နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူများနှင့် ကျန်ရစ်သူမိသားစုများအား ရည်စူး၍ စင်္ကာပူနိုင်ငံသံရုံးရှေ့တွင် လာမည့်စနေနေ့ညနေ (၇)နာရီမှစတင်ကာ ဖရောင်းတိုင်များထွန်းညှိကာ လူမျိုးမရွေး ဘာသာမရွေး ဆုတောင်းမေတ္တာပို့သကြမည်ဟု သတင်းရရှိသည်။
နိုင်ငံတစ်ကာမှ လူသားချင်းစာနာသော အကူအညီများ နှင့် ကယ်ဆယ်ရေးအဖွဲ့များ အမြန်ဆုံးဝင်ရောက်ခွင့်ရရေးကိုလည်း ဆက်လက်တောင်းဆိုသွားမည်ဟု သတင်းရရှိသည်။
0 comments:
Post a Comment