“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 24, 2008

မြန်မာပြည်မှာသတင်းထောက်လုပ်ရတာ မစားသာ.

ကျနော်တို့ ငယ်စဉ်က " သခင်ပေါက်စ ထောင်ခြောက်လ " ဆိုတာဘဲကြားဘူုးခဲ့ပါတယ်. ဒီ စစ်အာဏာရှင် လက်ထက် ကျမှဗျာ။
ထောင်ထဲမှာ လူစုံ..
ခေတ်မှီ သူတိုင်း ထောင်ထဲ သွားကြသည် လို့  နောက်ထုတ်မဲ့  သင်ပုန်းကြီး ဖတ်စာထဲထည့်ရေးရမလို ဖြစ်နေ တယ်.
ဘုန်းကြီး. မယ်င်္သီလရှင်. ကျောင်းဆရာ။ ကျောင်းသား. ဗေဒင်ဆရာ။ အချစ်ကဗျာဆရာ.။ အယ်ဒီတာ။ အဆို တော်။ လူရွင်တော်။ နိုင်ငံရေးသမား။ ရုပ်ရှင်မင်းသား။ စာရေးဆရာ။ သတင်းစာဆရာ။ ဒါရိုက်တာ။ သီချင်း ရေးဆရာ။ hip hop အဆိုတော်။ ခလေးက အစ ခွေး ကအစ မလွတ်လပ်တဲ့တိုင်းပြည်။
ကင်မရာ ၀ယ်နိုင်ပြီးတောင် ဓါတ်ပုံမရိုက်ရ.. ဘာတိုင်းပြည်လဲဗျ..အမေက မွေး ထောင်က ဘဲ ကြွေးပစေ။ .
ကြံဖွတ် လုပ်တာထက်တော့ဘုန်းကြီး ခေါင်းရိုက် ရတာထက်တော့ အကုသိုလ် ကင်းတယ်။။
ရိုက်တယ်ဗျာ..ဓါတ်ပုံ...ဘာဖြစ်လည်း.။ မိုက်သလား
ရေးတယ် ဗျာ သတင်း အမှန်တွေ ဘာဖြစ်လည်း .ကျေနပ်ရင် လဲသေလိုက်။
သူတပါးချစ်ခင်စေချင်...ချစ်ခင်အောင်နေပေါ့။
လူကြီးဖြစ်ချင် လူကြီးဆန်အောင်နေပေါ့ ။ ဗူးတရာသာပိတ်ရင်ရ...အမှန်ကို ပိတ်မရဘူး.

သတင်းထောက် ၉ ဦး စစ်ဆေးခံရ ပြီးပြန်လည်လွတ်မြောက်

နန်းဒေ၀ီ
သောကြာနေ့၊ မေလ 23 2008 13:01 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်အပြီး သတင်းသွားရောက်ယူနေသော မြန်မာ သ တင်းထောက် ၉ ဦးအား အာဏာပိုင်များက စစ်ဆေးမေးမြန်းပြီး တနင်္ဂနွေနေ့တွင် ပြန်လည်လွှတ်ပေး လိုက် သည်။

ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ် ၄ ခုမှ သတင်းထောက်များအား ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် လှိုင်ဘုံကြီးရွာတွင် ဒေသခံအာဏာပိုင်များ က စနေနေ့ညတွင် ဖမ်းဆီးခဲ့သည်။

'သူတို့ရောက်ပြီးမကြာဘူး အာဏာပိုင်တွေက သူတို့တည်းနေတဲ့အိမ်က ခေါ်သွားတာပါ၊ ဟိုတယ်က မဟုတ် ပါ ဘူး၊ ခဏစစ်ဆေးမေးမြန်းပြီးတော့ ဒီရွာကိုနောက်တခါ မလာတော့ပါဘူးလို့ ခံဝန်ချက်ထိုးခိုင်းပြီး ပြန်လွှတ်ပေး လိုက်တယ်' ဟု အမည်မဖော်လိုသည့် ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

ကြိုတင်အကြောင်းမကြားပဲ လာရောက်သောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။

'အာဏာပိုင်တွေက သူတို့ဘယ်သူတွေလဲ၊ ဘာလာလုပ်တာလဲ၊ ဘယ်အဖွဲ့အစည်းကလဲလို့မေးပြီး တနင်္ဂနွေနေ့ မှာ ပြန်လွှတ်ပေးလိုက်တယ်' ဟု အယ်ဒီတာမှ ထပ်ပြောသည်။

'သူတို့စနေနေ့ညနေ ရောက်တယ်၊ စစ်တပ်က ညတွင်းချင်းပဲ သူတို့ကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းပြီး တနင်္ဂနွေ မနက် ပြန်ဖို့ပြောတယ်' ဟု အယ်ဒီတာ က ဆိုသည်။

ပျက်စီးသွားသော မြစ်ဝကျွန်းပေါ်ဒေသများတွင် သတင်းယူနေသော ပြည်တွင်းသတင်းထောက်များအပေါ် ကန့် သတ် ချက်များ ပြုလုပ်နေသော အစိုးရအား သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့်သော မြန်မာသတင်းသမဂ္ဂက ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချလိုက်သည်၊

'ဒီဆိုင်ကလုန်းကြောင့်ပျက်စီးသွားတဲ့နေရာတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို အမျိုးမျိုး ချုပ်ချယ် နေ တာဟာ အဖြစ်မှန်ကို ဖုံးထားချင်လို့ပဲ၊ ဒါဟာ သဘာဝမကျဘူး' ဟု မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဖြစ် သူ ဦးစံမိုးဝေက ပြောသည်။

'သတင်းထောက်တွေကို မလိုအပ်ပဲချုပ်ချယ်နေမဲ့အစား သတင်းစာရှင်းလင်းပွဲတို့ ဒုက္ခသည် တွေရဲ့ အခြေ အနေအမှန်တွေ၊ ကျေးရွာတွေမှာ ကယ်ဆယ်ရေးအကူအညီတွေ လိုသလောက်မရောက်သေးတဲ့ အကြောင်း တို့ကို အစိုးရက ထုတ်ပြန်ကြေညာသင့်တယ်' ဟု သူက ဆက်ပြောသည်။

ဆိုင်ကလုန်းကြောင့် ပျက်စီးသွားသည့်နေရာများသို့ နိုင်ငံတကာမှ အကူအညီများပေးပို့ခြင်းကို လက်ခံမည်ဟု မြန်မာစစ်အစိုးရက မေလ ၉ ရက်နေ့တွင် ကြေညာခဲ့သော်လည်း နိုင်ငံခြားသားများနှင့် ခွင့်ပြု ချက်မပြနိုင်သူများအားရန်ကုန်နှင့်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။

မြန်မာနိုင်ငံဝန်ကြီးချုပ်က ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့တွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်မည့် ပုဂ္ဂလိက ကုမ္ပဏီများအား မည်သူမျှကင်မရာ မယူဆောင်သွားကြရန် ပြောသည်ဟု သိရှိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */