“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 01, 2008

ကိုခန့်မောင်၏ မုန်တိုင်းသတင်း ( Cbox မှ)

နာဂစ် ခေါ် ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့တွင် အဆင့်နှစ်မှ အဆင့်တစ်သို့ ပိုမိုပြင်းထန်လာသည်။ မုန်တိုင်း ၏ အချင်းဝက်သည် မိုင်တရာကျော် အမြင့်သည် ဆယ်မိုင်ကျော်အထိ ကြီးမားကျယ်ပြန့်လာသည်။
မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တနာရီ မိုင်တရာကျော်လာပြီဖြစ်သည်။ ရန်ကုန်မြို့၏ အနောက်ဘက်မိုင် ၃၇၀တွင်ရောက်ရှိနေပါပြီ။ မူလခန့်မှန်းထားသော ၂ရက်နေ့သန်းခေါင်ယံထက်စောမည်ဖြစ်သည်။
ဂွမြို့နှင့်သံတွဲမြို့သည် အနီရောင် စိုးရိမ်မှတ် တွင်ရှိနေသည်။
ရန်းဗြဲ မန်အောင်နှင့် ပုသိမ်တို့သည် အ၀ါရောင်စိုးရိမ်အမှတ်တွင်ရှိနေသည်။ အဆိုပါနေရာမှ ရှေ့မြောက်ယွန်း ယွန်းသို့ တစ်နာရီ ရေ(၇)မိုင် နှုန်းဖြင့်ရွေ့နေသည်။.
၃ရက်နေ့ နေ့လည်တွင် ကယားနှင့်ရှမ်းတောင်ကြားသို့ရောက်မည်ဟု ခန့်မှန်းကြသည်။ ဖျက်ဆီးအားကြီးမား မည်ဖြစ်သောကြောင့် လမ်းကြောင်းကျနေသော မြို့ရွာများသို့ လက်လှမ်းမီသလောက် အကြောင်းကြား သတိ ပေးကြပါ။
အချင်းဝက်မိုင်၂၀ အတွင်း လေတိုက်နှုန်း မိုင်တရာကျော်သည်။ အချင်းဝက်မိုင် ၂၀ မှ ၁၂၀ အတွင်း မိုင် ၅၀ မှမိုင် ၈၀အတွင်းရှိသည် တတိယ လှိုင်းလုံကြီးများ မုန်တိုင်းသည် လက်ယာရစ် လည်သည်။ မုန်တိုင်းတွင် အဖျက်စွမ်းအား ၃မျိုးရှိသည်။
ပထမ မိုးသည်းထန်စွာရွာခြင်းဖြစ်သည် ရေကြီးခြင်း တမံကျိုးခြင်း တောင်ပြိုခြင်းများဖြစ်နိုင်သည်။
ဒုတိယ လေပြင်းထန်ခြင်း။
ဒုတိယ လှိုင်းကြီးခြင်း။ ။မုန်တိုင်းစင်တာနှင့် မုန်တိုင်းစင်တာလမ်းကြောင်းဦးတည်ရာ၏ ညာဘက်တွင် လေမှ တွန်းတင်ထားသောလှိုင်းလုံးကြီးများက ကမ်းခြေသို့ဝင် ဆောင့်တတ်သည်။ ယခု လှိုင်းများ ၂၇ပေထိမြင့်မည်ဟု ခန့်မှန်း နေသည်။
သိချင်တာတွေ မိုးလေ၀သ ဖုန်း 01 665944 သို့ဖုန်းဆက်မေးနိုင်ပါသည်။

ကျေးဇူးတင်ပါသည် ကိုခန့်မောင်။ အရေးကြီး သတင်းများ အချိန်မှီ လာရေးပေးပါ။ တင်ပေးပါ့မယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */