“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 23, 2008

ဒုက္ခသည်များ၏ ကျောမှ ဒဏ်ရာများအကြောင်း

လူသား ဆိုသူ ပြည်ချစ်သား အာဇာနည် တဦးမှ ပေးပို့ တဲ့ cbox ကသတင်းလေးပါ
" မုန်တိုင်း ဒါဏ်ခံပြည်သူ တချို့ ကျောကုန်းမှာ မီးလောင် ဒါဏ်ရာလိုမျီုးသည် နအဖမှ Napalm ခေါ် ဓါတု လက် နက်များ ၄င်းစစ်သဘောင်္ပျက်ရာ မှ ရေထဲ မျောပါပြီိး ရွာသားများကို ထိခိုက်စေခြင်း ဖြစ်ကြောင်း သိရသည်"

ဖြစ်နိုင်ချေ များစွာရှိကြောင်းသိရှိရ ပါသည်။ ဒဏ်ရာ၏ lesion များသည်. chemical burn တခုခု ဖြစ်မည်ဟု သံသယ ဖြစ်ဖွယ် ဖြစ်ပါသည်။ ကျောပြင် တပြင်လုံး အပူလောင်သကဲ့သို့ ဒဏ်ရာများ video နှင့် ဓါတ်ပုံများတွင် ကြည့်ရပါသည်။ လူနာ၏မျက်နှာ မှာလည်း အလွန် အမင်း နာကျင်မှု ခံစားရဟန်ပေါ်ပါသည်။

Napalm ဆိုသည်မှာ မီးလောင်ဗုံး ပြုလုပ်သော ဓါတုပစ္စည်း တခုဖြစ်ပြီး ပေါင်ဒါမှုန့် အသွင်ရှိကာ.လောင်စာင်္ဆီဖြင့် ရောနှောကာ အသုံး ပြုရသော ကျောက်ကျောကဲ့သို့ ချွဲပြစ်ပြစ် အရာဝတ္တုဖြစ်ပါသည်။ စစ်သင်္ဘောများမှ..ကမ်းခြေ.ရှိ မြက်ပင် ကိုင်းပင် သစ်ပင် လမုပင် ခြုံနွယ် ထူတပ်ရာ နေရာများ ကိုရှင်းလင်းရန် အသုံးပြုသောဓါတုပစ္စည်းဖြစ်ပါသည်။ စစိသင်္ဘောများရေ မြုပ်သောအခါမှာ..ရေတွင် မျောလာပြီး ပတ်ဝန်းကျင်မှ လူများကို နာကျင်အပူလောင် စေခြင်းဖြစ်ပါသည်။ ( ဆက်လက် ရှာဖွေ ဖေါ်ပြသွားပါမည်)

လူနာများကို ကုသပေးသော ကယ်ဆယ်ရေး လုပ်သားများမှ ဒဏ်ရာရ ဓါတ်ပုံ။ ဆရာဝန်မှတ်ချက်။ ဆေးကုသမှူ မှတ်တမ်းများ ရှာဖွေ ရရှိနိုင်ပါက. တာဝန်သိ ပြည်သူများမှ ပို့ ပေးနိုင်ပါသလား။ ဓါတု လက်နက် ဟုတ်မဟုတ် ဓါတု စစ်လက်နက် ကျွမ်းကျင်သူများ စစ်ဆရာဝန်များ။ ဓါတုဗေဒ ပညာရှင်များ အား.ဆက်သွယ် သုတေသနလုပ် တင်ပြပေးသွား ပါမည်။

အချင်း ဖြစ်ပွါးသောနေရာ။ မည်သို့ နာကျင်မှူမျိုး ခံစားရခြင်း။ ဒဏ်ရာ၏ သွင်ပြင်သဏ္ဍာန်.။ အတိမ်အနက် အကြီးအကျယ်။ အသေးစိတ် ဖေါ်ပြပေးပါက..အတတ်နိုင်ဆုံး အမှန်အကန် ကို သိပ္ပံပညာ ရှူထောင့်မှ.ရှာဖွေ ဖော်ထုတ်ပေးမည်။

အဆိုပါ ဓါတုလက်နက်တွင် မည်သည့် Chemical ပေါင်းစပ်ပါဝင်ကြောင်း ( material Safety data sheets ) ဒဏ်ရာရသူကို မည်သို့ ပြုစု စောင့်ရှောက်သင့်ကြောင်း ( first Aids) နှင့် မည်သို့  အန္တရာယ်ကင်းစွာ ရှင်းလင်း ရန် လိုအပ်ကြောင်း ( how to clean when chemicals leak and spill) ။ မည်ကဲ့သို့  အန္တရာယ်ကင်း ၀တ်စုံများ အသုံးပြုရန်လိုအပ်ကြောင်း ( Personal Protective Equipments.နှင့် workers protection standard)။ ပတ်ဝန်းကျင် နှင့် ရေ တွင် မည်သို့ ဆိုးကျိုးများ သက်ရောက်နေကြောင်း (environmental Hazards to Humans and animals) တို့ ကို ရှာဖွေတင်ပြပေးသွားပါမည်။

အသက်အန္တရာယ် လုံခြုံ ဘေးကင်းရေးက အဓိကပါ။ အားလုံး ဘေးရှင်းကြပါစေ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */