“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 01, 2008

မြန်မာပြည်ကို လာကြမယ့် နိုင်ငံခြားသားခရီးသည်တွေနဲ့  အလည်လာသူတွေကို စစ်ဆေးရမယ်တဲ့။


















ဒီစာကိုကြည့်ခြင်းအားဖြင့် -

မေလ (၁) ရက်နေ့ ကနေ (၁၅) ရက်အတွင်း မြန်မာပြည်ကို အလည်လာကြမယ့်သူတွေကို အထူးစစ်ဆေးရမယ်လို့  ဆိုလိုထားတာဘဲ။

နအဖ အနေနဲ့  သူတို့ ရဲ့  အတုအယောင်အလိမ်အညာ မဲဆန္ဒခံယူပွဲကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့  ကမ္ဘာပြည်သူတွေ အရှေ့ မှာ မပြရဲဘူး၊ သူတို့ ရဲ့  ကလိမ်ကကျစ်ဥာဏ်နဲ့  ကြိုတင်လက်ဝါးရိုက် စီစဉ်ထားတဲ့ အလုပ်တွေမှာ ၀င်ရောက်လေ့လာ သုံးသပ်မှာကို အထူးစိုးရိမ်ကြောက်လန့် နေတာလည်း ပါတယ်။

ပြီးတော့ သူတို့ ကို ထိခိုက်မယ့်ဟာတွေများ ပေါ်ပေါက်လာရင် ခရီးသွားလုပ်ငန်းဌာနတွေရဲ့ တာဝန်ဖြစ်တယ်လို့  ခြိမ်းခြောက်ပြောဆိုထားတာလည်း ဖြစ်တယ်။

ဗီဇာဝင်ခွင့်ရလို့  အလည်လာခွင့်ရှိရင်တောင် အလည်လာသူတွေကို မျက်ခြေမပြတ် နောက်ကနေ လိုက်ချောင်းမြောင်းပြီး စောင့်ကြည့်နေမှာ သေချာတယ်။

နောက်တစ်ချက်ကတော့ နအဖဗိုလ်ချူပ်ကြီးတွေကများ စိတ်မသက်မသာဖြစ်တာများရှိလို့  ပြောဆိုကြိမ်းမောင်းလာရင် အထက်ဖား အောက်ဖိဆိုတဲ့ သူတို့ ရဲ့  အကျင့်အတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၀န်ကြီးနဲ့  ညွန်ကြားမှုဦးစီးဌာန ဦးဆောင်ညွန်ကြားရေးမှူးတို့ က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကို လက်ညှိုးထိုးအပြစ်ပုံချပြီး အရေးယူဖို့ အတွက် တာဝန်မဲ့ ခေါင်းရှောင်စိတ်နဲ့  အချင်းချင်းထိုးကျွေးတဲ့ပုံစံဖန်တီးတာဘဲ။

အဓိကကတော့ နအဖဟာ သူတို့ လုပ်ဇာတ်ခင်းထားတဲ့ မဲဆန္ဒခံယူပွဲကို အများအမြင် ကမ္ဘာအမြင်မှာ ထုတ်ဖေါ်မပြရဲဘဲ၊ သူ့ လူနဲ့ သူတို့ ဘာသာ ကြိတ်ပြီး လုပ်ချင်ရာလုပ်မယ်လို့  အချိုးကို ပြတာဘဲ။

ပြည်သူတွေအနေနဲ့  နအဖရဲ့  ကောက်ကျစ်မှုမှန်သမျှကို ပိုင်ပိုင်နိုင်နိုင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဖေါ်ထုတ်တင်ပြကြပါလို့  အထူးတိုက်တွန်းလိုက်ပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */