ဂျေမိုး ဧပြီ ၂ ရက် ၂၀၀၈။
စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆန္ဒမဲပေးရမည့်ရက်ကို ဒုတိယအကြိမ် သက်တမ်းတိုးပေးလိုက်ပါသည်။ ယခုအကြိမ်သက်တမ်းတိုးရာတွင် နံနက်(၉)နာရီမှ နေလည်(၁)နာရီအထိ နေ့တစ်ဝက်သာဖြစ်ပြီး ဒုတိယ အကြိမ်သက်တမ်းကို "မေလ(၃)ရက်နေ့မှ(၉)ရက်နေ့အထိ" တိုးမြှင့်လိုက်ကြောင်း မြန်မာသံရုံးအ၀င်ပေါက် တံခါးနံရံတွင် ကပ်ထားခဲ့ပါသည်။ သံရုံးနှင့် ပတ်သက်သော ကိစ္စများကိုလည်း ၄င်းရက်များတွင် ရပ်နား ထား မည်ဖြစ်ကြောင်း စာကိုလည်း သံတံခါးဝတွင်ပူးတွဲ ကပ်ထားပါသည်။
စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆန္ဒမဲပေးရမည့်ရက်ကို ဒုတိယအကြိမ် သက်တမ်းတိုးပေးလိုက်ပါသည်။ ယခုအကြိမ်သက်တမ်းတိုးရာတွင် နံနက်(၉)နာရီမှ နေလည်(၁)နာရီအထိ နေ့တစ်ဝက်သာဖြစ်ပြီး ဒုတိယ အကြိမ်သက်တမ်းကို "မေလ(၃)ရက်နေ့မှ(၉)ရက်နေ့အထိ" တိုးမြှင့်လိုက်ကြောင်း မြန်မာသံရုံးအ၀င်ပေါက် တံခါးနံရံတွင် ကပ်ထားခဲ့ပါသည်။ သံရုံးနှင့် ပတ်သက်သော ကိစ္စများကိုလည်း ၄င်းရက်များတွင် ရပ်နား ထား မည်ဖြစ်ကြောင်း စာကိုလည်း သံတံခါးဝတွင်ပူးတွဲ ကပ်ထားပါသည်။
တပ်မတော်အစိုးရမှ ပြဌာန်းထားသာ "ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေ အမှတ် (၁/၂၀၀၈)" အခန်း(၅) မဲစာရင်းများပြုစုခြင်းခေါင်းစဉ် အပိုဒ် ၁၁။ အပိုဒ်ငယ် (က) တွင် ဖေါ်ပြ ထားသော-
(က) ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲစာရင်း တင်သွင်းရမည်။
ဟုဖေါ်ပြထားခဲ့ပါသည်။
ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈) အခန်း(၄) အပိုဒ် ၆၊ အပိုဒ်ငယ် (ဇ) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများနှင့် စပ်လျဉ်း၍ ဖေါ်ပြထားသော-
(ဇ) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများ ဆန္ဒမဲ ပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် သက်ဆိုင်ရာသံရုံးအကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ ပေးပို့ခြင်း။ ဟု ဖေါ်ပြခဲ့သော်လည်း သံရုံးမှ ဖိတ်စာရရှိသူများသာ မဲပေးခွင့်ရရှိခဲ့ပြီး စင်္ကာပူရှိမြန်မာ အများစုမှာ မဲပေးခွင့်မ ရရှိဟု သတင်းရရှိပါသည်။ ၄င်း မဲပေးခွင့်မရသူများ ကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်များမှာ ပြည်ထဲ ရေးဝန်ကြီးဌာနတစ်ခုတည်းမှ ထုတ်ပေးထားခြင်းဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
မြန်မာသံရုံးဝန်ထမ်းများ၏ လုပ်ရပ်နှင့်ပတ်သက်၍ ဆန္ဒမဲပေးပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်းကို စင်္ကာပူရောက် မြန်မာကျောင်းသားလူငယ်တစ်ဦးမှ "သံရုံးမှလုပ်ထုံးလုပ်နည်းများဟာ တရား ဥပဒေနည်းလမ်းတကျလုပ်တာမဟုတ်ဘူး မဲရုံမှူး လုပ်ထုံးလုပ်နည်းနဲ့မကိုက်ညီဘူး စတာတွေဟာ ပြည်သူ လူထု အပေါ် ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားရှိခြင်း မဟုတ်ဘူး ဒါကြောင့် မကျေနပ်ဘူး" ဟု ပြောပြခဲ့ပါသည်။
စင်္ကာပူနိုင်ငံရှိ အင်ဂျင်နီယာတစ်ဦးမှလည်း "အခုကျင်းပခဲ့သော ဆန္ဒခံယူ ပွဲမှာဖြစ်စဉ်တစ်ခုလုံးကိုကြည့်ရင် အတုအယောင် သက်သက်သာဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ် ဘာဖြစ်လို့လဲဆိုတော့ မဲပေးနိုင်တဲ့သူတွေကို မဲပေးနိုင်အောင်လုပ်ပေးမထားဘူး တကယ်မဲ လာပေး တဲ့သူတွေရဲ့ ၂၀% လောက်သာ မဲပေးခွင့်ရရှိခဲ့တယ် ဒီသက်သေတွေကို ကျွန်တော်တို့က ထုတ်ပြန် ကြေညာချက်တွေ ထုတ်ထားရမယ် နောင်တချိန်မှာ မေလ (၁၀) ရက်နောက်ပိုင်းမှာ ဆန္ဒခံယူပွဲကို အတင်း အဓမ္မ အတည်ပြုပြီး အတည်ဖြစ်သွားခဲ့ပြီဆိုရင် ကျွန်တော်တို့က အဲဒီသက်သေ အထောက် အထားတွေကို ထုတ်ပြသင့်တယ်" ဟု ပြောပြခဲ့ပါသည်။
မဲပေးခွင့်ရှိသူစာရင်းပြုစုခဲ့ပုံ မဲရုံတည်ဆောက်ပုံနဲ့ မဲပေးခဲ့သည့်ဖြစ်စဉ်တစ်ခုလုံးမှာ တရားဥပဒေနှင့် မညီညွတ်သည်များရှိခဲ့ကြောင်း သတင်းများရရှိခဲ့ပါသည်။ ဆန္ဒမဲပေးလာသူများသည် ယခင်ရက်များတွင် NO တံဆိပ်ပါအင်္ကျီ၊ဦးထုပ်များ ဝတ်ဆင်ခဲ့ကြပြီး မေလ(၁) ရက်နေ့တွင်မူ ထီးများ၊ ယပ်တောင်များပေါ်တွင် ကြက် ခြေခတ်ပုံစံနှင့် NO တံဆိပ်ရိုက်နှိပ်ထားကာ မိမိတို့ဆန္ဒများကို လူမြင်ကွင်းတွင်ထုတ်ဖေါ်ပြသခဲ့ကြောင်း သ တင်း ရရှိပါသည်။

0 comments:
Post a Comment