“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 22, 2008

ရိုး လွန်း တော့  (အ)

၂၀၀၈ ခု နှစ် ၊ မေလ (၁၀) ရက် တွင် မဲ ပေးရန် နှိုးဆော်စာ (၈.၅x၄.၅) လက္မ အ ရွယ်၊ စာများ ရပ်ကွက်များ အတွင်းလိုက်ပြီး အိမ် ပေါက် စေ့ အောင် ပေးနေပါသည်။ ထို စာရွက်များ ကို (ရ.ယ.က) များက လိုက်ပြီး ဝေငှ နေသော် လည်း၊ စာများမှာ ရုံး စာ နှင့် မ ညီ ညွတ် ပါ ။ ရုံး တံ ဆိပ် ။ စာအ မှတ် ။ ရက် စွဲ ။ ဘာ မှ မ ပါ ရှိ ပါ ခင်ဗျား။

စာ ၏ အောက်ခြေတွင် လည်း ဘာလက်မှတ်မှ ထိုး မထား ပါ ။ ရပ်ကွက် အမှတ် လည်း ရေး သွင်း ထား ခြင်း မ ရှိပါ။

ဥ က္က ဌ

အမှတ် ( ) ရပ် ကွက် ကော် မ ရှင်

--------------မြို့  နယ်

ထို မျှသာ ဖေါ် ပြ ထားသော နှိုး ဆော် စာ နှင့် တွဲ ပြီး ကလစ် နှိပ်ထား သော နောက် စာတစ်ရွက် ကတော့ ထူး ပါ သည်။

စာရွက်ဆိုဒ် က သေးသေး(၂x၂.၅) လက္မ လောက် သာ ရှိ ပါ သည်။ ထောက်ခံဆန္ဒ မဲ အ မှန် ခြစ် ထား သော ပုံကတစ် ဖက်။

နောက် ကြော ဖက် မှာ က မဲ ပေး မည့် သူ ၏ (နေ ရပ် လိပ် စာ။ မဲ ပေး ရ မည့်  အ မှတ် စဉ် ။ အ မည် ) တို့  ကို ရေး သား ထား သည်။

ထိုစာရွက်ကြောင့် မဲ ပေးမည့်  သူများ အထိတ် တလန့်  ဖြစ် နေ ကြ ပါ သည်။ မဲ ပြား၏ နောက် တွင် အ မှတ် အ သားများ

အ ပြည့် အစုံ ရေးသားထား သည် ဆို ပြီး မိ မိ ဆန္ဒ ကို လွတ်လပ်စွာ မဖေါ်ထုတ်ရဲ ပဲ တ နိုင် ငံ လုံး နီး ပါး အ ကြောက် တ ရား ဖြင့် အနိုင်ကျင့် ခံခဲ့ရပါသည်။ မှတ်ထား ပြီး ရန်ရှာမည် စိုးနေကြ ပါ သည် ။

(န.အ.ဖ) ၏ လှည့်ကွက် ဖြစ် ပါ သည် ။ ထို စာရွက် ကလေးက အ မှန် တ ကယ် မဲ ပြား မ ဟုတ် မှန်း ပြည် သူ အ များ မသိ ပါ။

ထောက်ခံ မဲ ပေး ကြ ပါ ဟု တောင်းသော စာရွက်မျှ သာ ဖြစ်ပါသည်။ ထို စာရွက် ကို မဲပုံးထဲ ထဲ့ ရန် မဟုတ် ပါ ။ မဲ ပြား အစစ် ကို မဲ ရုံ တွင် တောင်း ယူ ရ မှာ ဖြစ် ပါ သည် ။ ရှင်းစွာ မသိ သော သူ များ က ကန့်  ကွက် မဲပေးလို သော် လည်း ၊

ထို မဲ ပြား ပုံစံ ထောက်ခံပြီးသား စာရွက်နှင့် မိမိ၏ အမည်နေရပ် များအမှတ်စဉ်များ ကြောင့် ၊မဲရုံသို့  မသွား တော့ ပဲ စိုး ရိမ်စိတ် ကြောက်စိတ်များ ဖြင့် မဲ မပေး ကြတော့ သဖြင့် ထို မဲအားလုံး ထောက်ခံမဲ တွေဖြစ်ကုန်ပါ သည်။

ဒါ တွေ အား လုံး (န .အ . ဖ) စံ နစ် တ ကျ အပစ် လွတ် အောင် ခြိမ်း ချောက် လှည့်  စား ခြင်း ပင် ဖြစ် သည်။

မဲ ရုံ ကို သွား ပါ ။ မဲ ပြား အ စစ် ကို တောင်း ပါ ။ အ မှတ် အ သား များ ပါ နေ ပါ က ပြန် လဲ ခိုင်းပါ ။

အ နိုင် အ ရှုံး အ ဓိ က မ ဟုတ် ပါ ။ မိ မိ ဆန္ဒ ကို ရဲ ရဲ ၀ံ့ ၀ံ့ ဖေါ် ထုတ်ပါ။ လိမ် မည့်  သူ က သူ့  အ လုပ် သူ လုပ် ပါ လိမ့် မည်။

မိမိ တို့  ကို (အ) သူများ လို့  အထင် မ ခံ ပါ နှင့် ။

အမှန် ကို သိအောင် တင်ပြ ပါ သည် ။ မဲစာ ရွက် အ စစ် ကို မဲ ရုံ သို့ သွားပြီး တောင်း ယူ ကြ ပါ။

မိမိ ဆန္ဒ ကို အ ရှုံး အ နိုင် မ တွက် ပဲ ရဲ ရဲ ဖေါ် ထုတ် ကြ ပါ။

မြန် မာ တွေ မ (အ) စေ ချင် ပါ ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */