“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 03, 2008

ရန်ကုန်အပါအ၀င် တိုင်းနှင့်ပြည်နယ် ၅ ခု ကို အရေးပေါ်အခြေအနေ ကြေညာ

ကြားဖြတ်သတင်း မဇ္ဈိမသတင်းဌာန မှ

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၅၅ - မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားနေ၍ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည် နယ်များ ကို အရေးပေါ် အခြေအနေဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။

လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက အစိုးရပိုင် ရေဒီယိုက ကြားဖြတ် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ နအဖ အတွင်း ရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ အမိန့်ဖြင့် ကြေညာချက်တွင် အမျိုးသားကယ် ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ် အခြေအနေ သတ်မှတ်လိုက်ရခြင်း ဖြစ်သည်ဟု ပါရှိသည်။

စမ်းချောင်းအခြေအနေ

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၄၅ - မြန်မာစံတော်ချိန်

စမ်းချောင်းမြို့နယ် မယက ရုံးမှ ၀န်ထမ်းတဦးက မြို့နယ်အတွင်း လူအသေအပျောက် မရှိနိုင်ဟု ပြောပြီးအပျက် အစီး စာရင်းများ ပြုစုဆဲ ဖြစ်သည်ဟု ဆိုသည်။ မြို့နယ်အတွင်း "သစ်ပင်ပြို ဓာတ်တိုင်လဲ" မှုများ ရှိသည်ဟု ပြောသည်။ မှန်တွေကွဲ၊ မီးတွေပျက်ဆဲ

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၃၀ - မြန်မာစံတော်ချိန်

လှည်းတန်းလမ်းဆုံအနီး နေသူတဦးက "တိုက်ခန်းတွေက မှန်တွေ ကွဲကုန်တယ်။ မီးကလည်း ပျက်နေတုံးပဲ။ လေတိုက်နှုန်းကလည်း ပြင်းဆဲပဲ၊ စည်ပင်လည်း လာမရှင်းသေးဘူး၊ မိုးကတော့ နည်းသွားတယ်" ဟုပြောသည်။ ဖုန်းအများအပြားကတော့ ပြတ်တောက်ဆဲ ဖြစ်သည်။

သောကြာနေ့က ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးသော လှေမှောက်၍ အမျိုးသမီး ၃ ဦး ရေနစ် သေဆုံးသွားပြီး နောက် ဒလဘက် ကူးတို့ ကူးခြင်းများ ညနေ ၆ နာရီကတည်းက တားမြစ်လိုက်သည်။ ပုံမှန်အားဖြင့် ည ၁၀ နာ ရီ ကူးတို့ ကူးခွင့် ရှိသည်။

ဘားအံမှာလည်း မိုးကြီး

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၁း၅၀ - မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ နံနက်မှစ၍ မိုးများ သည်းထန်နေပြီး လေတိုက်နှုန်း ပြင်းထန်နေသည်ဟု သိရသည်။ "လမ်းပေါ်တောင် လူမထွက်ရဲဘူး" ဟု ဒေသခံ တဦးက ပြောသည်။ လူအသေ အပျောက် ရှိနိုင်ဟု မိုးလေ၀သနှင့် ဇလဗေဒ အရာရှိ ခန့်မှန်းဟု အေပီ သတင်းရပ်က ပြော


အမည်မဖော်လိုသူ မိုးလေ၀သနှင့် ဇလဗေဒဌာန အရာရှိတဦးက အေပီသတင်းသို့ ပြောကြားရာတွင် စနေနေ့က တိုက်ခိုက်သော မုန်တိုင်းကြောင့် လူအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနိုင်မည်ဟု မျှော်လင့် ထားသည်ဟု ဆိုသည်။

ရန်ကုန်သားတဦး ပြောပြချက်

"စလောင်းတွေဆိုတာ တခုမှ အကောင်း မရှိတော့ဘူး၊ သွပ်ပြားတွေ လမ်းပေါ်မှာ ပြန့်ကြဲနေတာ" ဟု ဖုံးလိုင်း ပြန်ကောင်းလာသည့် ရန်ကုန်မြို့ခံတဦးက မဇ္ဈိမသို့ ပြောပြသည်။

"အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲ၊ သက်ရှိ သတ္တ၀ါဆိုရင် လမ်းပေါ်မှာ ခွေးတကောင် ကြောင်တမြီးမှ မရှိဘူး"

"ရေနွေးအိုးကနေ ရေငွေ့တွေ လွတ်လိုက်သလို မိုးက ဘေးတိုက် လွင့်ထွက်လာနေတာ"

"အိမ်တွေက အမိုးတွေပျက်တော့ အိမ်တံခါးကို အပြင်ကနေ သံနဲ့ရိုက်၊ သော့ခတ်ပြီး အထဲမှာ ကုတ်နေကြရ တာ"

"ဒီလောက်လဲ ထင်မထားတော့ စားဖို့သောက်ဖို့ ၀ယ်ခြမ်းထားတာ မရှိဘူး။ စားရေး အခက်အခဲ ဖြစ်နေတယ်"

-------------

ရန်ကုန် မြို့လယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းမှ ဒေသခံ ရုံးဝန်ထမ်းတဦးက "ဆူးလေတ၀ိုက်မှာ ခေါင်မိုးတွေ လန် ကုန်တာ ရှိတယ်။" ဟု ပြောသည်။

ဆူးလေရှိ ဗဟိုမီးသတ်ဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပြောပိုင်ခွင့် မရှိလို့ မပြောရပါစေနဲ့"ဟု ပြန် လည်ဖြေကြားသည်။ရန်ကုန်တွင် မီးပျက်၊ တယ်လီဖုံးပျက်၊ အင်တာနက်ပျက်၊ အပင်တွေလဲ၊ လျှပ်စစ်ကြိုးများ ပြတ်တောက်

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၀း၁၅ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ ဟံသာဝတီ အ၀ိုင်းအနီး သစ်ပင်ကြီးများ အမြစ်ကပင် ကျွတ်ထွက် လဲကျကုန်သည်။ ကြော်ငြာ ဆိုင်း ဘုတ်ကြီးများ ပျက်စီးကုန်သည်။ “အခုထိ လေက အရမ်းတိုက်နေသေးတော့ ကျနော်တောင် အပြင် မထွက် ရဲဘူး၊ စည်ပင်ကလည်း မရှင်းနိုင်သေးဘူး” ဟု ဒေသခံတဦးက ပြောသည်။

ထိုအနီးတ၀ိုက် ဓာတ်တိုင်အချို့ ပြိုလဲကုန်ပြီး မီးကြိုးများ ပြတ်တောက်နေသည်ကို တွေ့ရသည်ဟု ပြောသည်။

အားကောင်းလှသော ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်တွင် ကျရောက်၊ သွပ်မိုးများ လွင့်ပျံနေ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဒေသခံတဦးက "အမိုးပြားတွေ ကောင်းကင်မှာ ပျံဝဲနေခဲ့တာ" ဟုပြောပြီး

"အခုတော့ ကောင်းကင်ကြီးက နီတောက်နေတာ" ဟု ဆက်ပြောသည်။

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၀၉း၁၅ - မြန်မာစံတော်ချိန်

ည ၁၂ နာရီထိုးကတည်းက ရန်ကုန်မြို့သို့ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ကျရောက်နေရာ ယခုအချိန်အထိ အားကောင်းဆဲ ဖြစ်သည်။ ရန်ကုန်မြို့တွင် တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း ပြတ်နေသည်။ ရှားရှားပါးပါး ရရှိသော သတင်းတခုအရ ဒေသခံတဦးက သူဘဝတလျောက် “အကြီးမားဆုံး မုန်တိုင်းဖြစ်မည်” ဟု ပြောသည်။ ထူးဆန်းလှသော ဆူညံမှုကြီး ထွက်ပေါ်နေပြီး မြို့အနှံ့အပြား သွပ်မိုးများ လွင့်ပျံထွက်နေသည်ဟု ဆိုသည်။

သို့သော် ဆက်သွယ်ရသမျှ ရန်ကုန်ဒေသခံများ၏ ဤပြောအရ ဧရာဝတီတိုင်းသည် ပျက်စီးမှု ပိုမိုများနိုင်မည်ဟု ခန့်မှန်းရပြီး လူပေါင်းများစွာ အသေအပျောက်များပင် ရှိနေသည်ဆိုသော ကောလာဟလတခု ထွက်ပေါ် လာသည်။

တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသည့် အခက်အခဲကြောင့် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်သေးပါ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */