“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 23, 2008

မီးစိမ်းတဲ့ဗျာ

အမေရိကန် ၀င်လို့ ရနိင်ပြီ ။
အေအက်ဖ် ပီ မေ- ၂၃
ဘန်ကီမွန်းနဲ့ သန်းရွေ ဆွေးနွေးအပြီးမှာ ကယ်ဆယ်ရေး လုပ်သားတွေ အားလုံးဝင်လို့ ရပြီလို့ ကြေညာပြီး နောက်ပိုင်းမှာ အားလုံးက သံသယဖြစ်နေကြတယ်။ ဒါပေမဲ့  ဒီနေ့ ညနေပိုင်းမှာ ဆက်လက် ထွက်ပေါ် လာတဲ့သတင်းအရ ကယ်ဆယ်ရေးလုပ်သားတွေဆိုရင် ဘယ်နိင်ငံဘယ်လူမျိုးကိုမဆိုဝင်ခွင့်ရမယ်လို့ သိရပါ တယ်။ အမေရိကန်အစိုးရ လူမှုထောက်ကူပြု အဖွဲ့ ကတော့သောကြာနေကထုတ်ပြန်ချက်ကို ကြိုဆို လိုက်ပါ တယ်။ သတင်းပြန်ကြားရေးတာဝန်ခံ ရီဘက်ကဂူစတပ်ဆန် -USAID-ကဒီသတင်းကို အေအက်ဖ်ပီကို ပြော လိုက်ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုဆက်လက်စုံစမ်းဦးမယ်လို့ ဆိုပါတယ်။ ကျမတို့ အနေ နဲ့ ကူ ညီနိင်ဖို့ နည်းလမ်းပေါင်းစုံကို ကြိုးပန်းခဲ့ပါတယ်။ ဒီသတင်းကတော့ သတင်းကောင်းပါပဲလို့ သူမက ဆိုပါ တယ် လို့ ဘန်ကောက်သတင်းစာ ရှင်းလင်းပွဲမှာ သူမကပြောခဲ့ပါတယ်။

DRAT- Disaster Assistance Response Team - ကို အမြန်ဆုံး စေလွတ်မယ်လို့ လည်းပြောပါတယ်။ သိတဲ့ အတိုင်းပါပဲရှင်ကျမတို့ အမေရိကန် အစိုးရမှာ လူတွေကို ကယ်တင်နိင်ဖို့ အတွက် စွမ်းရည်တွေအပြည့် အ၀ရှိ နေ ပါတယ်။ အမြန်ဆုံး ကူညီမှုတွေ လုပ်သွားပါမယ်။ နိင်ငံတကာနဲ့ ကျမတို့ ပူးပေါင်း လုပ်ဆောင်သွားမှာ အခိုင် အမာပါပဲလို့ သူမက ဆက်လက်ပြောဆိုပါတယ်။ သူမက ဆက်ပြောတာက မြန်မာရေပိုင်နက်မှာ အမေရိကန် ရေတပ်မှာ ကယ်ဆယ်ရေးပစ္စည်းတွေအပြည့် တင်ထားပါတယ်။ အလျင်မြန် ၀င် ရောက်ကယ်တင်ဖို့  အသင့် အနေထားမှာအမြဲရှိနေတယ်။ စစ်အစိုးရက မီးစိမ်းပြလိုက်တာနဲ့ ဝင်ချလိုက်မှာပါလို့ ဆိုပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */