“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 22, 2008

ထောက် ခံ မဲ ထည့် ရန် မဲခိုးနေခြင်း။

လောဘ ကြီး တဲ့ (န.အ.ဖ) ရန် ကုန် မြို့ ပေါ် မှာ တောင် ဗျောင်ကျကျ လုပ်တာပါပဲ။ ရန် ကုန်တိုင်း လမ်း မ တော် မြို့ နယ် အ တွင်း ဆန္ဒ မဲ များ ကြို တင်လာရောက်ပေးရန် နည်းအမျိုးမျိုး နှင့် သက်ဆိုင်ရာ (မ.ရ.က)(ရ.ယ.က) (ကြံ့  ဖွံ့ ) ------စ သည် အ ဖွဲ့  အ စည်း များ က စည်း မဲ့ ကမ်း မဲ့ ၊ဥပဒေ မဲ့ စွာ ပြု လုပ် ကြိုး ပမ်း နေ ပါ သည် ။

( အန္တရာယ် ရှိသည် ဟု ထင်ရသော အတိုက်အခံ ပြု သူ များ၏ အိမ် များ မှ လွဲ ပြီး) အိမ် ပေါက်စေ့ နီးပါးသို့  ဆန္ဒမဲ ပြား များ ကို လိုက်လံ ဝေငှကာ ထောက်ခံမဲ ထည့် ရန် တိုက်တွန်းခြင်း ပြုနေပါ သည်။ ပြည်သူလူ ထုကို ခြိမ်း ခြောက် ဖိ အား ပေး သော နည်းတစ်ခု မှာ မဲ ပြားများ၏ နောက်ကြောတွင် လက်ခံအပိုင်း နှင့် မဲထဲ့ ရမည့်  မဲ ပြားအပိုင်း နှစ်ဖက်စလုံး တွင် တူ ညီ သော အ မှတ် အ သား နံ ပါတ် များ ရိုက်ထား ခြင်းပင် ဖြစ် ပါ သည်။ ထို့  အတွက်မိ မိထဲ့ ခဲ့သည့်  မဲ တွင်ဘာထဲ့ ခဲ့ သည် ကို ပြန် လည် စစ်ဆေး နိုင် သည် ဟု သဘော ပေါက်ကာ ပြည် သူ အများက ပေး ရ သော မဲ မှာ လျှို့ ဝှက်မဟုတ် ပဲ ဗျောင် မဲ ပေးရသော စံ နစ် မျိုး ဖြစ် နေ သ ဖြင့် မိ မိ ဆန္ဒ ကို ရဲ ၀ံ့ စွာဖေါ်ထုပ် ရန် အခက်တွေ့  နေရပါ သည် ။ တ ချို့  ရပ် ကွက် များ တွင် မူ ဝေ ငှ သွား သော မဲ ပြား နှင့် အတူ ၊ ဆက်သွယ်ရန် ဖုံးနံပါတ် ကို ပင် ရေး ပေး ခဲ့ ပါ သည် ။ လမ်း မ တော် မြို့  နယ် (၁၀)လမ်း အ တွင်း ဝေငှသော မဲ ပြား များတွင် ကြံ့  ဖွံ့  (ရဲ နိုင်) ခေါ် (ရွှေ တိုး) ၏ အ မည် နှင့် ဆက် သွယ် ရန် ဖုန်းနံပါတ်ကို ပင် ပေါ်ပေါ်ထင် ထင် ရေး ကာ အိမ်တံ ခါး များ တွင် လိုက်လံချိတ်ဆွဲ ကာ ထောက် ခံ မဲ ထဲ့ ပါ ။ ပြီး လျှင် ကော်ဖီမစ် ထုတ် ယူ ပါ ဟူ ပြီး။ အ ရှက် မဲ့ စွာ ။ အောက်တန်းကျစွာ ။ စည်း မရှိကမ်းမရှိ ။ မဲ သူ တောင်း စား များ က အ တင်းအဓမ္မမဲတောင်း နေ ပါ သည်။ တရား ဥပဒေ ဆို တာ မ ရှိ တော့ ပါ။
(သနားစရာ ကောင်း လေ စွ။ ရာ ခိုင် နှုန်း ၁၂၀ လောက် ထောက် ခံ မဲ လို ချင် နေ ပါ လား)

ဒီ သ တင်း ကို ဖြန့်  ဝေ ပေး ကြ ပါ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */