“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 23, 2008

မိဘမဲ့ ခလေးများကို ကယ်ဆယ်ကြပါ။

လေမုန်တိုင်းကြောင့် မိဘမဲ့ခဲ့ရတဲ့ ခလေးတွေ ကို..နအဖက တာဝန်ယူသွားမယ် ကြားသိရပါတယ်။ နိုင်ငံခြား က. မွေးစားခွင့်လည်း မပေးပါဘူး ပြောပါတယ်.။

ရှင်ကျန်တဲ့ လူပေါင်း ၂.၅ သန်းကို တောင် မျိုးပြုတ်အောင်..အစာကြွေးတဲ့လူရှိရက် နဲ့ မကြွေး။ ဆေးကု ပေးမဲ့ သူ ရှိရက်နဲ့ ခွင့်မပေး၊ ကမ်းကုန်အောင်ယုတ်မာနေတဲ့ သူတွေက ကျန်ရစ်သော.သနားစရာ ခလေး ငယ်များ ရဲ့ဘ၀. သူတို့ က စာနာပေးပါ့မယ် ဆိုတာ..သွေးသားရိုးမှ ဟုတ်ပါလေစ။
အစိုးရ ရဲ့ မိဘမဲ့ဂေဟာ တွေဟာ အမှန်က ခလေးထောင်ပါဘဲ။ ဟို တလောကဘဲ..လက်ပံတန်းကလား..ပြည် ဘက်ကလားမသိ..ဂေဟာမှူးရိုက်နှက်ညှင်းပမ်းလို့ ခလေးလေး သေတာ..ညမှောင်မှောင် တိတ်တိတ်ကလေး သချိုင်္ င်း မှာ လာမြှုပ်တာ ပြည်သူက ဖမ်းမိခဲ့ဘူးပါတယ်။ ဖြစ်ပြီး မမိတာ ဘယ်နှစ်မှု တွေရှိမလဲ မပြောတတ်ပါ။

ဒီခလေးတွေ ပြပြီး UNICEF တို့  WHO တို့  NGO တို့ ကနေ.project .ငွေရပါတယ်။ ဂေဟာကလူ တွေက ခလေးတွေ အပေါ် စိတ်ဓါတ်ရေးအရ.. ကိုယ်ခန္ဓာရေးအရ လိင်ရေးအရ..ဆိုင်ရာ နှိပ်စက်ရေးပြု ပါတယ်။ ထောက်ပံ့ တဲ့ အလှူတွေ။ အစာရေစာ ထောက်ပံ့တာတွေ သက်ဆိုင်ရာတွေက ခိုးစားပါတယ်။ ခလေးတွေ ၀အောင်မစားရပါ။ ဒီခလေးတွေမှာ အမျိုးမရှိ၊ ခိုကိုး စရာမရှိ။ တိုင်ဖို့ လူလည်းမရှိပါဘူး။ နည်းနည်းကြီးလာရင်.ယောက်ျားလေးဆို .ရဲညွန့် လုပ် စစ်ထဲပို့ အများသိတော်မူတဲ့အတိုင်း ခလေးစစ်သား လုပ်ခိုင်းတာပေါ့။ ဒါမှမဟုတ်..ခလေးတွေ နယ်စပ်ဖြတ် ရောင်းစားပါတယ်။ မိန်းခလေးဆို ရင်တော့..စစ်တပ်က ဖွင့်တဲ့ ..ဟို အခန်းထဲ..အ၀ှါ လုပ်ခိုင်းတာပေါ့ဗျာ။

ဒီခလေးတွေရဲ့ရှေ့ ရေးဟာ မတွေးရဲစရာပါ။
အစိုးရ ရဲ့ မိဘမဲ့ဂေဟာ ထက်စာရင်.. ဘုန်းကြီးကျောင်းက ကိုယ်ထူ ကိုယ်ထဖွင့်တဲ့ မိဘမဲ့ဂေဟာ မျိုးတွေ။ ဒါမှမဟုတ် နီးစပ်ရာ..မိဘဆွေမျိုး ရပ်ဆွေ ရပ်မျိုးတွေ က ကယ်ဆယ်ထားနိုင်ရင် ပိုသင့်တော်ပါလိမ့်မယ်။ မိတ်ဆွေ တို့ လည်း တတ်အားသလောက် ၀ိုင်း ကူညီပေးကြပါ။
ကူညီပေးကြပါ။
စာဖတ်သူများအနေနဲ့ မုန်တိုင်းထဲမှာ ပျောက်နေတဲ့ ဆွေမျိုးတွေ အတွက် " ပျောက်သောသူရှာလျှင်တွေ့  " ဆိုတဲ့ အစီအစဉ်လေးတခု လုပ်ပေးပါ့မယ်။

ပြည်တွင်းပြည်ပမှ.. ဧရာဝတီတိုင်းရှိ ပျောက်ဆုံးနေတဲ့ မိဘဆွေမျိုး မိတ်သင်္ဂဟများနဲ့ ဓါတ်ပုံ..ကိုယ်ရေးရာဇ၀င် နေရပ်တွေ ကို arzarnimg@gmmail.com ကို ပို့ပေးကြပါ။

ကျနော် အကောင်းဆုံး ဖြစ်အောင် အတွင်းမှသူများ ။ ဒေသခံများ။ ကယ်ဆယ်ရေး လုပ်သားများ..နဲ့  ဆက်သွယ် ရှာဖွေ။ ကြေငြာပေး သွားပါ့မယ်။

ကံကောင်းရင် တနေရာရာမှာ အသက်ရှင် နေချင် ရှင်နေမှာပါ။ ရေအဆုံး။ ကုန်းတ၀က်ဆိုတဲ့အတိုင်း..ကုန်းပေါ် တင်ကျန်နေသေးရင်..အမျိုးတွေ ပြန်တွေ့ ရင်..ဖက်ငိုကြရအောင်ပါ။ ကျေးဇူးတင်ပါတယ်။

Myanmar junta setting up orphanages after cyclone

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */