“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 22, 2008

တကယ်ဆို.ကိုယ်ဒုက္ခရောက်နေတဲ့အခါ ကယ်မဲ့သူ လာတဲ့အခါ.ကယ်တဲ့လူ က ဘယ်သူဘဲဖြစ်ဖြစ်..တရုပ် ဘဲဖြစ်ဖြစ် ကုလားဘဲဖြစ်ဖြစ် အမေရိကန်ဘဲဖြစ်ဖြစ် ရုရှဘဲဖြစ်ဖြစ် ချေးများစရာမရှိ စေတနာမှန်ရင် လက်ခံရမှာပါ။

အရေးပေါ်အခြေအနေဆိုတာ.မိနစ်နဲ့စက္ကန့် နဲ့အမျှ အရေးကြီိးပြီး အသက်ပေါင်းများစွာသေကြေပြီးတဲ့ ဒုက္ခ သည်တွေအပေါ်စေတနာထားရမဲ့အစား ဖမ်းဆီး၊ မဲရဖို့  အတင်းပြန်ပို့ ။ လှေမှောက်သေ..အစာရေစာမရသေ..
ဒါလူလေး တစ်ယောက် နှစ်ယောက်ရဲ့ပြဿနာ မဟုတ်…လူ ၂.၅ သန်းရဲ့ ပြဿနာ…ခလေး ၁သန်းရဲ့ ပြဿနာ..နအဖ က လူကြီးတွေမှာ ဘာဦးဏှောက်ရှိသလဲ. စစိသား ၅ သိန်းမှာ ဘာတွေ တွေးနေသလည်း။
အမေရိကန် စစ်သင်္ဘောနဲ့ ပြင်သစ်စစ်သင်္ဘောတွေဟာ..လူလူချင်းအကူအညီပေးဖို့ရောက်နေကြတာ။ ဗမာပြည်ကို သိမ်းချင်ရင်..တည တိုက်ပွဲလေးနဲ့ ကိုရတယ်။ ဗမာစစ်သား ဘယ်လောက်ခံနိုင်ရည်ရှိမလည်း။ တိုက်လည်းပြည်သူက လက်ခုတ်တောင်ပေးလိုက်ဦိးမယ်. ပြောင်းလဲချင်နေတာကြာပြီ။


လူ ၂.၅ သန်း..ရောဂါဖြစ်ရင် မြို့ ပစ်ပြေး ရွာပစ်ပြေး.. နေရာအနှံ့ ပြန့်နှံ့  ထပ်သေကြမှာလေ..ရုရှက ပညာသင် စစ် ဗိုလ်ကလေးတွေ မင်းတို့  အသက် ၂၀ ကျော် ၃၀..ဘဲရှိတယ်.
သန်းရွှေ ကသေခါနီးနေပြီ။ ၀မ်းရောဂါဖြစ်သေလည်း သူကတန်နေပြီ။ မင်းတို့ အရွယ်လေးနဲ့  ခေါင်းဆောင် ( မကောင်း )ကြီးက..လခပေးလို့  ( ဒီလခ သူပေးခြင်းမဟုတ် . ပြည်သူက ပေးထားသည်) အားမတန်ဘဲ မဟာမိတ်တွေ ကိုဖက်ကိုက်ရမယ်ဆို..ကိုက် ရတယ်။
မင်းခေါင်းဆောင်ကြီးကိုတော့ ကြည့်ထား ။ (ဒို့ ဗိုလ်က..ဓါးကိုဆွဲလို့ ရှေ့  ကတက်ပါတယ် ဆိုတာရှိမလား။ နောက်ဆုတ်ပြီး ငွေအပြည့်ခိုး ကျောက်သံပတ္တမြားတွေ လေယာဉ်အပြည့်ခိုး၊ ဘယ်နိုင်ငံပြေးမလည်း ချောင်းနေသလားကြည့်။

မင်းအသက်တွေ အသေခံမလား။ ဒီလို အာဏာရှင် ရာဇ၀တ်သားအတွက်။
အမေရိကန်က မကြမ်းချင်လို့ ကြည့်နေတာ..အဟုတ်ထင်မနေနဲ့ ..ပစ်လိုက်ရင်..တဖွဲ့ လုံး ကာလနာ တိုက်သွားမှာ..
ငါတို့ ဘုရင်နောင်အမျိုး ဆိုပြီးလက်မထောင်နေလည်း ဘုရင့်နောင် အင်ပါယာက ကျဆုံးနေပြီ။ တကယ်က ဗမာမတွေ..ယိုးဒယားမှာ အညွန့် ကျိုးနေတာကြာလှပေါ့.။ ပြစရာ ဘုရင်နောင်က..ခပ်မှောင်ကုပ်ကုပ်..အရုပ်ကြီးဘဲရှိတယ်။
ပြည်သူအတွက်ကြည့်ပါ။ ဂျပန်လောက် မျိုးချစ်မာန်ကြီးတာ ဂျပန်ဘဲရှိတယ်။
အနုမြူဗုံးလည်းကျရော..သူလူတွေ မသေစေချင်တော့ လက်နက်ချတယ်.။
အမှန်က သင်တဦးတယောက်ရဲ့ အတ္တနဲ့ နိုင်ငံကို ဖျက်တာ မတရားပါဘူး..
သင်လည်းတနေ့ သေမည်သာ။ သင်၏ရုးမိုက်မှုကြောင့် သင်လူသား ၂.၅ သန်း အပြစ်မဲ့ မသေပါစေနှင့်။
ဤသူများသည်..နှစ်ပေါင်းများစွာ ကျွဲနွားနှင့် ဖက်ရုန်းကာ မြန်မာပြည်၏ စပါးကျီကို ဖြည့် ပေးခဲ့သည်။ အစာအဟာရ လုံလောက် မျှတအောင် ကျွန်ပ်တို့ အား ကြွေးမွေးခဲ့သည်။ သူတို့  ဒုက္ခရောက်ချိန်တွင်..လစ်လျှူရှူ ထားရက်သော သင်သည်. သင့်အမျိုးနွယ်ဆက် တဆက်လုံး လူဖြစ်ရှူံးလောက်သော သင့်အမည်ဆိုးကို အမွေထားခဲ့သည်။
ဘယ်တော့မှ မြန်မာ့သမိုင်းတွင် သင်၏ ယုတ်မာမှုသည် မေ့ပျောက်မည်မဟုတ်။

သင်စားနိုင်ပါက မည်မျှ ထပ် စားနိုင်မည်နည်း။
သင်နေနိုင်ပါက မည်မျှ ထပ် နေနိုင်မည်နည်း.။
သင့်စိန်များထက် အစာရေစာဝ၍ ပျော်ရွင်သော ခလေးတဦး၏ အပြုံးက ပိုတောက်ပပါသည်. သင်၏ မကောင်းမှူသည်..သင်၏အရိပ်သာ ဖြစ်၏။
မသေခင်မှာ..ကောင်းရာလုပ်ပါ ဦးသန်းရွှေ။သင်၏ ကျေးဇူးရှင်များကို သင်ကယ်ဆယ်ပါ။
ဤ မြေသည် အကျွန်တို့ ၏ ဘိုးဘွားပိုင်မြေဖြစ်၏။ အကျွန်တို့ အားလုံး ပိုင်ဆိုင်၏။
သင်၏ရူးမိုက်မှူကြောင့် ပြည်သူများသေကြေ အနာတရ မဖြစ်ပါရစေနှင့်။
အဆာပျောက်၍ အေးငြိမ်းချမ်းသာ ရနိုင်ကြပါစေ။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */