့်
  16. ဆန္ဒပြမည့်သတင်းများကြောင့် ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကျပ်
  17. မဲပေးဖို့အဖိတ်ခံရသူအများစု စင်္ကာပူမြန်မာသံရုံးကိုဝင်ခွင့်မရ
  18. မဲပေးခွင့်မရတဲ့ ထိုင်းနဲ့ဂျပန်ရောက် မြန်မာများဆန္ဒပြ
  19. နေပြည်တော်ဝန်ထမ်းတချို့ မဲပေးဖို့အခြေအနေ မသိရသေး

အပြည့်အစုံသတင်းဖတ်ရန်....

နယူးယောက်မှ VOTE NO ဆန္ဒပြပွဲ

အပြည့်အစုံသတင်းဖတ်ရန်....

သတင်းများ ဧပြီလ.၂၇ ရက်.

ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျနော်တို့ လက်ဆင့်ကမ်းစို့

ကန့်ကွက်မဲကို ဘယ်လိုလုပ်ရမယ်မှန်း ရှင်းလင်းစွာ မသိကြသေးတဲ့ ပြည်သူတွေအတွက်ပါ။ ဒီမှာတော့ နအဖက ပေါ်တင်ကြီးတွေ အရှက်မရှိ ဖြစ်နေပါပြီ။
ရပ်မိရပ်ဖတွေကို ခေါ်ယူရှင်းလင်းတဲ့ မြို့နယ်ပွဲတွေမှာ \"ခင်ဗျားတို့ စစ်တပ်အုပ်ချုပ်တာ မကြိုက်ဘူး မဟုတ် လား။ အဲဒါဆို ထောက်ခံမဲ ပေးလိုက်ပါ။ ၂၀၁၀ ကျရင် စစ်တပ် ဆင်းသွားလိမ့်မယ်\" တဲ့။ ထောက်ခံမဲ လိုချင်တာနဲ့ သူတို့ကို ပြည်သူတွေ အော့နှလုံးနာနေကြောင်းကို သူတို့သိကြောင်း အရှက်မရှိ ဆက်ပြီးတွယ်ကပ်နေတာဖြစ်ကြောင်း ဖွင့်ချလိုက်ပြန်ပါပြီ။

ဒါပေမယ့် ဒီဥပဒေမူကြမ်းအရ အတည်ဖြစ်သွားရင် စစ်တပ်က အလိုအလျောက် ကိုယ်စားလှယ် ၂၅% ယူထားပြီး ဆိုတာကို၊ စစ်တပ်က တိုင်းပြည်မတည်ငြိမ်ဘူး ထင်ရုံနဲ့တင် ကြိုက်တဲ့အချိန် အာဏာသိမ်းပိုင်ခွင့် ရှိ တယ်ဆိုတာကို၊ အာဏာသိမ်းပြီးလို့ ပြည်သူတွေကို သူတို့ စစ်တပ်က နှိပ်ကွပ်ချင်သလို နှိပ်ကွပ် ခဲ့တာတွေကိုလည်း လုံးဝ စုံစမ်းအရေးယူခွင့် မရှိ ဆိုတာတွေ ဒီ ဥပဒေမူကြမ်းမှာ တိတိကျကျ ထည့်သွင်း ထားတာကိုတော့ လုံးဝ လုံးဝ ထည့်မပြောသွားကြောင်းပါ ခင်ဗျား။

ကျနော်တို့ ပြည်သူတွေကတော့ သိပ်ပြီး အများကြီး နားမလည်လည်း အပြစ်မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က ဒီလိုဖြစ်အောင် နည်းပေါင်းစုံနဲ့ လုပ်နေတာကိုး။

ဒါကြောင့် ရိုးရိုးလေးပဲ စဉ်းစားကြမယ်။

အခု ၈၈ အပြီး စစ်တပ်အုပ်ချုပ်တဲ့ အနှစ် ၂၀ အတွင်းမှာ တိုင်းပြည် အခြေအနေဟာ မတိုးတက်ဘဲ လုံးဝ ဆုတ်ယုတ်နေတယ်။ ပြည်သူတွေကို ကျွန်လို သဘောထားပြီး နှိပ်ကွပ်နေတယ်။

ဒါကြောင့် …………………
စစ်ကျွန်မဖြစ်ချင်ရင် ဥပဒေမူကြမ်း ဆန္ဒခံယူပွဲရဲ့
ဆန္ဒမဲလက်မှတ်မှာ ကြက်ခြေခတ်ကြပါစို့။

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန် နိုင်ငံမြန်မာသံရုံး နှင့် မဲပေးနေသူများ၏ ရပ်တည်ဆွေးနွေးချက်

အပြည့်အစုံသတင်းဖတ်ရန်....

ခြိမ်းခြောက်တိုင်း သာ ကြောက်ရရိုးလား။


အပြည့်အစုံသတင်းဖတ်ရန်....

ဘယ်လို ကြက်ခြေခတ် မလည်း

အပြည့်အစုံသတင်းဖတ်ရန်....

တောင်ကိုရီးယားမှ အာဇာနည်များ

ဒီနေ့ တောင်ကိုရီးယားမှာ ဆန္ဒမဲပေးရန်သွားရောက်သူများ မဲပေးခွင့်မရပါ။ တောင်ကိုရီးယား ရှိ ပူဆန်း၊ ဒေကူး နယ်များမှမဲပေးရန်လာရောက်သူ ၃၀ ကျော်တွင် ၃ ဦးသာမဲပေးခွင့်ရပါသည်။
တရားဝင်နေထိုင်သူများဖြစ်ပြီး အခွန်ဆောင်ထား သူ များသာလျှင်မဲပေးခွင့်ရရှိခဲ့ပါကြောင်း။ သံရုံးအတွင်းသို့ တစ်ဦးချင်းဝင်ရပြီး အိတ်များကို အပြင်တွင်ထားခဲ့ရပါသည်။၊ ဒီနေ့ စုစုပေါင်းမဲပေးသူ ၂၀ ဦး ခန့် သာရှိ ၊ သံရုံးပြင်ပတွင် ဆန္ဒပြသူ ၅၀ ကျော်ခန့် ရှိပါသည်။

တောင်ကိုရိးယားသံရုံးရှေ့ တွင် ဆန္ဒပြနေစဉ်


အိုလံပစ်မီးရှူးတိုင် သယ်ယူပွဲဆန္ဒပြမှူသတင်း။
အိုလံပစ်မီးရှူ တိုင် သယ်ယူပွဲတွင် ကန့် ကွက် သူများနှင့် ထောက်ခံသူ တရုတ်များ ထိပ်တိုက်တွေ့  ၊ တရုတ် ၁၀၀၀၀ ကျော် ရှိ ၊ တောင်ကိုရီးယား ကိုမန်ဒိုရဲ အပါအ၀င် ရဲ ၈၀၀၀ ကျော် ချထားပါသည်။
NLD(LA)korea မှ ကိုဇော်မိုးအောင် ပန်းစီးကိုင် လမ်းလျှောက်လာစဉ်
ယနေ့ ညနေ ၄ နာရီအချိန်က တိဘက် ငြိမ်းချမ်းရေးအတွက် ပန်းတိုင် ကိုင်၍ လမ်းလျောက်ပွဲကျင်းပနေပုံနှင့် ကိုရီးယားနိုင်ငံရောက် တရုတ် လူမျိုး လူအင်အား ၁၀၀ ကျော်က ပန်းတိုင် ကိုင်၍ လမ်းလျောက်ပွဲ လမ်းတ လျောက် လိုက်လံ၍ ကြွေးကြော် ဆန္ဒပြပါသည်၊
အိုလံပစ် မီးရှူးတိုင်ရှိရာသို့ သွားရောက်ကြသော တိဘက် ဘုန်းတော်ကြီးများကို တရုတ်များက ၀ိုင်းဝန်း ရိုက် နှက်ကြကြောင်း သိရှိရသည်၊
အတိအကျမသိရ ဗမာ ၃ ၊၄ ဦး အပါ တိဘက် ကိုရီးယား ၅၀၀ ကျော် ပန်းစီးကိုင် ချီတက်ကြပါသည်.။
GOOD JOB! CARRY ON!!

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, April 27, 2008

NY မှ vote No shirt Design.


အရှေ့ တွင်ရော အနောက်တွင် မဲပုံးနှင့် ကြက်ခြေခတ် ဒီဇိုင်းပါပါသည်။ ဒီဇိုင်းနာ မှာ KO MYOE ( အာဇာနည် ၈၈၈၈ ကျောင်းသားစစိသည်ဟောင်း ) ဖြစ်ပြီး.T Shirt ၏ အလှုရှင် မှာ NY ရှိ မျိုးချစ်မြန်မာ မိသားစုများ နှင့် KO MYOE ပါဝင်ပါသည်။ တက်ရောက်သူများအား .အလကားပေးပါသည်။ နှင့် NY သာ ကြွခဲ့ပါ။
အမဲ ကြက်ခြေခတ်မဲ သာ ရဲရဲထဲ့ ပါ ..တီရှပ်ရဲရဲ ရရင် အာမခံပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ရဲရဲတောက်ပြီ.... မဲကြမည်..

စင်္ကာပူမှ ရဲရဲတောက်အာဇာနည်များ

စင်ကာပူမှာဒီနေ့ပွဲစည်သွားပါသည်။ လူတွေအများကြီးပဲ။ မဲရုံပိတ်ချိန်တွင် လမ်းလျှောက်ပြီးတော့ သံရုံးကနေပြီး city hall ကို လမ်း လျှောက်ပြီး ချီတက် ဆန္ဒပြကြပါသည်။
မိန်းကလေးများက ရဲဝံ့စွာ ရှေ့ဆုံးကနေပြီး လျှောက်ကြပါသည်။ အားလုံး အေးအေးလျှောက်နေစဉ်မှာပင် city hall သို့ ရောက်ခါနီးမှ ရဲက ရောက်လာပြီး ရှေ့တည်တည့်ကနေပြီး လာပိတ်ရပ်လိုက်ကာ ကဒ်ကြီးကို ထုတ်ပြ ပါသည်။ အနီရောင်အင်္ကျီတွေကလဲ ဆင်တူဝတ်ထားတာကို ချွှတ်ပေးပါရန် ပြောကြားသောကြောင့် အာဇာနည် မလေးများကလည်း အောက်ခံအင်္ကျီ တထပ်မပါသောကြောင့် ဘယ်လိုချွှတ်မလဲလို့ ပါးနပ်စွာ တုန့် ပြန်ပါ သည်။
ထိုအချိန်တွင် အဲဒီမှာနောက်ကလိုက်လာတဲ့ ဦးဆောင်သူသော OBP က ကိုကျော်စိုး နှင့် ကိုဝင်းကျော်တို့ လိုက်လာကြပြီး ရှင်းကြသောအခါ အခု သူတို့နှစ်ယောက်ကို ရဲမှ ရဲစခန်းခေါ်သွားပါသည်။ သတင်းရချိန် အထိ ပြန်မလွှတ်သေးပါ။ နောက် ကမ္ဘာမကြေသီချင်းဆိုပြီး လူစုခွဲလိုက်ကြပါသည်။
သံရုံးမှ အဲဒီအကျီအနီ ၀တ်ပြီးတော့ မဲမပေးရဘူးဟုပြောပါသည်။ နအဖ သံရုံးမှ လူတွေကိုလေ မခံချင်အောင် ဆူပူအောင် တမင် ပြဿနာကို ဆွပေးနေသော်လည်း. ဂျပန် အတွေ့အကြုံကို သိသော စင်္ကာပူအုပ်စု က အား လုံး ငြိမ်းငြိမ်းချမ်းချမ်း စည်းစည်းလုံးလုံး ဆန္ဒပြကြပါသည်။

မဲထည့်ရန် စောင့်နေသော လုအုပ်စု ကိုနောက်ဆုံး သံရုံးမှ မဲကဒ်မရှိတော့ဘူး ။ မဲကဒ်က အရေအတွက် မ လောက်ပါဘူးဟု ပြောပါသည်။ ဒီမှာက မည်သူမှ တောင် မဲမပေးရသေးဘဲ နေပူထဲတွင် စောင့်နေရ ပါသည်။ သံရူံးဝန်ထမ်းများမှ မဲပေးရန်စောင့်နေသောသူများ အပေါ် လုံးဝ အားမနာမှူမရှိပါ။
ညနေ ၄း၃၀ လောက်မှာသံမှုးဆိုသူ ထွက်လာပြီး သံရုံးပိတ်ပါပြီ။ တကယ် မဲကဒ်မရှိတော့ပါ။ ခေါ်စာရမှ၊ အကြောင်းကြားစာရမှ လာရမယ်ဟု ပြောပါသည်။ လာသော လူအများစုမှာ မည်သူမှခေါ်စာမရပါ။
လူ တစ်သောင်း လောက်တောင် မvote ရသေးပါ။ မဲကဒ်က အလုံအလောက် မရှိပါဘူးတဲ့ ပြောပါသည်။
မြန်မာသံရုံးတွင် မဲလာပေးတာ မဲကဒ်က မရှိလို့ မဲမပေးရသည်မှာ ဖြစ်သင့်ပါ၏လော။ အခွန်ကောက်ဖို့ ကတော့ form က အလုံအ လောက်ရှိပါသည်။ မဲပေးဖို့ ကျ မဲကဒ်မလုံလောက်ပါ။
ရဲကားတွေ အကြမ်းဖက်ရဲတွေ ခေါ်ထားသည်မှာ ယောက်ျားရဲ မိန်းမရဲများပါရှိပါသည်။
အဲဒီက ရဲတွေကလည်း.စောင့်ဆိုင်းသော လူအုပ်စုနှင့် မဲကဒ် မရှိတော့ကြောင်း သံမှူး ထွက်ပြောသောအခါ ကြည့်ပြီး နင်တို့ အစိုးရ တော်တော် ယုတ်မာတာပဲနော်ဟု မှတ်ချက်ပေးသွားပါသည်။
လူအုပ်ကြီးက ပြန်ကာနီးမှာ ကမ္ဘာမကြေ သီိချင်း ကို အင်နဲ့အားနဲ့ ဆိုကြသော အခါ ပတ်ဝန်းကျင်တခုလုံး ဇာတိ သွေး များဖြင့် မြည်ဟိန်းနေပါသည်။
သံရုံးမှ ပြောတာတော့ ၂၈ ၂၉ မှာအကြောင်းပြန်မည်။ မဲစာရွှက်တွေကိုလဲ နေပြည်တော်ကို လှမ်းပြီး တင်ပြမည်။ လိုအပ်သောမဲ ကဒ်များ ထပ်တောင်းမယ်ပြောပါသည်။
ပထမဆုံးနေ့ မှ မဲပေးသူတဦးက ပြောကြားသည်မှာ မဲပေးရန် တနေကုန်နေပူထဲမှာစောင့်ရပြီး စာ ရွှက်လေးတွေ ဖြည့်ဖို့ ထုတ်ပေးပါသည်။ ဖြည်ပြီးထပ်လဲထပ်လိုက်ရော တစ်ယောက်ခြင်းစီ ခေါ်ပြီးမေးကာ အ ခွန်တွေ ပေးမပေး ခေါ်စာပါမပါ မေးပါသည်။ ခေါ်စာမပါက တနေ့ လုံးစောင့်နေရပြီးမှ ပြန်တော့တဲ့ ပြော၍၂၉ ရက်နေ့လောက်မှ ဖုန်းခေါ်မယ် အဲဒီတော့မှ ထပ်လာပါဟုပြောပါသည်။ မဲပေးသူက အဲဒီနေ့ အလုပ်ဆင်းရမှာ မလာနိုင်ဘူးလို့ပြောသောအခါ " လာနိုင်တာမလာနိုင်တာ ခင်ဗျားတို့ ကိစ္စတဲ့ ။ကျူပ် မသိဘူး လာမပြောနဲ့" လို့ သံရုံးဝန်ထမ်းမှ မိုက်ရိုင်းစွာ ပြောသည်။
မည်သို့ ပင် ဖြစ်စေ..ရပ်ဝေးရောက်မြန်မာမျိုးချစ်များသည် မြန်မာ ပြည်တွင်းမှ နေထိုင် ရသော စစ်အာ ဏာရှင်၏ အနှိပ်စက်ခံ ညီရင်းအကို မောင်ညီရင်းနှမများနှင့် အတူတကွရှိပြီး တီရှပ်ရဲရဲ သတ္တိရဲရဲ ဖြင့် မဲသောမဲကို ပေးနေကြပါကြောင်း သတင်းကောင်းပါးပါတယ်။
more photos
http://picasaweb.google.com/poohatgyi/Singapore27042008/photo#s5193888947404839810

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန်အဖွဲ့အစည်းများရှေ့မှောက်တွင် ဂျပန်ရောက် မြန်မာအများစုက ကန့်ကွက်မဲထည့်ခွင့်ရ


မိုးသောက်ကြယ်ဧပြီ ၂၇၊ ၂၀၀၈

မဲပေးရန် ဖိတ်စာရ ကျောင်းသား ကျောင်းသူများ၊ အလုပ်သင်ဗီဇာနှင့် ရောက်ရှိနေသူများသာမက တရားဝင်နိုင် ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအပါအ၀င် ဆန္ဒမဲပေးပိုင်ခွင့်ကို ဂျပန်အဖွဲ့အစည်းများရှေ့မှောက်တွင် ယနေ့ (ဧပြီလ ၂၇ ရက်၊ တနင်္ဂနွေနေ့) နံနက် ၉ နာရီမှ နေ့လယ် ၁၂း၃၀ အထိ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ အလုပ်သမားအဖွဲ့အစည်းမှ တာဝန်ခံများ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဆရာမတဦးနှင့် နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တာဝန်ခံတဦးတို့ကဦးဆောင်ပြီး ပြုလုပ်ပေးတာကိုတွေ့ရပါတယ်။

မြန်မာသံရုံးက ဂျပန်ရောက် မြန်မာများအားလုံး မဲပေးခွင့် ရရှိစေရေးအတွက် အချိန်မီ၊ ပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် မိမိတို့က ထိုသို့ ကျင်းပပေးရတယ်လို့ တာဝန်ခံ ဂျပန်အမျိုးသားများက သတင်းထောက် များ၊ လုံခြုံရေးရဲများနှင့် ဂျပန်တီဗွီသတင်းဌာနများရှေ့မှာ ရှင်းလင်းပြောကြားပါတယ်။
လူများစုရှေ့မှောက်မှာ ပြုလုပ်တဲ့ ရလဒ်ကတော့ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် ထောက်ခံမဲ ၆ မဲ၊ ကန့်ကွက်မဲ ၂၂၄ မဲ နှင့် ပယ်မဲ ၂ မဲတို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့က ဂျပန်ရဲများက မြန်မာလူမျိုးများကို အကြမ်းဖက် လူစုခွဲခဲ့ရတာဟာ အထင်အမြင်မှားပြီး ဆောင် ရွက်ခဲ့တာဖြစ်ကြောင်း၊ သံရုံးကို ဆန္ဒပြသူမြန်မာများ ပိတ်ဆို့နှောက်ယှက်နေလို့ အရေးယူပေးရန် မြန်မာ သံရုံးတာဝန်ခံများက တိုင်ကြားခဲ့လို့ လုံခြုံရေးရဲများက လူစုခွဲရာမှာ သံရုံးရှေ့ရောက် မြန်မာများနဲ့ အဓိက ရုဏ်းသဖွယ် ဖြစ်ခဲ့ရတာ့ဖြစ်ကြောင်း၊ ထိုကိစ္စအတွက်လည်း တောင်းပန်ပါကြောင်း ထုတ်ဖော်ပြောဆိုတယ်လို့ သိရပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

စင်္ကာပူမှ မဲပေးပွဲ ဆက်လက် ကျင်းပခြင်း

အပြင်မှာ ဟိုမတ်တတ် ဒီမတ်တတ်
စင်္ကာပူ ကကြံဖွတ်တွေ..စောင့်လိုက်ရတာ အမောပေါ့ ..စောင့်လိုက်ရတာ အမောပေါ့ ..
မဲကို မဲမဲ ..ရဲရဲ နဲ့ ပေးမဲ့သူတွေ..တလမ်းလုံးရဲဘယောင်း ခတ်နေတာ
မြန်မာသံရုံး အတွင်းမှာ ဒါရိုက်တာတွေ ရှိတယ်..ကင်မရာမင်းက ရိုက်နေတာ..လှလှလေးပြုံးထား..

အပြည့်အစုံသတင်းဖတ်ရန်....

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထူတ်ပြန်ချက်



အပြည့်အစုံသတင်းဖတ်ရန်....

သတင်းများ ဧပြီလ.၂၆ ရက်.

  1. တိုကျို မြန်မာသံရုံး၌ ဆန္ဒမဲ ပေးသူများနှင့် ဂျပန်ရဲတို့ ရုန်းရင်းဆန်ခတ်ဖြစ်
  2. ဒေါ်အောင်ဆန်းစုကြည်ပုံပါ ကန့်ကွက်မဲစာရွက် ပျံ့နှံ
  3. လူထုဆန္ဒခံယူပွဲကို ကန့်ကွက်သည့်မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်
  4. သင်္ကန်းကျွန်း အန်အယ်လ်ဒီ ပါတီဝင်များ ဖောက်ခွဲရေးပစ္စည်းမှုဖြင့် တရားစွဲခံရ
  5. ဂျာမနီမြန်မာသံရုံးတွင်း လုံခြုံရေးကင်မရာ ဆေးနီဖြင့် အမှုတ်ခံရ
  6. အခြေခံဥပဒေဆန့်ကျင်သူတွေကို ခြိမ်းခြောက်ရိုက်နှက် NLD ပြောဆို
  7. ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ရဲ့ ရွှေတံဆိပ်ချီးမြှင့်ဖို့ အထက်လွှတ်တော် အတည်ပြု
  8. စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာ လူထုဆန္ဒခံယူပွဲ ကြိုတင်မဲ စတင်ကောက်ယူ
  9. ဂျပန်နံမည်ကျော် ဟစ်ပ်ဟော့ပ် အဆိုတော် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအတွက် ဖျော်ဖြေ
  10. မလေးရှားနိုင်ငံက မြန်မာသံရုံး ကြိုတင်အသိမပေးဘဲ မြန်မာနိုင်ငံသားတွေကို ဆန္ဒခံယူဖို့ မဲထည့်ခိုင်း

အပြည့်အစုံသတင်းဖတ်ရန်....


အပြည့်အစုံသတင်းဖတ်ရန်....

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန်ရဲ များ နှင် ဆန္ဒပြသူများ၏ ပဋ္ဋိပက္ခ

အပြည့်အစုံသတင်းဖတ်ရန်....

သတင်းများ (April 25)

  1. ရွှေတိဂုံဘုရားတွင် ဆန္ဒပြရန် ကြိုးစား၊ မအောင်မြင

  2. Saturday, 26 April 2008 18:46 - မြန်မာစံတော်ချိန်
    သံဃာတော်များ ဦးဆောင်သော လူအုပ်စုကြီးတစုက ရွှေတိဂုံဘုရားတွင် ယနေ့ မွန်းလွဲပိုင်းက ဆန္ဒပြရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ဖြစ်သွား ...


    ဂျပန်ရဲနှင့် မဲပေးလိုသူ မြန်မာလုပ်သားများ ပဋိပက္ခဖြစ်၊ ၁၅ ဦး ဆေးရုံပို့ရ
    Saturday, 26 April 2008 18:51 - မြန်မာစံတော်ချိန်
    ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဆန္ဒမဲပေးမည့် ဂျပန်ရောက် မြန်မာ အလုပ်သမားများနှင့် ဂျပန်ရဲသားများ ယနေ့ နေ့လည်က ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မြန်မာ ၁၅ ဦး ဆေးရုံသို့ ပို့ဆောင်ခဲ့ရ ...

    စစ်အစိုးရက ချင်းပြည်နယ်တွင် ထောက်ခံမဲထည့်ရန် လှည့်စားမှုများလုပ်
    Saturday, 26 April 2008 15:19 - မြန်မာစံေ



    Summary

    Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လုံခြုံရေးတင်းကျပ်၍ ကျောင်းသားအချို့ မဲ မထည့်ရဘဲ ပြန်သွား

နွယ်လေး။
ဧပြီလ ၂၅ရက်၊ ၂၀၀၈ခုနှစ်။

ယနေ့ နံနက် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် လုံခြုံရေးတင်းကျပ်ထား၍ ကြိုတင် ဆန္ဒမဲ သွားရောက် ထည့်ကြသည့် မြန်မာကျောင်းသားအချို့ မဲမထည့်ပဲ ပြန်သွားသည်ဟု ကျောင်းသားတဦးကပြောသည်။

“သံရုံးမှာ ဒီလိုဗျ ၀င်ဝင်ခြင်းမှာ ထိုင်းရဲတွေရယ် လုံခြုံရေးတွေရယ်စောင့်နေတယ်။ သံရုံးမှာ ရှိတဲ့ မြန်မာဝန် ထမ်းတွေလည်း ရှိတယ်ဗျ။ ကျနော်တို့က အ၀င်ပေါက်ဝမှာ နည်းနည်း စုစု စုစု ဖြစ်သွားတယ်။ နောက်သ တင်းထောက်တွေ ဘာတွေလည်း ရှိနေတယ်။ အဲဒီတော့ သံရုံးက ရဲတွေလာတားတာရှိ တယ်။ အဲလို လာတားတော့ ကျနော်က သံရုံးအပြင်မှာ အင်တာဗျူးတော့ ထိုင်းထောက်လှမ်းရေးက ဓါတ်ပုံလှမ်းရိုက်တာ တော့ ရှိတယ်။ ခြိမ်းခြောက်တဲ့ သဘောမျိုး လေးတွေတော့ ရှိတယ်။ ထိုင်းရဲတွေ ကကော၊ ထိုင်းထောက်လှမ်းရေးတွေ ကကော၊ သံရုံး ၀န်ထမ်းတွေကကော အဲလိုမျိုးရှိတယ်။ ကျနော် နဲ့ အတူတူလာတဲ့ ကျောင်းသူလေး နှစ်ယောက်ဆိုရင် အဲဒါတွေတွေ့ ပြီးတော့ မဲမထည့်ပဲ ပြန်သွား တယ်။”

ထိုင်းနိုင်ငံမြန်မာသံရုံးတွင် ကြိုတင်မဲဆန္ဒပေးမှုကို ယခုလ ၂၀ရက် စတင်ခဲ့ပြီး ယနေ့ ကျောင်းသား ၂၀ခန့် သွားရောက်မဲပေးရာ အများစုမှာ ကန့်ကွက်မဲပေးကြကြောင်း အထက်ပါ ကျောင်းသားက ဆက်လက် ပြောသည်။

မဲထည့်သူ ကျောင်းသားတစ်ဦးက “ကျနော်ကတော့ နိုး ပေးခဲ့တယ်။ ဘာလို့ လဲဆိုတော့ အဲဒီ အခြေခံ ဥပဒေကို မကြိုက်လို့ ။” ဟု ပြောသည်။

မဲထည့်သူများကို သံရုံး အ၀င်တွင် နိုင်ငံကူးလက်မှတ်ကိုစစ်ဆေးကာ မှတ်ပုံတင်နံပါတ်၊ ဖခင်အမည်နှင့် မြန်မာ ပြည် နေရပ်လိပ်စာများကောက်ပြီး လေးယောက်တစ်တွဲ ၀င်ခွင့်ပေးခဲ့သည်။ မဲရုံအတွင်း၌ မိမိထည့်လိုရာကို အမှတ်အသားပြုထည့်ခွင့်ရကြောင်း အမှတ်သားလုပ်ပြီး မဲပုံးမှာ ပြန်ထည့်ရသည်ဟု ၄င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားများအနေဖြင့် လာမည့် ၂၆ နှင့် ၂၇ ရက်နေ့များတွင် မဲထည့်သူ ကျောင်း သား ဦးရေ ပိုမိုများပြားလိမ့်မည်ဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ယခုလ ၂၇ ရက်နေ့ တွင် သံရုံးရှေ့၌ ဆန္ဒပြရန် စီစဉ်ထားသည်။
သတင်း
http://www.nmg-news.com/nmg/news250408a.html

အပြည့်အစုံသတင်းဖတ်ရန်....

သီရိလင်္ကာ မှဘုန်းကြီးများ၏ ဆန္ဒပြပွဲ (၄။၂၆.၂၀၀၈)


Myanmar Buddhist monks protest against the proposed referendum, scheduled for May 10 in Myanmar, in front of United Nations Compound in Colombo, Sri Lanka on Saturday, April 26, 2008

News ; AP သတင်း

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန်ဆန္ဒပြပွဲ ၁၂ ယောက် ဒဏ်ရာရ


သတင်း AP

အပြည့်အစုံသတင်းဖတ်ရန်....

သင်္ကန်းကျွန်း အန်အယ်လ်ဒီ ပါတီဝင်များဖောက်ခွဲရေးပစ္စည်းမှုဖြင့် တရားစွဲခံရ

တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ယခုလဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရသည့် သင်္ကန်း ကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မြ အပါအ၀င် ပါတီဝင် (၇) ဦးတို့ကို ဖောက်ခွဲရေးပစ္စည်းမှုဖြင့် ပြောင်းလဲ စွဲချက်တင်ကာ ရမန်ယူလိုက်သည်ဟု မိသားစုဝင်တို့က ပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

စက်ရပ် သတင်း ( မြန်မာပြည်)

စနေနေ့ တွင် ဘုန်းကြီးတွေ ဘုရားပေါ်မှာတက်ရန် ကားဂိတ်တွေမှာ အပြည့်ရှိနေပါသည်။ ဘုန်းကြီးတွေ ဘုရားမှာစုဘို့လုပ်နေတာကို လူစုခွဲခိုင်းခဲ့ပါသည်။
စစ်တွေမှာလဲ စနေပြီး။ မနေ့က ညနေက စပြီး ဘုန်းကြီးတွေ လမ်းပေါ်မထွက်ဘို့ SPDC က လိုက်ပြောသည်ဟူဆိုပါသညိ။ ဒီနေ့ လုပ်မယ်ဆိုတာ သတင်းပေါက်သွားကြားသောကြောင့်ပါ။

ဒီနေ့ နယ်ကဆင်းလာတဲ့ ဘုန်းကြီးတွေကို ကားဂိတ်၊ ဘူတာမှာ ဖမ်းနေပါသည်။
နေ့ခင်း တုန်းက ဘုရားမှာ လူစုသောကြောင့် ၊ ဘုရားကို ပိတ်ထားလိုက်တယ်။လို့ပြောပါသည်။
မြေနီကုန်းမှာ ဘုန်းကြီးတချို့ ကားပေါ်က ဆွဲချတာကို တွေ့တယ် လို့ မျက်မြင်သက်သေတွေက ပြောပြသည်။.

အထဲမှာဘုန်းကြီးကျောင်းတိုင်းကိုလိုက်မွေနေပါသည်၊ နယ်ကနေဆိုရင်နယ် ပြန်ခိုင်းတယ်လို့ သတင်းရရှိပါသည်။

ရန်ကုန်မှာ အခြေအနေ ရှုပ်ထွေး စပြုနေပါပြီ……
သတင်း သေချာစေဖို့ဆက်လက်စုံစမ်းနေပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ုသြစတေးသျှမှ ငြိမ်းချမ်းရေး ဆန္ဒပြပွဲ

Protest Rally and Peace Walk against Burma's Unconstitutionally Referendum led by IBMO AUS

အပြည့်အစုံသတင်းဖတ်ရန်....

ဂုဏ်ယူပါတယ် စင်ကာပူမှ အမှန်တရားအတွက် အမှားခြစ်တဲ့ အာဇာနည်မောင်နှံ



Hi ! ALL,

I am happy to tell you guys that my wife and I vote NO today at myanmar embassy in singapore.
I have also created this graphic for every burmese to use on web page or blog page. I am not ashamed and i am proud to say that i vote NO today. :)

thanks
အာဇာနည်မောင်နှံ (စင်္ကာပူ)

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, April 26, 2008

ကြက်ခြေခတ်တို့ အိမ်အပြန် လမ်းမှပေါ်မှအသံ - St. Martin's Drive

စင်္ကာပူနိုင်ငံတွင် ဒုတိယနေ့အဖြစ် ကြိုတင် ဆန္ဒမဲများပေးလျှက်ရှိရာ နံနက်ပိုင်းတွင် ဆန္ဒမဲပေးသူ လူဦးရေ (၇၀) ၀န်းကျင်ရှိပြီး နေ့လည်ပိုင်းမှစ၍ သံရုံးပိတ်ချိန်အထိ လူဦးရေ (၄၅၀) ကျော်ခန့် ဆန္ဒမဲပေးနိုင်ကြောင်း သတင်း များရရှိပါသည်။

ဆန္ဒမဲပေးလာသူအများစုကို လိုက်လံမေးမြန်းရာမှာတွင် အများစုသည် ကန့်ကွက်မဲများသာ ပေးခဲ့ကြကြောင်း ပြောပြပါသည်။
ကန့်ကွက်မဲပေးရခြင်းနဲ့ပတ်သက်လို့ လူငယ်တစ်ဦးကိုမေးမြန်းရာမှာ - "ကြက်ခြေခတ် ဘာဖြစ်လို့လဲဆိုတော့ New Generation တွေအတွက် ကလေးတွေအတွက် ကျွန်တော်တို့က တာဝန်ရှိတယ်…. ဒါကြောင့်မို့ ….ကြက် ခြေခတ်လိုက်တာ" ဟု ဖြေကြားသွားပါသည်။
သံရုံးကိုလာသော စုံတွဲ အမျိုးသားနဲ့အမျိုးသမီးကိုမေးကြည့်ရာမှာတွင် - "နိုး" ပေးရတဲ့အကြောင်းက လိမ်မှာပဲ လေ၊ ကျနော်တို့ No ပေးပေး Yes ပေးပေး လိမ်မှာပဲ ဆိုတာကိုသိထားပြီးသား ဒါပေမဲ့ဗျာ ….အနည်းဆုံး က တော့ဗျာ ကျွန်တော်တို့ရဲ့ မကြိုက်တဲ့ဟာကို ပြနိုင်ရမယ်" ။
ကန့်ကွက်မဲပေးလာသူအများစုကို မေးမြန်းကြည့် ရာမှာတော့ ကန့်ကွက်မဲပေးတာ "မကြိုက်လို့ ပေါ့ဗျာ" ဟု တိုတိုနှင့် လိုရင်းပြောကြသူများလဲရှိပါသည်။
ကန့်ကွက်မဲပေးခဲ့သူတစ်ဦးမှ အခြေခံဥပဒေနှင့်ပတ်သက်ပြီး "ကျတော်ဖတ်ပြီးပြီ ကျနော်မကြိုက်လို့ဗျ ကျနော် မကြိုက်ဘူး နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရှိရမယ်လို့ ကျနော်ယုံကြည်တယ် ဒီအခြေခံဥပဒေမှာ တန်းတူ အခွင့်အရေးမရှိဘူးလို့ထင်လို့ ကန့်ကွက်မဲပေးခဲ့တာ" ဟုဖြေကြားသွားပါသည်။
နေ့လည်ဘက်သံရုံးရှေ့ တွင် လူအများအပြားသည် မတ်တပ်ရပ်သူတွေရှိသလို အရိပ်ရှိတဲ့နေရာရွေးပြီး ထိုင် နေသူများလဲရှိပါသည်။ တချို့လည်း မဲသွားပေးသည့် အမျိုးသားကို ကလေးငယ်လေးများနှင့်မိခင်များမှ စောင့် ဆိုင်းနေကြသည်များကိုလည်းတွေ့ရပါသည်။
နေ့လည်ဘက် သံရုံးရှေ့တွင် စင်္ကာပူမျိုးချစ်မြန်မာလူငယ်အဖွဲ့မှ လာရောက်ကူညီခဲ့ခြင်းကြောင့် သံရုံး လုပ်ငန်းများ မြန်ဆန်ကာ မဲပေးသူများစရင်းများကို သံရုံးအပြင်ဘက်မှနေ၍ ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သ တင်း ရရှိပါသည်။ သံရုံးမှ လုပ်ငန်းများ နှေးကွေးမှုအပေါ်တွင် ဆန္ဒမဲလာပေးသူများမှ စောင့်ဆိုင်း ချိန်ကြာဖြင့်သောကြောင့် အားမလိုအားမရဖြစ်ကြရပြီး လူငယ်များမကြာခဏ ပြောဆိုနေသံများရှိကြောင်း သတင်းရရှိပါသည်။
နေ့လည်ပိုင်းတွင် သံရုံး၌ ကူညီပေးခဲ့သော စင်္ကာပူမျိုးချစ်မြန်မာအဖွဲ့မှ ကိုကျော်စိုး အား စင်္ကာပူသံရုံးနှင့် မြန်မာ ကျောင်းသားလူငယ်များ ဆက်ဆံရေးကိုမေးကြည့်ရာမှာတော့- ကိုကျော်စိုးမှ ယခုကဲ့သို့ပြောပြသွားပါသည်။

"ဒီနေ့တစ်နေ့လုံး ပြည်သူတွေတက်တက်ကြွကြွမဲပေးတဲ့အပေါ်မှာ သံရုံးရဲ့ အစီအစဉ်အားနည်းတာတွေ့ရတယ် သံရုံးက အရာရှိတွေကလည်း စည်းကမ်းသတ်မှတ်ချက်တွေကို တစ်ယောက်တစ်မျိုးပြောနေတယ် ပြီးတော့ ပြည်သူတွေကို နေပူထဲမှာထား ထားတယ် တချို့ဆို ၂ နာရီလောက်မတ်တတ်ရပ်ပြီးစောင့်နေရတယ် ကလေး တွေနဲ့ အသက်ကြီးတဲ့သူတွေပါတယ် လူကြီးတွေ အဘိုးကြီးတွေအဖွားကြီးတွေပါတယ်။
အဲဒါပြည်သူလူထုကို သူတို့ကလုံးဝ တန်ဘိုးမထားတာပဲ အဲဒီကိစ္စမျိုးတွေရှိတယ် ဒီဟာကို ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး ပြီးတော့ ပေးလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလဲ မျိုးစုံနေတာပဲ အဲဒီတော့ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ တရားဥပဒေဟာ ဘယ်ရောက်သွားပြီလဲ အဲဒါတွေကို ကျနော်တို့ကမေးရတယ် ဒီနေ့လူ ရာနဲ့ချီပြီးလာသေးတာ မနက်ဖြန် တနင်္ဂနွေ မှာ လူတွေထောင်သောင်းနဲ့ချီလာတဲ့အခါမှာ သူတို့ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ကျနော်တို့စိုးရိမ်ပါတယ်။

မြန်မာလူငယ်တွေနဲ့သံရုံး ဆက်ဆံရေးက တိုးတက်မှုရှိသလားဆိုတာ သံရုံးပေါ်မှာမူတည်ပါတယ် ညနေ စောင်းမှာ လူတွေကို မဲမပေးရတော့ဘူးဆိုပြီး သူတို့ဖြတ်ချလိုက်တယ် ဘယ်လောက်မှာလဲဆိုတော့ (၅)နာရီ မထိုးခင် (၄) နာရီခွဲလောက်မှာ နဲနဲရောက်ယက်ခတ်သွားတယ် ဦးမြင့်ထွန်းကိုယ်တိုင် အပြင်ကိုထွက်ပြီး ရှင်းရ တယ် အဲဒီမှာ လူငယ်တွေနဲ့ တက်ကြွတဲ့မြန်မာတွေက မေးတဲ့မေးခွန်းတွေကို ဦးမြင့်ထွန်းက ကောင်း ကောင်း မွန်မွန် ဖြေမသွားနိုင်ပါဘူး သူမဖြေသွားတဲ့နောက်ဆုံးမှာ သူဟာသံရုံး တံခါးကို အတင်းပိတ်ပြီးတော့ "ခင်ဗျား တို့က စကားအနိုင်လုတာပဲ" လို့ပြောပြီးတော့ အဲဒီသံရုံးနောက်ဆုံးပိတ်တဲ့ အချိန် မှာ ကျနော်တို့နဲ့ ဆက်ဆံရေး ဟာ အရင်ကထက်ပိုပြီးဆိုးသွားတယ်လို့တောင် ကျနော်ထင်တယ်။


ဆက်လက်ပြီး ကိုကျော်စိုးမှ - သံရုံးဘက်က စည်းကမ်းသတ်မှတ်ချက်တွေကို တစ်ယောက်တစ်မျိုး ပြောတဲ့ အခါမှာ ကျောင်းသားလူငယ်တွေနဲ့ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွတဲ့ ကျောင်းသားလူငယ်တွေက မေးခွန်း တွေ ၀ိုင်းမေးကြတဲ့အခါမှာ သူတို့ဟာ ကောင်းကောင်းမွန်မွန်ဖြေမပြနိုင်ဘူး
မေးခွန်းတွေကိုမဖြေပြနိုင်တဲ့အခါကျတော့ ဆက်ဆံရေးက ပြန်ပြီးတော့ အဆင်မပြေတဲ့ပုံစံမျိုး ပြန်ဖြစ် သွားတာပေါ့ဗျာ၊ ဒါပေမယ့် လူငယ်တွေဘက်ကတော့ ဘာမှသံသယမရှိပါဘူး အကူအညီလိုရင် အကူအညီပေးမယ် အဆင်သင့်ရှိပါတယ် ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တွေဟာ အမျိုးသားရေးစိတ်ဓါတ်နဲ့ လာရောက်ကူညီတာဖြစ်တယ် မြန်မာနိုင်ငံသားအားလုံးဟာ မဲပေးပိုင်ခွင့်ရှိရမယ် ဆိုတာကို ယုံကြည်တဲ့အတွက် တွေ့ရာကြုံရာမှာ ကူညီနေကြတာ။


ကျောင်းသားတွေဘက်က မဲပေးတဲ့ကိစ္စဟာ အမျိုးသားရေးကိစ္စတစ်ခုဖြစ်လို့ ကူညီသင့်လို့ အကူအညီပေးတာပါ အဲဒီအတွက် သံရုံးဘက်က အသိအမှတ်ပြုရင်လဲပြုလိမ့်မယ် ပြုချင်မှလဲပြုလိမ့်မယ် ဒါပေမယ့် ကျနော်တို့ကတော့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ကူညီစရာရှိတာကို ကူညီမှာပါ။ မနက်ဖြန်မှာ ကျနော်တို့ခန့်မှန်းချက်အရ တနင်္ဂနွေအားလပ်ရက်ဖြစ်တဲ့အတွက် လူတွေဟာ ဒီနေ့လာတဲ့လူတွေထက် အဆပေါင်းများစွာလာပါလိမ့်မယ် ဒီနေ့သံရုံးဘက်ကနေ လုပ်ပုံလုပ်နည်း လုပ်ထုံးလုပ် နည်းများနဲ့ သွားလို့ရှိရင်တော့ ပြဿနာပေါင်းများစွာကို ဖြေရှင်းလို့မရအောင်တက်ပါလိမ့်မယ် ဟု ကိုကျော်စိုးမှ ပြောကြားကြောင်းသတင်းရရှိပါသည်။

(၂၇) ရက်နေ့တနင်္ဂနွေနေ့တွင် စင်္ကာပူနိုင်ငံရှိ လူငယ်အများအပြား မဲရုံသို့သွားရောက်မဲပေးကြမယ်လို့လည်း စင်္ကာပူနိုင်ငံနေ့စဉ်ထုတ်သတင်းစာများနဲ့ ရုပ်မြင်သံကြားသတင်းများအရ သိရှိရပါသည်။

ဂျေမိုး ဧပြီ ၂၆၊ ၂၀၀၈။


အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */