“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 05, 2008

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ မြို့တော်ဒက္ကားရှိ မြန်မာသံရုံး တွင် ဆန္ဒပြ

၀၀၈ ခု မေလ (၄) ရက် ဂနိတွင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ခ်ျ ) မှဦး ဆောင်ပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ မြို့တော်ဒက္ကား တွင် နအဖစစ်အုပ်စု ၏ ပြည့်သူဆန္ဒခံယူပွဲကို လက်မောင်း သွေးဖေါက် ကာဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို မိုးသောက် (၁၁)နာရီအချိန် ရခိုင် ရဟန်းတော်များနှင့် ရခိုင်သူ။ ရခိုင်သားများသည် ဒက္ကားမြို့ ဂူလ်ချန် (၂) အရပ်တွင်ရှိသော မြန်မာသံရုံးရှိရာသို့ လာရောက်ကာ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူများသည် ရွှေဝါရောင် တော်လှန်ရေး အမှတ်တရအဖြစ် အ၀ါရောင် ခေါင်းစီးများစီးကာ နအဖ စစ်အုပ်စု၏ ပြည်သူ့ ဆန္ဒခံယူပွဲကို ကန့်ကွက်ခြင်းဖြစ်သည်၊ ၄င်းပြင် ဒီကနေ့ နေ့စွဲဖြင့် နအဖ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းအား လက်မောင်း သွေးဖေါက်ကာ ကမ္ဗည်းထိုး၍ ကန့်ကွက်ခြင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဖြေရှင်းပေးရန် တောင်းဆိုလိုက်ခြင်း ဟူသော ထုတ်ပြန် ကြေငြာချက် ကို ထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန် ကြေငြာချက်တွင် စစ်အုပ်စု နအဖ၏ အလိုကျ တဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းပုံမူကြမ်းအား ကန့်ကွက်နိုင်ရေးကို အဓိကထား တောင်းဆိုထားခြင်း ဖြစ်သည်၊ ယင်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကြားဝင် ဖြေရှင်း ပေးပါရန် ဆက်လက်တောင်းဆိုထားသည်၊ မြန်မာ သံရုံးရှိတွင် ဆန္ဒပြပြီးသည်နှင့် ဒက္ကားမြို့ နိုင်ငံတော် တရားရုံးရှိသို့ သွားရောက်ကာ ဆက်လက်ပြီး ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည် နအဖ. ဖွဲ့စည်းပုံ (ကန့်ကွက်ကျ)။ လုံခြုံရေးကောင်စီ (ဖြေရှင်းပေး)။ နိုင်ငံရေး အကျဉ်းသား များ (ချက်ချင်းလွှတ်)။ ရွှေဝါရောင် တော်လှန်ရေး (အောင်ရမည်) စသည့် ကြွေးကြော် သံများကို ကြွေးကြော် ခဲ့ကြ ပါတယ်။
ပြည်သူ့ဆန္ဒခံယူပွဲအား ကန့်ကွက်သည့် ဆန္ဒပြပွဲသို့ ရဟန်းရှင်လူ စုစုပေါင်း (၅၀) ကျော် ပါဝင် ဆန္ဒပြ ကန့် ကွက်ခဲ့ကြောင်း သိရပါတယ်။၊
ရွှေပြည်ရခိုင်သတင်းဌာန

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */