“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, May 04, 2008

လက်ရှိအခြေအနေ..မြန်မာ

မြန်မာနိုင်ငံအတွက်တော့ ဒီတခါ မုန်တိုင်းကတကယ် ဆိုးဝါးပါတယ်။ လူတွေက မိုးထဲမှာ ပြန်လည် ရှင်း လင်းလုပ်ဆောင်ရေးကိုအမြန်ဆုံးမလုပ်နိုင်ကြဘူး၊ လူမလောက်သလို တကယ်တန်းကြတော့ သူတို့ပြောတဲ့ ကြံဖွတ်တွေ၊ စွမ်းအားရှင်တွေ က လူရိုက်တတ်ရုံကလွဲရင် မိုးထဲလေထဲမှာ အလုပ်ကို ဘာမှထိရောက်အောင်မလုပ်နိုင်ပါဘူး။

ပျက်စီးတာက နယ်တွေကပိုများတယ်။ ၈၅%အထက်တွေချည်းဘဲ၊ ခြုံပြီးပြောရင်တော့ လူပေါင်း ၁၁၀,၀၀၀လောက် အိုးမဲ့အိမ်မဲဖြစ်သွားပါတယ်.။ ဒေါက်တာတွေနဲ့သူနာပြုကshortage ဖြစ်လို့ သက်ဆိုင်ရာ ကောလိပ်၊တက္ကသိုလ်က ဆင်းပေးရတယ်။ နယ်တွေကို ဆင်းပြီး လုပ်ဖို့ကသူတို့မှာကို လောင် စာဆီအခက်ခဲရယ်။ လမ်းတွေ ပျက်ကုန်တာကြောင့် လိုအပ်တာတွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်း မလုပ်နိုင်ကြပါ။

တိုင်း၊ပြည်နယ်ဒေသ ကိုင်းမှုးတွေအားလုံးကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သန်းစိန် ညွန့် ကြား တာတွေ ကိုအခြေခံပြီးလုပ်ရမယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ ကုလက ၀င်ကူညီချင်ပါတယ်။ အဆင်သင့်ပါဘဲ၊

ကမ်းလှမ်းသော်လည်း ပယ်ချတယ်လို့ သတင်းထွက်လာပါတယ်။ ကလ၀မ်းရောဂါနဲ့ အရေပြားရောဂါတွေ ကူးစက် ရောဂါတွေ ဖြစ်လာမှာ စိုးရိမ် ရပါတယ်.။ ဘာလို့လည်းဆိုတော့ ရေသန့်လိုင်း တွေအားလုံး က ပျက်စီး သွားတာ။ ပျက်စီးမှုဟာ ၆၀-၇၀% ရှိလို့ အပူတပြင်း လုပ်ပေးနေတယ်. အခြေအနေ ကတော့ ပြည့်သူတွေရဲ ဘ၀တွေ တော်တော်ပျက်စီးသွားတာပါဘဲ။

အင်တာနက်တွေဖြတ်ကိုတောက်ထားတယ်။ ရန်ကုန်ကနေ ဘာမှ လုပ်လို့မရဘူး ။ ရေဒီယိုတစ်ခုဘဲသုံးနေ၇တယ်၊ နအဖ တို့ကိုယ်တိုင် ဂြိုလ်တုဖုံးတွေကို ပြန်သုံးပြီး စကား ပြောတာတွေ လုပ်နေကြတယ်။ ရန်ကုန်ဖုံး ရုံးကအရေးကြီ့း hotline တွေဖွင့်ပြီး သင့်တော်တဲ့ အပိုင်းကို လိုက်ပြီးတော့ ဖွင့်ပေးထားတယ်။ သိုပေမဲ့ တော် တော်လေးတော့ နည်းပါတယ်။ စစ်ကားတွေကို ထိုးပြီးတော့ရပ်ထားတယ်၊ ဟိုနားမိုးတိုးမတ်တတ် ဒီနား မိုးတိုးမတ်တတ်ပါဘဲ။

ရထားလမ်းကတော့ ပုံမှန်ပြန်ထွက်ဖို့ လုပ်နေတယ်။ ကားလမ်းကောပေါ့၊ ရန်ကုန် လေဆိပ်က အဝေးထိန်း မျှော်စင်က (လေဆိပ်) အပျက်အစီး ဖြစ်သွားလို့  လေတပ်က ကူပြီး လုပ်ပေးနေရတယ်။ ရန်ကုန် လေဆိပ် ကိုတော့ အရေးပေါ်မဆင်းခိုင်းပေမဲ့  ၅၀၂ကိုတော့ ဆင်းလို့ ရတယ်။ ရွေမန်ူးနဲ့ တင်အောင်မြင့် တို့ က ရဟတ်ယာဉ်တစီးစီး နဲ့ ခေါက်တုန့် ခေါက်ပြန် လုပ်နေရကြပါတယ်။ ဘာတွေ ကြည့်၊ ဘာတွေ ညွန်ကြား နေတာ မသိရသေးပါ။ ရေတွေ ကတော့ ပင်လက်ကြီးလို အိုင်နေပါတယ်။

နေပြည်တော်က သစ်ပင်တွေ လှဲသွားတာက လွဲပြီးဘာမှမဖြစ်ပါဘူး။ တရားရုံးကတော့ အမိုးတွေ လန် သွားကြ တယ်။
အမိုးအလုံ အလောက် မရှိဘဲ။ ဟိုင်းကြီးကျွန်းမှာ ပြည်သူတွေက ကလဖျင်း ထိုးပြီးနေရတာ ၁၀၀၀၀လောက်ရှိပါ တယ်။ ကလဖျင်း ကလည်း မလုံလောက်ပါ ၊

Red corss ကော ကုလ ဌာနေ ကော သက်ဆိုင်ရာနဲ့ တိုက်ရိုက်တွဲပြီး လုပ်နေကြပါတယ်။ သို့ သော်၊ ဘယ် လောက်ထိ ထိထိရောက်ရောက် ဖြစ် အောင် လုပ်ကြမလည်း၊ လုပ်နိုင်မလည်းတော့ မသိကြသေးပါ။
အကောင်းဆုံး ဖြစ်နိုင်ပါစေဟု ဆုတောင်းပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */