“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 13, 2008

အင်္ဂလန်နှင့် အမေရိကန်နိုင်ငံခေါင်းဆောင်များထံသို့ "လူသားချင်းစာနာသည့် ကြားဝင်ဆောင်ရွက်မှု"တောင်းဆိုသော လက်မှတ်များပေးအပ်

ဂျေမိုး ၁၃ရက် မေလ ၂၀၀၈။

စင်္ကာပူ။ ။အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ မြန်မာပြည် အတွင်း ဝင်ရောက်ရေးနှင့် ပတ်သက်ပြီး ကုလ သမဂ္ဂ နှင့် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများသို့ လက်မှတ်ထိုးတောင်းဆိုထားသော လက်မှတ်များကို မြန်မာ့အ ရေး တက်ကြွသူများမှ စင်္ကာပူနိုင်ငံရှိ နိုင်ငံခြားသံရုံးများသို့ စတင်ပေးပို့လျှက်ရှိသည်။

အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် Mr. Gordon Brown ထံသို့ပေးပို့သောစာကို အင်္ဂလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Paul Damian Madden မှလက်ခံရယူ၍ အမေရိကန်သမ္မတ Mr. George W. Bush ထံသို့ပေးပို့သောစာကို အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Ike Reed (Economic/Political Counselor) တို့မှလက်ခံရယူခဲ့ပါသည်။

ထိုပေးပို့သောစာများနှင့်အတူ မြန်မာလူဦးရေ ၂၀၀၀ ခန့်၏လက်မှတ်များကို မြန်မာ့အရေးတက်ကြွသူများထံမှ အင်္ဂလန်နိုင်ငံ သံအမတ်ကြီးကိုယ်တိုင် လက်ခံရယူကာ သံအမတ်ကြီး၏ရုံးခန်းတွင် လေဘေးဒုက္ခသည်များနှင့် ပတ်သက်သည်တို့ကို ရင်ရင်နှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးအပြီးတွင် လက်မှတ်ထိုးတောင်းဆိုထားသော လက်မှတ်များကို အင်္ဂလန်နိုင်ငံရှိ ဝန်ကြီးချုပ်ရုံးသို့အမြန်ဆုံးပေးပို့မည်ဟု သံအမတ်ကြီးမှ ပြောကြားခဲ့သည်။

အလားတူ အမေရိကန်နိုင်ငံဆိုင်ရာပထမအတွင်းဝန် Mr.Ike Reed မှ မြန်မာများ၏ ဆန္ဒအမှန်လက်မှတ်များကို အိပ်ဖြူတော်သို့ အမြန်ဆုံးပေးပို့မည်ဖြစ်ကြောင်း ပြောကြားကာ မြန်မာ့အရေးတက်ကြွသူများနှင့် အမေရိကန်သံ ရုံးတွင် ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

စင်္ကာပူနိုင်ငံရှိ မြန်မာများလက်မှတ်ထိုးတောင်းဆိုထားသော စာတွင် အဓိကအားဖြင့် - စစ်အစိုးရ၏ တာဝန်ပျက် ကွက်မှု၊ စစ်အစိုးရ၏ အများပြည်သူ အသက်အိုးအိမ်လုံခြုံမှုအပေါ် လူသားမဆန်စွာ လစ်လျူရှုမှုတို့အား အထူးအ လေးပေးဖေါ်ပြထားသည်။

ဒုက္ခသည်ရာပေါင်း ထောင်ပေါင်းများစွာအား ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဆက်လက်၍ နှောင့် နှေးကြန့်ကြာ နေခြင်းများသည် သည်းမခံနိုင်လောက်အောင်ဖြစ်ရခြင်းများကို ဖေါ်ပြထားကာ "နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်ဆိုသည့်အတိုင်း ကျွန်ုပ်တို့ မြန်မာပြည်သူများ၏ လုပ်ပိုင်ခွင့် အတိုင်းအတာအရ အောက်ပါလက်မှတ်ထိုး ထားသော မြန်မာပြည်သူများအနေဖြင့် အပြည်ပြည်ဆိုင် ရာ လူမှုအထောက်အကူပြု လုပ်သားများနှင့် ကယ်ဆယ်ရေးအဖွဲ့များကို စစ်အစိုးရထံမှ ခွင့်ပြုချက် ရသည်ဖြစ် စေ၊ မရသည်ဖြစ်စေ မြန်မာပြည်အတွင်းသို့ အမြန်ဆုံးဝင်ရောက်ကြပါရန် တောင်းဆိုအပ်ပါသည်" ဟုဖေါ်ပြထား သည်။

လာမည့်ရက်များတွင်လည်း စင်္ကာပူနိုင်ငံရှိ သက်ဆိုင်ရာ နိုင်ငံခြား သံရုံးများသို့ ဆက်လက် ပေးပို့သွား မည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */