“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 03, 2008

အထူးပင် ကျေးဇူးတင်ပါသည်။

အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေကြသော်လည်း.မြန်မာ မှန်လျှင်ချစ်သောအမိမြေကို မြန်မာမှန်သမျှ သတိတရ..အောင်းမေ့ လွမ်းဆွတ်သကဲ့သို့ ။ မြန်မာ အစားအစာများကို လက်နဲ့ အားပါးတရ စားမှ မြိန်ယှက်သကဲ့သို့ ။ မြန်မာ စကားကို ပြော။ မြန်မာစာပေဖတ်။ မြန်မာသီချင်းဆို။ မြန်မာရုပ်ရှင်ကြည့်။ မြန်မာ့သင်္ကြန်ပွဲသွား။ မြန်မာမှုခုံမင်။ မြန်မာဝတ်စုံကို ချစ်ခင်။ မြန်မာ အချင်းချင်းဘဲ ကြင်ဖက်ရှာချင်။ မြန်မာ့ လူမှုရေးအသိုင်းအ၀ိုင်းထဲကူညီ။ မြန်မာ ဘုန်းကြီးကျောင်းများဆွမ်းပို့ ကြသည်။
မြန်မာအချင်းချင်းရိုင်းပင်း။ ရွှေပြည်ဝေး သိုက်မြုံကွဲဌက်များအချင်းချင်း။ အားပေး ခေါ်ငင်။ ချစ်ခင်ပြူဌာခြင်း များ တို့အပြင် ပြည်တွင်းရှိ သွေးသားရင်းများ တိုင်းရင်းသားများ အနေဖြင့် စစ်အာဏာရှင် အောက် ဒူးထောက်နေကြ ရသော်အခါ.

အကျွန်တို့ ၏ ဇာတိသွေးသည် နီရဲသည်သာဖြစ်၏။
အကျွန်အားလုံး မြန်မာသာ ဖြစ်၏။
ထင်းချောင်းများသည်..စုစည်းခိုင်မာမှု အတိ။
သံမဏိ စိတ်ဓါတ် ခိုင်မာရဲရင့်၏။

ကမ္ဘာအနှံ့ အပြား..နေထိုင်ရာ ကွဲပြားသော်လည်း..လွတ်မြောက်ဌက်များ.တကိုယ်ကောင်း မဆန်ကြပါ။
ပြည်တွင်းမှ မြှုံးငယ်တွင်း မှမောင်နှမ များနှင့်အတူ ကောင်းတူဆိုးဖက်..အားလုံတူတူညီညီဖြင့် အမိမြန်မာပြည် လွတ်မြောက်ရေးသို့  ကယ်တင်ရန် ဆန္ဒရှိပါသည်။စွမ်းစွမ်းတမာန်လည်း ဘက်ပေါင်းစုံမှ ကြိုးစားလျှက် ရှိကြပါ သည်.။

ပြည်တွင်းမှ မောင်ရင်းနှမ အာဇာနည်များ နှင့် ပြည်ပရောက် အညတြ အာဇာနည်များသည် တသွေးတသားထဲ လက်ချင်းတွဲ ရင်ဘောင်တန်း၍ စစ်အာဏာရှင် ချုပ်ငြိမ်းရေး တော်လှန်ရေးကို ဆင်နွဲလျှက်ရှိပါသည်။

သံဃာ့ ဦးသျောင်အဖွဲ့ အမှူးထား၍ ပြည်တွင်းပြည်ပ သံဃာ့ အဖွဲ့အစည်းများ။ ဂျပန် နိုင်ငံမှ မျိုးချစ် အာဇာနည် များ။ စင်္ကာပူမှ တက်ကြွသော ရဲရဲဝံ့ ဇာနည်များ။ အမေရိက၊ ဥရောပ၊ သြစတေးသျှတိုက်မှ ရဲဘော်များ။ လက်ရှိ ကျောင်းသားတပ်မတော် နှင့် မျိုးချစ် တပ်ပေါင်းစုအဖွဲ့ ။ generation wave, အကောင်းဆုံး မြေသြဇာနှင့် အခြားသောမျိုးချစ်လူငယ် အဖွဲ့  အစည်း။ မြန်မာ့ အရေးစိတ်ဝင်စားစွာကူညီကြသော နိုင်ငံခြားသား အနုပညာ ရှင်များ။ အားလုံး ကို အာဇာနည် မျိုးဆက်သစ်များမှ ဂုဏ်ယူမှတ်တမ်းတင်ပါသည်။

အားလျှော့စိတ်ပျက်ရန်မလိုပါ။
အချိန်ကျ လာသောအခါ မည်မျှကြီးမားသည်ဆိုသော ရောမအင်ပါယာ။ မွန်ဂိုအင်ပါယာတို့  သည်၎င်း။
ဟစ်တလာ၊ ချောင်ဆက်စကူ။ ပိုပေါ့။ ဆာဒန်ဟူစိန် အစရှိ ယုတ်မာသော အာဏာရှင်တို့ သည် လည်းကောင်း နိဂုံးချုပ်ခဲ့ရဘူးပါသည်။

အားတင်း၍ ဆက်လက်တိုက်ပါ။
အရေးတော်ပုံ အောင်မြင်တော့ပါမည်။
ပန်းတိုင် ဟာ ရှေ့ လက်တကမ်းလေးမှာပါ။
ယုံကြည်ကြပါ သွေးသားရင်းတို့ ။
ဒို့ တတွေ လက်တွဲ ရှေ့ ဆက်လျှောက်ကြပါစို့ ။

ပြည်တွင်း ပြည်ပအာဇာနည်များနှင့် အတူရှိနေကြသော အာဇာနည်မျိုးဆက်သစ်များ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */