“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 23, 2008

မင်းလူတွေ ငတ်နေ၏။ မင်းကလည်း အဖြစ် မရှိ။ .ငါတို့ ကယ်မယ် မင်းငြိမ်ငြိမ် ထိုင်ကြည့်။


ဘစ်ကီ..ဗမာပြည်ရောက်ပြီး အခု...သူ အသည်းကွဲ နေသည်။ သိန်းစိန် ကြွေးသော ၀ဲခြီး ညစာစားပွဲကြီးက အစာတွေ မစားနိုင်..နေလည် ကလူသေကောင်ပုပ်နံ့ က အခုထိ နှာခေါင်းထဲစွဲနေဆဲ။ ဆာလောင်နေသော ခလေးလေး တွေ မျက်နှာဘဲ သူ မြင်နေသည်.။

တဲပြာကြီးထဲက ၀၀ဖြိုးဖြိုးနဲ့ တွေ့ ရသူတွေ က တနေ့  ၂၀၀၀ စား ဒုက္ခသည် အတုတွေ။
ပုတ်စော်နံ ရေမြောင်းဘေးထဲ ခနော်နီ ခနော်နဲ့ တဲလေးတွေထဲက ပိန်ညောင်ညောင်.ကိုယ်ပေါ်ချေး အထပ်ထပ်.မိန်းမတွေနဲ့ ခလေး တွေ က ၃ ပတ် အစာပြတ်နေတဲ့  တကဲ့ ဒုက္ခသည်တွေ။

ကုလ အတွင်းရေးမှူး နေရာရပါတယ်ဆို တဲ့နောက် ကျုပ်ခေသူ မဟုတ်တာ..သန်းရွှေသဘောပေါက်ဖို့ တော့ ကောင်းပြီ။ ကျုပ်ကို ဒီလို လာညာရမလား..လူ အမှမဟုတ်။ ကျုပ်က သေနတ်ပြ နေရာယူ ထားတဲ့သူမဟုတ်။ မတန်ရာ မတန်ရာ..ရက်ရက်စက်စက် အကြင်နာ မရှိသူ မဟုတ်။

မြောက်ကိုရီးယားက..လူယုတ်ခေါင်းဆောင်တယောက်..အမျိုး ချင်း ကိုး လိုး ကန့် လန့် လုပ်နေတာ ကိုရီးယား တယောက် အနေနဲ့  ကျုပ် ရှက်ရတဲ့ကြား ခင်ဗျားကလည်း တူတူဘဲ။ မြန်မာ အချင်းချင်းသတ်တဲ့  သန်းရွှေ.ကျုပ်စိတ်မရှည်တော့ဘူး။

ခင်ဗျား အသုံးမကျ ပါးစပ်ပိတ်နေ။.သူတောင်းစားရှင်ဘုရင်..လူ အထင်မကြီးဘူး။ အစက တော့ကျုပ်ကယုံသေးရဲ့။

မုန်တိုင်းဘေး က သင့် လည်း အကူငွေ ဒေါ်လာ ဘဲပေး။ အစာ နဲ့ဆေးဘဲပေး..ကူမဲ့ လူမလိုဘူး။ နိုင်ငံခြားကလူ လာကူ စရာမလိုဘူး။ ကျူပ်တို့ မှာ ကျွမ်းကျင်သူတွေ ရှိတယ် တဲ့။ အမလေး ကျုပ် လာကြည့်တော့မှ..ကျွမ်းကျင်သူ တွေ ကယ်ထားတဲ့ ဘူရားစူး ဒုက္ခသည်။ ငါးဖောင်ရိုးသာသာရယ်။
ရေပတ်လည်က ၀ိုင်း။ အိမ်မရှိ တဲကလေးက လေးတိုင်စင်တပိုင်း
ပိန်ညောင်စုတ်ပြတ်.. အစာရေစာငတ်. သေတော့မဲ့ လူက ၂သန်းခွဲ..ကျုပ်မကယ်ရင်.အားလုံး ကာလနာတိုက် သေကုန်တော့မယ်။

မင်းနေဗီ ကဘုတ်တွေလည်း ရေမြူပ်.. မင်း ရဲ့ ၅ သိန်းရှိ စစ်တပ်ကလည်း အထုတ်သယ်ရုံဘဲ တတ်။
အလောင်းတွေ ရေထဲ မျောရုံဘဲ တတ်။ ကဲ လျှာမရှည်နဲ့  ဟေ့ကောင်..မင်း ထက် ငါ လက်သံ ပြောင်တယ်။

ငါတို့ ကူမယ်။။ မင်း ဘေးဖယ်ရပ်တော့...တယ်..ပြောလိုက်ရမကောင်း ( ကိုရီးယား ရုပ်ရှင်ထဲကလို ဘစ်ကီ ..ဒေါခီး..နေပါသည်) ဒီ ကိုရီးယား ရုပ်ရှင်..မနက် ဖန် ဆက်ကြည့်ပါ။ ဆက်ရန်ရှိသည်။

ရွေဘက ကြမ်း ချင်နေပြီ။

U.N. chief in Myanmar: Let us help

International aid is needed to help cyclone-ravaged Myanmar because the country is not equipped to handle the devastation, U.N. Secretary-General Ban Ki-moon told Myanmar's prime minister Thursday..

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */