“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 31, 2008

တရားပွဲ..

အပြည့်အစုံသတင်းဖတ်ရန်....

မမေ့ကြပါနဲ့  ဦးဂမ္ဘီရ..ရွေဝါရောင်တော်လှန်ရေးရဲ့ ဦးဆောင်အရှင်

Dear all,

I know all of us are busy with Vote No campaign and now Cyclone Nargis relief effort.
But please don't forget "A-shin Gambia ".
My heart still aches every time I thought about Ko Tin Maung Oo (1974 Student leader) who was hung unfairly without a trial by Ne Win's military government in 1976.
I don't want the same thing happen for U Gambia. He was not a public enemy, he did not commit Treason to Burma as he was accused by junta. All he did was leading the peaceful march to voice against fuel hike for ordinary citizens of Burma .

Guys, don't forget to campaign or write for him. At least for dropping the treason charge if not for his total release.
I hope its not too late because Ko TMO was hung about three or four months after arrested.
All the monks abroad and inside country, all the monks from all Buddhist countries should request amnesty for U Gambia.
Leaders of other religions can also join for asking his pardon too.


Regards,
K Maw

အပြည့်အစုံသတင်းဖတ်ရန်....

မတရား ဥပဒေ တည် တယ်တဲ့ဗျို့ 


စိတ်မပူကြပါနဲ့ဗျာ..ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတာ ပြည်သူ ကြိုက်မှ ရတာပါ..အစိုးရပြောင်းရင် ဥပဒေ အသစ် ပြောင်းတာပါဘဲ..
မဲရုံ မဲရုံ ကိုလာနဲ့ ..မဲအနိုင်ပြတဲ့ ၁၉၇၄ ဥပဒေလည်း ခု မြောင်းထဲမှာလေ.
ဒီဥပဒေလည်း ဒို့ တတွေနိုင်တဲ့အခါကျ..ရွေဘဘ နဲ့အတူတူ ခေါင်းထဲ ထည့်မြှူပ် လိုက်တာပေါ့။
ပြည်သူသာညီပစေ..အခြေခံဥပဒေ အဟောင်း အကြိမ်ကြိမ်ပြန်ပြောင်း အကြောင်းမဟုတ်

အပြည့်အစုံသတင်းဖတ်ရန်....

နေအေးလိမ်နည်း


ဒီငွေတွေ တကယ်ဘဲဒုက္ခသည်တွေဆီ ရောက်မှာလား..ဘီစကစ်ကလေး တောင်ပျောက်မှ..ဒေါ်လာကျရင်...အင်း..စဉ်းစားစရာဘဲ

အပြည့်အစုံသတင်းဖတ်ရန်....

အပြည့်အစုံသတင်းဖတ်ရန်....

အဘိုးရေ.. ငတ်သေတဲ့ မသာတွေ ဗမာပြေမှာရှိနေဘီ

ကျနော့အဘိုး (အမေ့ ၏အဖိုး) က..တကဲ့ ဗမာ အစစ်ကြီးဗျ.
ခေါင်းပေါင်းကြီး။ ထိုးကွင်းကြီးနဲ့ နားပေါက်ကြီးနဲ့ပါ။ ကွမ်းယာတွေဝါးပြီး ကျနော့ကိုပေါင်ပေါ်တင် စကားပြော လေ့ရှိ တယ်။ ကျနော်က အဘိုးကွမ်းအစ်ထဲက နွယ်ချိုနဲ့ စမုန်စပါးလေး တွေ ယူယူဝါး လေ့ရှိပါတယ်။ သူ က ငယ်ငယ်က အင်္ဂလိပ်ခေတ်..သူဘယ်လို နယ်ချဲ့တွေ တော်လှန်တာ..အားရပါးရပြောလေ့ရှိပါတယ်။ သူ ဂုဏ်ယူဆုံး စကားကတော့ " ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လို ပုံတဲ့ကိစ္စ" ပါ။ ခဏခဏ ပြောတယ်ဗျ။ ကျနော်က..အဘိုးရာ..ဆီရေချိုးလို ချေးပြောင်တာမှမဟုတ် ဘာလုပ်ဖို့ တုန်းလို့  လူတတ်ကြီး လေသံနဲ့ ပြောဖူးပါတယ်။
အဘိုးက ဒါ တင်စားတာပါလူလေးရာ.. အဘိုးတို့ ဗမာပြေမှာ ငတ်သေတဲ့ မသာမရှိဘူး လို့  ရင်ကော့ပြောဖူး ခဲ့ပါတယ်..အခု အဘိုးသေတာ အနှစ် ၃၅ နှစ် ရှိပါပြီ. ကျနော်လည်းကျနော့ တသက် ဗမာပြေမှာ ငတ်သေမဲ့ မသာမရှိဘူး ဆိုတာ အမှန် တကယ်ဘဲ ယုံကြည်ခဲ့ဘူးသူပါ..
သူတော့ဗျာ..ကျနော့သက်တမ်း နှစ် ၄၀ ထဲ..ခေတ်က ပြောင်းသွားပါရောလားခင်ဗျား.
အိမ်နီးနား ထိုင်းဝန်ကြီးချုပ် ကိုလာဘ်ထိုးလိုက်တော့ မတရား ဖားပြီးပြောသွားတဲ့ 
" မြန်မာနိုင်ငံက အကြီးအကဲက ဘုရား တရားကြည်ညိုပါတယ်..တရားထိုင်ပါတယ် " ပြောခံရတဲ့ ကြောင်သူတော်ကြီးရဲ့ လက်ထက် ကဗမာပြေ ပေါ့ဗျာ..သူက တရားရှိလွန်းလို့  သူ့ လက်ထက်မှာ ဗမာပြည်ကြီး ချွတ်ခြုံကျသွားပါတယ်။ ငတ်သေတဲ့ မသာတွေ အလောင်းပုံနေပါပြီ..ကြည့်ပါခင်ဗျာ..
ငကောင့်သားကြီး ဘယ်လောက်တရား ရှိတာ..ဘယ်လောက် ဘုရားသိတာ..သောက်ရှက်မရှိ လို့ မဆင်းရဲ တာ
ကျနော့ အဘိုးသာဆို..ရှက်လို့ ဆယ်ခါပြန်လဲသေနေလောက်ပြီ။ စောစောသေတာဘဲ ကောင်းပါတယ် အဖိုးရယ်..

http://burmatoday.net/news2005/2008/200805/080530_bty_bur_nagis.swf

အပြည့်အစုံသတင်းဖတ်ရန်....

ဧရာဝတီတိုင်း၏ အိုးမဲ့အိမ်မဲ့ စာရင်း

၃၀ မေ ၂၀၀၈

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ ခန့်မှန်းချက်အရ

ဧရာဝတီတိုင်းတွင် မုန်တိုင်းကြောင့် အိုးမဲ့ အိမ်မဲ့ဦးရေ (၁) သန်းခွဲ
(လေးမြို့နယ်တွင် အိုးမဲ့အိမ်မဲ့ဦးရေ (၇) သောင်း ကျော်ရှိ (ကုလသမဂ္ဂက ခန့်မှန်းချက်)

လပွတ္တာ၊ ဘိုကလေး၊ မြောင်းမြ၊ ဖျာပုံ (၄) မြို့နယ်တွင်
(၁)လပွတ္တာမှာ အိုးမဲ့အိမ်မဲ့ဦးရေ (၃၄,၀၀၀) ရှိသည့်အတွက် စုစုပေါင်းလေးမြို့နယ် အိုးမဲ့အိမ်မဲ့ဦးရေ၏ (၄၈)%
(၂) ဒုတိယ အိုးမဲ့အိမ်မဲ့ ဦးရေ အများဆုံးမှာ ဘိုကလေးဖြစ်ပြီး အဆိုပါမြို့တွင် အိုးမဲ့အိမ်မဲ့ဦးရေ (၁၅,၅၀၀) ရှိသည်။

မော်ကျွန်းဆိုလျင် မုန်တိုင်းမတိုင်မီက လူဦးရေ (၃) သိန်းခွဲ ရှိသော်လည်း မုန်တိုင်းကြောင့် လူ (၅) ထောင်နီးပါး သေပြီး (၈) သောင်း နီးပါး ပျောက်ဆုံးနေသည်ဟု (UNOCHA) က မှန်းထားသည်။ ငပုတောတွင် မြို့နယ် လူဦး ရေ၏ (၄၆) ရာနှုန်း ဒုက္ခရောက်ပြီး အိမ်ခြေ (၄၉) ရာနှုန်း ပျက်စီးသည်ဟုပါ UNOCHA က ထုတ်ပြန်သည်။

ဘိုကလေးမြို့ဆိုလျင် မုန်တိုင်းကြောင့် အိမ်ခြေ (၉၀) ရာနှုန်း ပျက်စီးသည်ဟု ဧရာဝတီတိုင်း ရောက်နေသည့် နိုင်ငံတကာ ကယ်ဆယ် ရေးအဖွဲ့တွေက ပြောသည်။ မုန်တိုင်းကြောင့်ဘိုကလေးတွင် လူ (၁) သောင်း သေသည် ဟု မုန်တိုင်းအပြီး စစ်အစိုးရက ထုတ်ပြန်သည်၊
http://www.khitpyaing.org/news/May_2008/30-5-08f.php

အပြည့်အစုံသတင်းဖတ်ရန်....

ပြန်လည်ကြိုဆိုပါတယ် ကိုကျော်သူ

သရုပ်ဆောင် အကယ်ဒမီ ကျော်သူ ပါဝင်သော ဇာတ်ကားများ ပြန်လည်ပြသခွင့် ရရှိပြီကြားသိရပါတယ်။
လူမှူရေးဘက်ဇောက်ချ အသားပေးခဲ့တဲ့ကိုကျော်သူအတွက်..အာဇာနည်တဦးအဖြစ်မှတ်တမ်းတင်ပေးပါတယ်ခင်ဗျား.လူ၏တန်ဖိုးကိုတန်ဖိုးဖြတ်ရာမှာ ပြင်ပ ရုပ်ဆင်းသဏ္ဍာန် ထက်အတွင်း စိတ်နှလုံးရဲ့သရူပ်သဏ္ဍာန် ကပိုအရေးကြီးပါတယ်။
ကိုကျော်သူနျင့် ပါရမီဖြည့်ဖက်..မရွှေဇီးကွက်တို့  ဆထက်တပိုး ပြည့်ကောင်း ကျိုးထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ သာဓု.. သာဓု.. သာဓု..ပါခင်ဗျ
http://www.khitpyaing.org/news/May_2008/30-5-08c.php

အပြည့်အစုံသတင်းဖတ်ရန်....

ကဲ ခိုးချင်ဦးလေ..

ကြမ္မာရဲ့ခြားရဟတ်..တပတ်ပြန်လည်တတ်ပါတယ်ဗျ.။
သူတပါးမျက်ရည်ကျအောင်လုပ်ခဲ့ဘူးရင်....သူလည်းတနေ့ မှာ..
ကယ်ဆယ်ရေးပစ္စည်း မဝေသည့် ရယကဥက္ကဠ အရိုက်ခံရ

အပြည့်အစုံသတင်းဖတ်ရန်....

Friday, May 30, 2008

ရီရတယ်ဗျို့ ..








အပြည့်အစုံသတင်းဖတ်ရန်....

ချစ်သောမြန်မာပြည်သူများအတွက်

Stand up for the People of Burma by Joining
Free Burma-Chicago and US Campaign for Burma-Chicago
Protest and March to the Chinese Consulate in Chicago
100 West Erie Street
as part of the
3000 mile walk across America
for Peace and Freedom in Burma

Saturday, May 31, 2008
11AM Meet
at 401 North Michigan Ave
(North end of Michigan Ave Bridge
across Chicago River)
11:30AM March to Chinese Consulate
(Route to be decided by Chicago PD)
12 Noon Protest at Southeastcorner of LaSalle and Erie St.
1-4 pm return march and protest at 401 N. Michigan Ave.
for more information contact
Nora Rowley
708-522-6620 (C)
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရင်ထဲက နာကြင်ခြင်းများ..ဟဲ့ ဒို့ များကွ ဗမာပြည်သား..

ကုံကြိုက်တုန်း ကျနော့သူငယ်ချင်း မိုက်တူးစီ တစ်ခေါက်လောက် မုန်တိုင်းအပြီးမှာ ရောက်နေတုန်းမှာ သူရေး နေတဲ့ စာစီစာကုံး လေးကို ဖတ်မိရင်းနဲ့ ဝေငှလိုက်ပါတယ်

ရင်နာခြင်း (၁)
ဧပြီ 29 မှာ မုန်တိုင်းဝင်မဲ့လမ်းကြောင်း လေတိုက်နှုန်းကို အင်တာနက်က မိုးလေ၀သ သတင်းတစ်ခုမှာ စဖတ် ခဲ့ရ ပါတယ်။ အိမ်ကို ပြန်ရောက်တော့ လက်လှမ်းမှီသမျှ မုန်တိုင်းသတင်းကို လိုက်လံဝေငှတော့ အရူးကြီးကို ဖြစ်လို့။ သတင်းစာထဲမှာကလည်း လေပြင်းတိုက်ခတ်မယ်၊ တစ်နာရီ မိုင် 40 လောက်ပဲရေးထားတော့ ဘယ်သူမှ ကျွန်တော်ပြောတာ မယုံကြဘူးပေါ့။ မေလ 2 ရက်နေ့ နေ့လည် 3 နာရီလောက်မှာ သတင်းစာ ရောက် လာလို့ ကြည့်လိုက်တော့ မုန်တိုင်းဝင်မယ် 24 နာရီတဲ့။

နယ်က မိဘတွေကို စိတ်ပူမိသည်၊ နယ်မှာဆိုရင် ဒီနေ့ထုတ်တဲ့ သတင်းစာက 2 ရက်လောက်နေမှ ဖတ်ရတာ ဆိုတော့ မုန်တိုင်းဝင်ခါနီးမှ သတိပေးတဲ့ မိုးလေ၀သဌာနကို ဘာပြောရမှန်းမသိ။ အားလုံး တိုက်ခတ်ပြီး သွား တော့မှ ပြန်ကြားရေး ပုဂ္ဂိုလ်က
ကျွန်တော်တို့အချိန်နှင့်တပြေးညီ မုန်တိုင်းသတင်းကို ကြေငြာပေးပါသည် ဆိုတော့၊ မိုးလေ၀သဌာန တာဝန်ရှိသူက " ဘယ်လိုပင် ကြိုတင်သတင်းပေးသော်လည်း သဘာဝဘေးဒဏ်၊ လူအသေ အပျောက် က ရှောင်လွဲလို့ မရနိုင်ပါ" ဟု ပြောကြားလာသောအခါ ဟုတ်ကဲ့ မြန်မာဖြစ်ရတာ သူတို့ကြောင့် ကျွန်တော် ရင်နာမိပါသည်။

ရင်နာခြင်း (၂)
မုန်တိုင်းပြီးသွားတော့ လမ်းက လူသွားလို့တောင် အဆင်မပြေ၊ ဓါတ်တိုင်တွေကြိုး၊ သစ်ပင်တွေ အမြစ်ကလဲ လေတော့ ကိုယ်ထူကိုယ်ထ ပင်ကို အသိစိတ်ဓါတ်လေးတွေနဲ့ ၀ိုင်းဝန်းပြီး လမ်းလျှောက်နိုင်အောင်တော့ ရှင်းကြပါတယ်။
ကိုယ့်အိမ်လေးလဲ ကိုယ့်ဟာကို ဈေးကြီးမိတဲ့ သွပ်လေးတွေ တတ်နိုင်သလောက်မိုးရတာပေါ့။ သုံးရက်လောက် နေတော့ ရောက်လာတဲ့ သတင်းစာကောက်ကိုင်လိုက်တော့ ယူနီဖောင်းတွေ ၀တ်ပြီး အမှန်အကန် လမ်းရှင်း နေတာကို တွေ့လိုက်ရတော့ ကိုယ်နေတဲ့ ရပ်ကွက်များ ဘယ်တော့ လာပါ့မလဲလို့ စောင့်စားမိနေတာ ယနေ့ အချိန်ထိတော့ ပေါ်မလာ။ ဒီကြားထဲ ရပ်ကွက် တာဝန်ရှိတဲ့သူက ပျက်စီးတာတွေ မပြင်နဲ့ရေ အဲ့ဒါမှ သက်သေပြ လို့ ရမှာဆိုတော့
မိုးယိုနေတဲ့ ခေါင်မိုးကို ဒီအတိုင်းပဲ ထားနေရမှာဆိုတော့.... ဟုတ်ကဲ့........

ရင်နာခြင်း (၃)
သဘာဝဘေးဒဏ်ကာကွယ်ရေး အထူးကော်မတီဆိုပီး ဖွဲ့စည်းတာတွေ့လိုက်ရတယ်။ အဲ့ဒိအစည်းအဝေး လည်းပြီးရော အဖွဲ့ဝင် ၀န်ကြီးတစ်ပါးက နိုင်ငံတော်အကြီးအကဲရဲ့ ကြိုတင်အမျှော်အမြင်ကြောင့် နေပြည်တော်ကို ပြောင်းလိုက်လို့ ကျွန်တော်တို့ မုန်တိုင်းဒဏ်က လွတ်သွားတာ၊ နိုင်ငံတော် အကြီးအကဲရဲ့ စေတနာ ကြီးမားလှပါတယ်တဲ့။ အော် အတော်လေးကို
ပြည်သူတွေအပေါ်မှာ ကရုဏာထားတာလေး သိလိုက်ရတော့..... ဟုတ်ကဲ့

ရင်နာခြင်း (၄)
ကာတာနိုင်ငံက လေယာဉ်ကြီး ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတော့ ထုံးစံအတိုင်း ယူနီဖောင်းဝတ်များက အကူအညီပေးတဲ့ ပစ္စည်းတွေ သယ်ဖို့ အဆင်သင့်လုပ်နေတာပေါ့။ အဲ့ဒိမှာ ထူးဆန်းတဲ့ယူနီဖောင်းနဲ့ ဆင်းလာတဲ့ လူအချို့ကိုလည်း တွေရတယ်ဗျ။ သူတို့အရပ်က 6 ပေကျော်၊ ယူနီဖောင်းရဲ့ နေရာအနှံ့မှာ ပစ္စည်းကိရိယာ အစုံအလင်နဲ့ နေရာလွတ်မရှိ။ လူတစ်ယောက်ထဲနဲ့ အပျက်အစီးတော်တော် များများ ကိုရှင်းလင်းနိုင်တယ်။ လူနာ ၊ လူသေတွေ့ရင်လည်း ထမ်းသယ်လို့ရအောင် ကျောကုန်းမှာက လူနာတင် ကုတင်လို သပ်သပ်ရပ်ရပ် ချိတ်စရာ ပိုးစရတွေနဲ့ အတော်ကောင်းတယ်ဗျာ။ စစ်သားလေးတွေခင်မျာ ဘာကြီး လဲ ဂြိုလ်သားကြီးတွေလားပေါ့ ၀ိုင်းပြီး လှည့်ပတ်ကြည့်နေကြတာ ပစ္စည်းသယ်ဖို့တောင် မေ့နေကြတယ်။ ထုံးစံအတိုင်းတာဝန်ရှိတဲ့ အပွင့်ကြီးတစ်ယောက်က စကားပြန်နဲ့လာပြီး ဒီကောင်တွေ ဘာကောင်တွေ လဲကွလို့ မေးသံကြားလိုက်ရပါတယ်။ ဟိုကလည်း အားတက်သရော " မုန်တိုင်းတိုက်ခံရတဲ့ ဒေသတွေကို ကိုယ်ထိလက်ရောက် သွားရောက် ကူညီမယ်" လို့လည်း ပြောလိုက်ရော အခုချက်ချင်း လေယာဉ်ပေါ် ပြန်တက်တဲ့ တစ်ချက်လွှတ် ပဲ။ နောက် ဆက်တွဲလေးက ၀တ်စုံတွေတော့ ထားခဲ့တဲ့၊ တော်သေးတာပေါ့ ။ စကားပြန်က ဘာသာမပြန်ပေလို့ ဟိုကလည်း လေယာဉ်ပေါ် တက်သွားပေလို့၊ နောက်မို့ဆို ကမ္ဘာထပ်ကျော်ဦးမှာ မြန်မာနိုင်ငံက။ အဲ့ဒါလေး သိလိုက်ရပြန်တော့ .........ဟုတ်ကဲ့.........

ရင်နာခြင်း (၅)
ဓါတ်ပုံတွေ ဓါတ်ပုံတွေ ကြည့်ရတာ စိတ်ချမ်းမြေ့စရာ မရှိ။ အတိဒုက္ခရောက်နေတဲ့သူတွေ၊ ကပ်ဆိုးက လွတ်သူတွေ မလွတ်သူတွေ အများကြီးပေါ့။
ရင်ထဲမှာလည်း မကောင်းလှဘူး။ ဘာကြောင့်များ အပြစ်မဲ့ကြသူတွေကို ရာသီဥတုကြီးက ဆိုးဝါးစွာ နှိပ်စက်ရ သလဲပေါ့ စဉ်းစားနေမိတယ်။ ကြည့်နေဆဲမှာပဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နားကပ်လေးကို စာနာမှုမဲ့စွာနဲ့ ယူနီဖောင်းဝတ်လေး တစ်ဦးက
ဓါးနဲ့ ဖြတ်လှီးနေတာကို တွေ့လိုက်ရတော့ ..... ဟုတ်ကဲ့........

ရင်နာခြင်း (၆)

တွံတေးတို့ ကွမ်းခြံကုန်းတို့ ကိုသွားရာလမ်းတစ်လျှောက်မှာ လမ်းဘေးက လယ်ကွင်းလေးတွေမှာ တဲထို့နေကြတဲ့သူတွေ ရှိပါတယ်။ တဲအိမ်လေး နှစ်လုံး၊ သုံးလုံးနဲ့ စုနေကြတာတွေပါ။ မုန်တိုင်းဖြတ်သွားတော့
သူတို့လဲ ပါသွားတာပေါ့။ အကူအညီပေးရေး ကုန်ကားတွေက အဲ့ဒိလမ်းပေါ်က ဖြတ်သွားချိန်မှာ သူတို့လည်း ဘာများရမလဲလို့ မျှော်ကြည့်နေကြတာပေါ့။ သနားတတ်တဲ့ မြန်မာလူမျိုးများကလဲ လမ်းပေါ်ကို ပိုက်ဆံ၊ ရေဘူး၊ ပေါင်မုန့်လေးတွေ ကြဲချပေးခဲ့ကြတာပေါ့။ သိပ်မကြာပါဘူး စစ်ဆေးရေးဂိတ်လေးတွေ လမ်းတစ်လျှောက်မှာ ပေါ်ပေါက်လာပြီး ဖြတ်သွားသမျှ ကားများကို စစ်ဆေးမေမြန်းပါတော့တယ်။
ပြီးသွားတဲ့အခါမှာတော့ ထုံးစံအတိုင်း " လက်ဖက်ရည်ဖိုးလေး "ဆိုပြီး တောင်းဆိုလေတော့ ...
ဟုတ်ကဲ့......

ရင်နာခြင်း (၇)
မုန်တိုင်းဒဏ်ကြောင့် နေစရာမရှိလေတော့ ရှိတဲ့နေရာမှာ စုပေါင်းခိုအောင်းနေကြတာပေါ့ဗျာ။ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်း၊ ဂိုထောင်တွေမှာ ဖြစ်သလို နေနေကြရရှာတယ်။ အဲ... ဘန်ကီမွန်းကြီး လာမယ် လည်း ဆိုရော သူတို့တွေကို နေရပ်ကို ပြန်ကြတဲ့၊ ဒီမှာ ဆက်မနေနဲ့တော့တဲ့။ အဲ့ဒိကုလသမဂ္ဂက တာဝန် ရှိသူတွေကိုလည်း မလာစေချင်တော့ပါဘူး။ ဂမ်ဘာရီလာတုန်းကလဲ အင်တာနက်တွေ ပျက်လို့ပျက် ဆိုတော့ သူတို့ လာမှာတောင် ကြောက်နေရတယ်။

ဘိုကလေးမှာတော့ ဒုက္ခသည်တွေကို အတင်း လှေပေါ်တင်ပြီး နေရပ်ကို ပြန်လွှတ်လေရဲ့ လူတစ်ယောက်ကို နှစ်သောင်း၊ ဆန် နဲ့ ဆီပေးပြီး လှေတစ်စီးမှာ လူ 300 တင်ပြီး အတင်းပြန်လွှတ်တာ လှေသုံးစီးစလုံး မြုတ်သွား တော့ အကုန်သေရောဗျာ....... အဲ့ဒါလေး ကြားမိတော့. .... ဟုတ်ကဲ့ .....

ရင်နာခြင်း (၈)
ကြုံကြိုက်တုန်း ဆူပါမားကက်လေး တစ်ခုရောက်တုန်း လိုချင်တာတွေ ရှာနေတုန်းမှာ တစ်ခါမှ မတွေ့ဘူးသေး တဲ့ တံဆိပ်နဲ့ ခေါက်ဆွဲခြောက်ထုပ်လေးတွေ အများကြီး တွေ့ရသဗျ။ ဈေးနှုန်းကလည်း အတော် တန်သား။
ဒါပေမဲ့လည်း မုန်တိုင်းတိုက်တုန်းက ဒါတွေနဲ့ပဲ နှစ်ပါးသွားလာတော့ တံဆိပ်ကွဲလည်း မစားချင်တော့ဘူးပေါ့။ ဒါနဲ့ ရေဒီယိုလေး ကလိလိုက်၊ သတင်းစာလေး ကောက်ဖတ်လိုက်တော့
အဆိုပါခေါက်ဆွဲခြောက်များရဲ့ လားရာကို သိရသပေါ့ဗျာ။ အဲ့ဒိအချိန် သတင်းစာထဲမှာ " ကယ်ဆယ်ရေး ပစ္စည်း များ အလွဲသုံးစားလုပ်သည်ကို တွေ့ရှိလျင် အရေးယူမည် " ဆိုတာဖတ်လိုက်ရလေတော့၊ လေယာဉ် နဲ့လာပြီး ပေးကတည်းက ဘယ်သူတွေလက်ထဲ ထည့်တယ်ဆိုတာ သိထားလေတော့ သို့လော သို့လောဖြစ်နေတုန်း၊ တစ်ရက် ဘုရင့်နောင် ပွဲရုံတန်း တစ်ခေါက်ရောက်သွားတုန်း ကွန်တိန်နာကားကြီးနဲ့ ပွဲရုံထဲကို ပစ္စည်းတွေ သယ်ချနေတဲ့ ယူနီဖောင်းဝတ်တွေကို
တွေ့သဗျ။ မနေနိုင်လို့ စပ်စုတဲ့သူတစ်ယောက်ကို ဘေးကတစ်ယောက် ပြန်ပြောပုံက
" တပ်ရင်းတွေမှာ ထားစရာနေရာမရှိလို့ ပွဲရုံတွေမှာ လာသိမ်းထားတာ" လို့လည်း
ပြောလိုက်ရော မျက်နှာနီရဲသွားတဲ့ တာဝန်ရှိသူကိုကြည့်ရင်း ...... ဟုတ်ကဲ့. ......

ရင်ထဲမှာ ........လှိုက်လှိုက်လှဲလှဲကို နာကြင်မိပါတယ်။

သူ့စာလေးလည်း
ဖတ်ပြီးရော မင်းကွာ ဒို့နိုင်ငံကို ကမ္ဘာကျော်အောင် သူများနဲ့မတူတဲ့ အော်လ်တာကွက်၊ ပန့်ခ်ဒီဇိုင်းတွေနဲ့ ဖော်ဆောင်ပေးထားတာ ဂုဏ်ယူစရာကွ လို့ မိုက်တူးကိုလည်း ပြောလိုက်ရော၊ မင်းကွာ ပြောရက်လိုက်တာ မင်းကြည့်ပြီး ငါတောင် အတော်ရင်နာမိတယ်ကွာ တဲ့..............

အပြည့်အစုံသတင်းဖတ်ရန်....

လောက်တွေ ကို ရှင်းကြစို့ 

အမျိုးသား သစ္စာဖောက် မင်းနောင်ကြောင့် မျိုးချစ်နှစ်ဦး ထောင်နန်းစံရပြီ
-----------------------------------------------------------------------------------------------------
မုံရွာမြို့ နန္ဒာဝန် ရပ်ကွက်နေ မျိုးမင်းထွန်း နှင့် ရန်မျိုးအောင် ရပ်ကွက်နေ အောင်နိုင်ထွန်း နေသူနှစ်ဦးတို့သည် ၉.၅.၂၀၀၈ ရက်နေ့ညပိုင်းတွင် မှူတ်ဆေးဗူးဖြင့် မုံရွာမြို့ ရန်မျိုးအောင်ရပ်ကွပ်၊ ဘုရင့်နောင်လမ်း မဲရုံ No3 အနီးတွင် ကြက်ခြေခတ် ရေးဆွဲခဲ့ သည့်အတွက် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး နေအိမ် အတွင်း ကိုလည်း ရှာဖွေခဲ့သည်။
သတင်းပေးသူမှာ ဘုရားနီလမ်းနေ ဦးကျော်အေး၊ ဒေါမြကြီး (ကျော်ကျော်ငရုပ်သီးမှုန့်လုပ်ငန်း) ၏ သား ကြံခိုင်ရေး အသင်းဝင် မင်းနောင်က ရဲစခန်းတွင် သွားရောက် သတင်းပေး ခဲ့သည့် အတွက်ကြောင့် ဖမ်းဆီး ခံခဲ့ရပါသည်။

သာဂိ(မျိုးဆက်သစ်)

အပြည့်အစုံသတင်းဖတ်ရန်....

လွတ်မြောက်နယ်မြေNLD ၏ထုတ်ပြန်ချကိ


အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ဒီမိုကရေစီရေးအတွက် အာဆီယံကို ဘယ်လိုလုပ်မလဲ? (ဆောင်းပါး)

ဂျေမိုး၊ မေ၃၀ ၂၀၀၈။

မြန်မာစစ်ခေါင်းဆောင်များဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒတွေကို ဆန့်ကျင်ပြီး ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်နေသယောင်ယောင်နှင့်၊ တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ တရားဥပဒေတွေကို ပြောင် ပြောင်တင်းတင်း ချိုးဖေါက်နေပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နိုင်ငံရေးအရ ကတိကဝတ်တွေကို ချိုးဖေါက်တဲ့အခါတိုင်းမှာ နိုင်ငံတကာကဖိအားတွေ အင်နဲ့အားနဲ့ရောက်လာခဲ့ပါတယ်။ အဲဒီလိုအချိန်အခါတိုင်း စစ်ခေါင်းဆောင်တွေဟာ အာဆီယံအဖွဲ့ကြီးကို အကာအကွယ်ယူပြီး နိုင်ငံတကာဖိအားတွေကို ပြေ လျှော့သွားအောင် ပြုလုပ်ခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေ ကိုယ်၌ကလည်း သူတို့နိုင်ငံ စီပွားရေး အကျိုးအမြတ်ကိုသာ ရှေးရှုပြီး မြန်မာပြည်သူလူထုဆန္ဒထက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများနှင့် စီးပွားရေး အရ အကျိုးအမြတ်ရရှိရေး၊ ဆက်ဆံရေးပြေလည်စေရေးတို့ကိုသာ အဓိက ဦးစားပေးလေ့ရှိပါတယ်။

အာဆီယံနိုင်ငံများဟာ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုတွေပြုလုပ်တိုင်း အားနည်း ချက်တွေရှိနေပါတယ်။ မကြာသေးခင်ကမှ တိုက်ခတ်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီးမှာ အာဆီယံအဖွဲ့ကြီးရဲ့ အားနည်း ချက်တွေကို ပိုမိုထင်ရှားပေါ်လွင်စေခဲ့ပါတယ်။ နာဂစ်မုန်တိုင်းအပြီး နိုင်ငံတကာက အကူအညီတွေကို စစ်အစိုးရဘက်မှ ငြင်းဆန်နေချိန်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် စမတ် ဆွန်ဒလာဝတ် ကိုယ်တိုင် မြန်မာနိုင်ငံကို မေလ(၁၄)ရက်နေ့မှာ သွားရောက်ပြီး ပြည်ပအကူအညီတွေကို လက်ခံဖို့ပြောဆိုခဲ့ပါတယ်။ သူ့ခရီးစဉ်မှာ ဘာထူးခြားမှုတွေမှ ပေါ်ထွက်မလာခဲ့ပေမယ့် စစ်အစိုးရဖန်တီးထားတဲ့ သရုပ်ပြ ကယ်ဆယ်ရေးစခန်းမှာ ထိုင်း ဝန်ကြီးချုပ်နဲ့ ဒုက္ခသည်တွေကို တွေ့ဆုံပေးပြီး နိုင်ငံတကာအမြင်မှာ စစ်အစိုးရဘက်မှ ကယ်ဆယ် ရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် လုပ်ကိုင်နေသယောင် ထင်ယောင်ထင်မှား ဓါတ်ပုံတွေနဲ့ သတင်းတွေသာ ထိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွင်း ထွက်ပေါ်လာခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်အနေနဲ့ "မြန်မာပြည်စစ်ခေါင်းဆောင်များမှ နိုင်ငံခြားသားကျွမ်းကျင်သူ ကယ်ဆယ်ရေး သမား မလိုအပ်ပါဘူး" "အခြေအနေတွေအားလုံးကို သူတို့ဘာသူတို့ ဖြေရှင်းနိုင်စွမ်းရှိပါတယ်" "မြန်မာပြည်မှာ လေဘေး ဒုက္ခသည်တွေအတွက် အစားအသောက်တွေ လုံလုံလောက်လောက် ရှိပါတယ်" အစရှိတဲ့ စစ်အစိုးရ ပြောစေချင်တဲ့ စကားတွေကိုသာ စစ်အစိုးရအလိုကျ နိုင်ငံတကာ သတင်းသ မားတွေ ကို ပြန်လည်ပြောဆို ပေးခဲ့ပါ တယ်။

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလို ဘန်းဘန်း ယူဒိုယနို ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အတော်အသင့် ရင်းနှီးကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှားနိုင်ငံအကြီးအကဲကိုယ်တိုင် လေဘေးဒုက္ခသည်များကို ထိထိရောက်ရောက်အမြန်ဆုံး အကူအညီပေးဖို့ နိုင်ငံတကာမှ ကျွမ်းကျင်သူ ကယ်ဆယ်ရေးသမားများကို မြန်မာပြည်တွင်းအမြန်ဝင်ရောက်ခွင့်ပေးဖို့ရာ မြန်မာစစ်ခေါင်းဆောင်တွေကို ထိထိရောက်ရောက် တိုက်တွန်း ပြောဆိုခဲ့တာမျိုးတွေ မရှိခဲ့ပါဘူး။

နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မေလ(၁၉)ရက်နေ့တွင် စင်ကာပူနိုင်ငံမှာကျင်းပခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း စင်္ကာပူနိုင်ငံအစိုးရအနေနှင့် ဘယ်အချိန် ဘယ်နေရာမှာ အစည်းအဝေးကျင်းပမယ် ဆိုတဲ့သတင်းအချက်အလက်တွေကို သတင်းမီဒီယာတွေကို အသိမပေးပဲ ထိန်ချန်ထားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံမှာရှိတဲ့ မြန်မာတွေအနေနဲ့ကလဲ အစည်းအဝေးကျင်းပမည့် နေရာကိုသိရှိခဲ့လျှင် ဖိအားတစ်စုံတစ်ရာပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို စင်္ကာပူအစိုးရဘက်က ကြိုတင်တွက်ချက် ထားပုံရပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ မြန်မာလေဘေး ဒုက္ခသည်တွေအတွက် ဘာမှထူးထူးခြားခြား ရလဒ်ကောင်းတွေထွက်ပေါ်မလာခဲ့ပါဘူး။ နိုင်ငံခြားရေး ဝန်ကြီးဦးဥာဏ်ဝင်းမှ ဧရာဝတီတိုင်းအတွင်း ပျက်စီးဆုံးရှုံးမှုများအတွက် ဒေါ်လာ(၁၁) ဘီလျံတောင်းဆိုတဲ့ အသံတွေ သာထွက်လာပါတယ်။

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာအောင် အဓိကနေရာမှနေ တိုက်တွန်းဆောင်ရွက်ခဲ့တဲ့ မလေးရှား နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် ဟာ မလေးရှားနိုင်ငံ အစိုးရကို မြန်မာ့ လေဘေးဒုက္ခသည်များအတွက် အကူအညီ အထောက်အပံ့များပေးဖို့ တိုက်တွန်းမှုတွေမလုပ်ခဲ့ပေမယ့် အရေး ပေါ် လိုအပ်နေတဲ့ အကူအညီတွေကို လက်တွေ့ပေးနေတဲ့ အနောက်နိုင်ငံတွေကိုတော့ အပြစ်တင် ပြောကြားတာတွေလုပ်ခဲ့ပါတယ်။ "သူတို့ပစ္စည်းတွေကို ပေးပို့တဲ့အခါမှာ ဒုက္ခသည်တွေကို လှုဖို့ထက် သူတို့ ဘယ်က လာတယ် ဆိုတာကို ကြေညာတာတွေပဲ အမြဲတမ်းတွေ့နေရတယ်။ သူတို့ဟာအင်အား အကြီးမားဆုံး အလှုရှင်တွေဖြစ်တယ် ဆိုတာကို ပိုမိုသိအောင်ပြုလုပ်နေတာသာဖြစ်တယ်" ဆိုတဲ့စကားမျိုးတွေနဲ့သာ မြန်မာ့အရေး အတွက် အရေးပေါ်လှုဒါန်းခဲ့တဲ့ နိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေ မြန်မာ့အရေးကို ဘယ်လောက်အလေးထားသလဲဆိုတာကို ပိုမိုပေါ်လွင်စေတာကတော့ မေလ (၁၆) ရက်နေ့ ကမ္ဘောဒီယားနိုင်ငံနေ့စဉ်ထုတ်သတင်းစာမှ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး ရေးသား ဖေါ်ပြထားတဲ့ သတင်းစာအချပ်ပိုများကို သတင်းစာအတွင်းမှ ဖယ်ရှားခိုင်းခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ လေလေး ဒုက္ခသည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များပါရှိသော သတင်းစာအချပ်ပိုများကို ကမ္ဘောဒီယား နိုင်ငံပြန်ကြားရေးဌာနမှ တရားမဝင်ဟုဆိုကာ ဖယ်ရှားခဲ့ခြင်းဟာ အာဆီယံနိုင်ငံတစ်နိုင်ငံမှ အခြား အာဆီယံနိုင်ငံအပေါ်ထားရှိတဲ့ သဘောထားအမှန်တွေကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ အာဆီယံအဖွဲ့ကြီးတို့ရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေမှာ ဘယ်လောက်ထိ ပါဝင်ပတ်သက်နိုင်မှုရှိတယ် ဆိုတာကို လေ့လာ အကဲခတ်လို့ရတဲ့ ထင်သာမြင်သာတဲ့ အချက်တွေဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွင်းမှာ ဖိလစ်ပိုင်နိုင်ငံကတော့ဖြင့် မြန်မာစစ်အစိုးရကို ပွင့်ပွင့်လင်းလင်းဝေဖန် ပြောဆိုလေ့ရှိပါတယ်။ မုန်တိုင်းဖြစ်ပြီးမကြာခင်မှာ ဆန္ဒခံယူပွဲကျင်းပမည့်အရေးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး နိုင်ငံတကာကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအဖွဲ့များ ဝင်ရောက်ခွင့်ရတော့မယ် ဆိုတာနှင့်ပတ်သက်ပြီးတော့လည်း ဖိလစ်ပိုင်နိုင်ငံသမ္မတ အာရိုယိုမှ ကုလအတွင်းရေးမှူးချုပ် နှင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့စုံအပြီး နာရီပိုင်းအတွင်းမှာပင် သတင်းထုတ်ပြန်တာမျိုးတွေရှိခဲ့ပါတယ်။

မြန်မာ့စစ်ခေါင်းဆောင်များဟာ ၂၀၀၃ ခုနှစ် မေလ(၃၀) ဒီပဲယင်းအကြမ်းဖက်မှုနောက်ပိုင်း နိုင်ငံတကာ ဖိအား တွေနဲ့ ရင်ဆိုင်ချိန်တိုင်းမှာ အာဆီယံအဖွဲ့ကြီးရဲ့ အမိုးအကာအောက်ဝင်ပြီး ပုန်းခိုသောနည်းလမ်းဖြင့် ရှောင်လွှဲခဲ့ ပါတယ် ဒီပဲယင်းအကြမ်းဖက်မှုကြီးပင်လျှင် (၅)နှစ်ပြည့်သွားခဲ့ပါပြီ။ ဒီပဲယင်းမှာအကြမ်းဖက်ခံခဲ့ရတဲ့ တရားလိုတွေကတော့ ယခုထိ ထောင်သွင်းအကျဉ်းချခံနေရဆဲဖြစ်ပါတယ်။ စစ်အစိုးရဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းမှာလဲ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာကို အာ ဆီယံ အဖွဲ့ကြီးရဲ့ အကာအကွယ်အောက်မှာပဲ မျက်လှည့်တွေပြနေခဲ့ပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာဂန်ဘာရီ ကိုယ်တိုင် စစ်အစိုးရ ကစားတဲ့အကွက်ထဲမှာသာ နစ်နေခဲ့ပါတယ်။ စစ်အစိုးရဘက်က နိုင်ငံတကာဖိအားတွေကို ရှောင်လွှဲဖို့ကြိုးစားချိန်တိုင်းမှာ အာဆီယံအသင်းကြီးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပြီး အာဆီယံအဖွဲ့ကြီးကလည်း အပြုသဘောဆောင်တဲ့ မူဝါဒများနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုတဲ့ သဘောတူညီချက်တွေမှာပဲ အခြေခံပြီး စစ်အစိုးရ ပြောသမျှ တွေကို ထာဝရထောက်ခံလာခဲ့ပါတယ်။ အဆိုးဆုံးကတော့ အာဆီယံနိုင်ငံတချို့ဟာ မိမိနိုင်ငံ ကိုယ့်အကျိုးစီးပွားကိုသာ ကြည့်ပြီး အမြဲတမ်းစစ်အစိုးရဘက်မှ ကာကွယ်ပြောဆိုခဲ့တာတွေကို တစိုက် မတ်မတ်ပြုလုပ်ခဲ့ပါတယ်။

ယခုနောက်ဆုံး၂၀၀၈ နာဂစ်မုန်တိုင်းနှင့်အတူ နိုင်ငံတကာဖိအားတွေ ပြင်းထန်နေချိန်မှာ မြန်မာပြည်ရဲ့ အပြောင်းအလဲတစ်ခုကို ကြုံလာရတော့မယ့်အချိန်ဖြစ်ပါတယ်။ ဒီလိုရေထဲမိုးထဲ အရေးတကြီးဖြစ်နေချိန်မှာ အာဆီယံအဖွဲ့ကြီးက ကာဆီးထားခြင်းအားဖြင့် ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ အနောက်နိုင်ငံကြီးများက အာဆီယံ အဖွဲ့ကြီးမျက်နှာဖြင့် နောက်ဆုတ်သွားခဲ့တာမျိုးတွေရှိနေပါတယ်။ မြန်မာတွေအများစု အမှန်တကယ် လိုလားနေတာက အာဆီယံရဲ့ "အပြုသဘောဆောင်တဲ့ ဆက်ဆံရေး" မျိုးမဟုတ်ပါဘူး "အပြုသဘောဆောင် တဲ့ ဝင်ရောက်စွက်ဖက်မှု" "Constructive Intervention" မျိုးသာဖြစ်ပါတယ်။

အမှန်တကယ်တော့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ဖို့ ကြိုးစားခဲ့စဉ်ကတည်းက မြန်မာပြည်သူလူထုဆန္ဒအမှန်ဖြင့် မဟုတ်ပဲ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများရဲ့ ဆန္ဒသက်သက်ဖြင့်သာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာရခြင်းဖြစ်ပါတယ်။ ဒါတွေကိုလည်း အာဆီယံနိုင်ငံမှ ခေါင်းဆောင်များ သိရှိပြီးဖြစ်ပါတယ်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းတိုးလိုက်သည့်တိုင်အောင် အာဆီယံ အဖွဲ့ကြီးအနေနှင့် စစ်အစိုးရကိုပြစ်တင်ဝေဖန်ဖို့ရာ ဝန်လေးနေပါတယ်။ နိုင်ငံတကာဥပဒေ၊ မြန်မာပြည်ရှိ လက်ရှိတည်ဆဲဥပဒေများအရ တရားဥပဒေအပြင်ဘက်မှာ ရောက်ရှိနေသည်ကိုပင် အာဆီယံအဖွဲ့ကြီးအနေနှင့် စစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်တောင်းဆိုခြင်းများကို ရဲရဲတင်းတင်းမတောင်းဆိုရဲခဲ့ပါဘူး။

ပြည်သူလုထုဆန္ဒကို ဆန့်ကျင်ပြီး အစိုးရက သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေရဲ့ ထောက်ခံမှု ၉၂.၄၈% နဲ့ အတည်ပြုလိုက်ပြီဆိုတာကို ကျေညာလိုက်ပြီးနောက်ပိုင်းမှာ အာဆီယံအဖွဲ့ကြီးက ဘယ်လို တုန့်ပြန် လာ မယ်ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

စစ်အစိုးရကို နိုင်ငံတကာမျက်နှာစာကို ဆွဲထုတ်လာပြီး နိုင်ငံရေးအရ အမြတ်ထွက်အောင် လုပ်ပေးနေတာဟာ အာဆီယံ အဖွဲ့ကြီးဖြစ်ပြီး အခြားတဖက်မှာ နိုင်ငံတကာက စစ်အစိုးရကို အပြောင်းအလဲတွေလုပ်ဖို့ တိုက်တွန်း လာတဲ့အခါတိုင်းမှလဲ အာဆီယံအဖွဲ့ကြီးကပဲ ကာဆီးကာဆီးလုပ်နေပြန်ပါတယ် အဲဒီတော့ အာဆီယံအဖွဲ့ကြီးနဲ့ မြန်မာပြည်ဒီမိုကရေစီခရီးကို ဘယ်လိုဆက်သွားမလဲဆိုတာကို အတိုက်အခံတွေ စဉ်းစားရမည့် အချိန် ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဆီယံအဖွဲ့ကြီးဟာ အတားအဆီး အနှောက်အယှက်ဖြစ်နေတယ်ဆိုတာ သိသာထင်ရှားနေရင် မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဆီယံကို ဘယ်လိုလုပ်မလဲ ? အလေးအနက်ထား စဉ်းစားရတော့မယ့်အချိန်ဖြစ်နေပါပြီ ဒီပဲယင်း အကြမ်းဖက်မှုကြီးသည်ပင်လျှင် (၅)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ နောက်ထပ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်တွေနဲ့ နာဂစ်မုန်တိုင်းနှစ်ပတ်လည်တွေသာ တစ်နှစ်ပြီးတစ်နှစ် တိုးပြီးသွားမယ် မြန်မာ့အရေးဟာ အာဆီယံလက်ထဲမှာ "ထူးမခြားနား" ဇာတ်လမ်းအဖြစ်နဲ့ပဲ ဆက်ရှိနေဦးမယ်ဆိုရင် မြန်မာ့ဒီမိုကရေစီရေးအတွက် အာဆီယံကို ဘယ်လိုလုပ်မလဲ?

အပြည့်အစုံသတင်းဖတ်ရန်....

အကြင်နာတွေနဲ့ဖေးကူပါ

တေးဆို-(လေးဖြူ၊ မျိုးကြီး၊ ဟယ်ရီလင်း၊ ဆုန်သင်းပါရ်နှင့် အခြားအဆိုတော်ပေါင်းများစွာ)

နားထောင်ချင်ရင် ဒီမှာ ယူပါ။
http://www.mediafire.com/download.php?zdjyxzx1vhy/
မနက်ဖြန် video တင်ပေးပါမည်။

ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ မမြဲခြင်းတရားတဲ့လား

ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား

(ဆုန်သင်းပါရ်) ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
(ဟယ်ရီလင်း) ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား (အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

(လေးဖြူ) ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ် အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
(မျိုးကြီး) ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘ၀တွေ

အပြည့်အစုံသတင်းဖတ်ရန်....

NCUB ၏ ထုတ်ပြန်ကြေညာချက်


အပြည့်အစုံသတင်းဖတ်ရန်....

အလှူလက်ဘက်နဲ့ မျက်နှာလုပ်တာပေါ့.


မှတ်ချက်။ ။တေဇ လှုတဲ့ ရွက်ဖျင်တဲမဟုတ်.

အပြည့်အစုံသတင်းဖတ်ရန်....

ကျော်မယ်ခွမယ်လေ အင်တာနက်။။


Read this doc on Scribd: burmese internet by-pass hands on guide

အပြည့်အစုံသတင်းဖတ်ရန်....


Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

NY မှ မျိုးချစ်များ၏ ဗြိတိန်သံရုံးရှေ့ ဆန္ဒပြပွဲဖိတ်ကြားခြင်း

အပြည့်အစုံသတင်းဖတ်ရန်....

Music concert to aid the people of Burma

Musicians converge for a benefit concert to aid the people of Burma

Bob Wiseman
Monkey Junk
(featuring Tony D and Steve Marriner)

The Murder Plans
Saturday, June 7th, 2008
Barrymore’s Music Hall
323 Bank Street, Ottawa
9pm/19+/$15 advance

Ottawa (May 29,2008) - In response to the tragic events following the recent devastating cyclone in Burma a concert has been organized to raise funds for a country in need. Some of Ontario’s finest performers have offered to donate their talents to an excellent evening of entertainment at Ottawa’s premiere music hall, Barrymore’s. All proceeds will go directly to Canadian Friends of Burma and The Humanitarian Coalition.

In addition to his reputation as a prolific producer, filmmaker, and avant-garde pianist, Bob Wiseman is arguably one of the country’s most talented songwriters, with a discography that includes eight solo recordings on top of the work he’s done with artists such as Blue Rodeo, Edie Brickell, and John Oswald. With his thought-provoking social commentary Bob Wiseman is an apt addition to the evening and is sure to capture the spirit of the event.

Tony D is Ottawa’s Dean of the Blues. For decades he has been developing his talents before growing audiences both at home and abroad. He has recently teamed up with Canada’s preeminent harmonica player, Steve Marriner, to create a new band, Monkey Junk. While the Tony D Band was busy wowing audiences on his many tours of Europe and playing in Bosnia and the Middle East for the troops, Steve Marriner was busy touring the world stealing the show night after night onstage with Harry Manx. Together as Monkey Junk, Canada’s most invigorating blues players have created a world-class sound that is infectious and undeniable.

The Murder Plans are fairly new on the Canadian musical landscape, but their Brit-pop sound that blends the Talking Heads with the Clash leave them with a style that is at once familiar and unnervingly catchy. Instantly memorable and immensely danceable, the Murder Plans are quickly emerging as a campus radio phenomenon through their recently released eponymous EP.

Cyclone Nargis struck the southwest coast of Myanmar on Saturday, May 3, 2008 with wind gusts up to 240 k/ph. Current figures are estimating that over 1.5 million people have been severely affected, with as many as 100,000 feared dead and more than one million people homeless. Communication lines have been badly damaged and road travel is difficult. The challenges to aid workers in this area are great but with help the obstacles are not insurmountable.

The Humanitarian Coalition is a coming together of four Canadian humanitarian relief organizations, CARE Canada, Oxfam Canada, Oxfam-Québec and Save the Children Canada, while Canadian Friends of Burma is an ongoing organization dedicated to providing support from within Canada for the struggle toward democracy and human rights for all the peoples of Burma. Both are respected and well established non-governmental organizations that are focused on helping where help is needed most. All proceeds from this event will go directly to these two organizations. Canadian Friends of Burma will have an information table set up on site.

Advance tickets available at:

-The Aloha Room,
323 Bank Street,
(613) 233-0307

-Compact Music,
190 Bank Street,
(613) 233-7626,
and
785 ½ Bank Street,
(613) 233-8922

-The Ottawa Folklore Centre,
1111 Bank Street,
(613) 730-2887

-Vertigo Records,
193 Rideau Street,
(613) 241-1011

-Canadian Friends of Burma,
145 Spruce Street,
(613) 237-8056

-Online at www.ticketweb.com

For more information please contact Heather Forbes at phorbesie@yahoo.ca or call
(613) 231-7533.

အပြည့်အစုံသတင်းဖတ်ရန်....

့မြန်မာနှင့်ထိုင်း တကယ်ချစ်ကြည်မကြည်..



အပြည့်အစုံသတင်းဖတ်ရန်....

ဝမ်းလေးရဲ့တစ်ထွာသော ဒုက္ခ..နားလည်စာနာကူညီပေးကြပါ..

အပြည့်အစုံသတင်းဖတ်ရန်....

အလကားရတဲ့နွား..သွားဖြဲကြည့်ကြသူများ..


ကမ္ဘာကျော်ပြန်ပြီခင်ဗျ။ ဒို့ မြန်မာ.နအဖ..( ၉၂%မဲနိုင်တဲ့ ပြည်တော်ချစ်..အစိုးရဆိုလား..တန်ခိုးပြ ဆိုလား. အချိုးမကျ ဆိုလား. အရှိုးရ ဆိုလား..နွားသိုး ထ ဆိုလား..ဘယ်လိုဘဲခေါ်ခေါ် နအဖပါ ခင်မျာ)
အခုတော့ အခိုးကောင်း အကြွေးထောင်းပြီး...လူတော့ သူတောင်းစားခွက်ပျောက်..
နိုင်ငံတကာ..ဒူးထောက်နေရပါပြီ။
အရှက်ရှိရင်လဲသေဖို့ တောင် ကောင်းပါရဲ့. သူတို့ လိုချင်တာ..အစာမဟုတ်..ရေမဟုတ် အကူအညီမဟုတ်.. ဆေး မဟုတ် ဒေါ်လာငွေဘဲ လို သတဲ့ဗျ..လိုတာကလည်းပက်ပက်စက်စက်ကြီး..၁၁ သန်းတဲ့ဗျာ..တောင်းချက်ကတော့ရက်စက်တယ်။။
တောက မီးနေလက်သည်တဲ့ မွေးတဲ့ တောသား ဘုရင်ဖြစ်သွားတော့ မြန်မာတွေ အသက်ကလေး ရှည်စေလို ဗိန္ဓောဆေးမျို တဲ့ဗျာ..သူကျစားပါရဲ့လား..စင်္ကာပူမှာ အကော့သား စင်္ကာပူက ဗမာ တသိန်း ကျွန်ခံပေးထားရတဲ့ အခွန်တော်ငွေတွေနဲ့ ..ဆေးကုတယ်ဗျာ..) သာမန် ဗမာများကျ အပြောကောင်းဗျာ..မြန်မာဗိန္ဓောဆေးတဲ့ ..ဟော..ချီးပန်းသလား ရက်ဆားရက်ပျောက်။ အစာမကြေဘူုးလား..ရက်ဆား.လေဖြတ်မလား ရက်ဆား..။ ၉၆ ပါးရောဂါ ပျောက်တယ်တဲ့.. အခုလည်း လူတွေ မိုးတွင်းကြီးထဲ ဒုက္ခရောက်နေတယ်။ နေစရာမရှိ။ စားစရာ..အစာမရှိ..နွားမရှိ.. မျိုးစပါးမရှိ.. လက်ပလာနတ္ထိ..
ကားလမ်းပေါ်မှာ တန်းစီနေသူတွေဟာ.ရှက်ရှက်နဲ့ လက်ဖြန့် နေရသူတွေဟာ သူတောင်းစားတွေ မဟုတ်ပါဘူး။ မိုးကောင်းစပါး နှုန်း ကောင်း ထွက်တဲ့ လယ်ပိုင်ရှင်တွေ.လယ်လုပ်သူ တွေပါ။ ရေလုပ်ငန်း လှေတံငါလုပ်ငန်း ပိုင်ရှင်တွေ ပါ။
ကုန်းခေါင်ခေါင် ပေါ်မှာ မြေငလျှင်တော်လဲ တိုက်ပြိုရင်.အပျက်အစီးတွေ ထဲမှာ..ပိုင်ဆိုင်စရာ စားစရာ တ၀က် ကျန် ကောင်းကျန်မှာပေတဲ့ ရေက တိုက်စား ပင်လယ်ထဲ ဆွဲချသွားတဲ့အခါ.. အကုန်ရှိသမျှ ပြောင်သွားတာမို့  ၀မ်းပူဆာ မခံသာလို့  လမ်းမပေါ် ရောက်လာရကြောင်းပါဗျာ။
နအဖ က ဖြတ်ဘုံးဘို့  ဒေါ်လာ ၁၀ ဘီလီယံ တောင်းတယ်ဗျာ. ကမ္ဘာ့ ဘဏ်က အကြွေးတွေလည်း မဆပ်ဘူး အခုလည်း.. ဒုက္ခသည်တွေရဲ့ အသက် ၂.၅ သန်းကိုပြန်ပေးဆွဲပြီး..သူတောင်းစား ခွက်ခေါက် ဒေါ်လာ မျှော်နေလေရဲ့..
ဒီကြားထဲ သူ့ ဆရာကြီးက မြှောက်ပေးပြီး..အနောက် အကူအညီကို ဗမာ ကို ညင်းခိုင်း..သူ့ ကျ သူတော်ကောင်း လုပ် သူများ ကူုသမျှ အလှူ ဖြဲကားယူ။ ငါပြောသလို လုပ်..ငါလုပ်သလို မလုပ်နဲ့ ဆိုသလိုပါဘဲ။ အခုလည်း မှန်းချက်နဲ့နှမ်းချက် မထွက်တော့ စပျစ်သီးချဉ်ပါတယ်။
ချောကလက်မရ မသေဘူး တဲ့ခင်ဗျ။ ငါးရှိရင်.ဝတယ်တဲ့ခင်ဗျ။ လောလောဆည် လူသေကောင်ပုပ် စားထားတဲ့ငါး ဘယ်သူ စားရဲ ပါ့မလဲဗျာ၊ လယ်စပ် က အလောင်းကြီး ပေါလော မြောနေတဲ့ကြား ဘယ်သူ လယ်ပဒူ ဆွတ်ရဲပါ့ မလည်း.။ လူသေကောင်ပုပ်စော်နံနေတဲ့ ရေ .ချောင်းရေ တွေထဲ ဖိနပ်မပါ လျှောက်နေကြတဲ့ခလေးတွေ ကိုဘဲကြည့်ပါဦး.။ ပြောရတာ လွယ်တယ်။ လယ်မြေ..စပါးကလွဲ ဘာမှမပေါက်တဲ့ ရွံ့ နွံထဲ..ဘာပင်ရှိပါသလည်း စားဖို့ 
ရေးသူ လူကြီးမင်းရယ်..ကိုယ်တိုင်ဘဲ ဖားလာရိုက် ငါးလာနှိုက်ပြပါဦး.ရေစိုနေတဲ့ စပါးပင်ပေါက်တွေကို လူသေကောင် မြောနေတဲ့ ရေတွေ နဲ့ဆေး..ဆန်လုပ် ထမင်းချက်နေရတဲ့ CNN News video ကို နောင် ဆောင်းပါး မရေးခင် ဗဟုသုတရအောင် အရင်ကြည့်ပါဦးလို့ အကြံပေးပါရစေ။
ကျွဲခြေရာခွက်ကတော့ ဖားငယ်အဖို့  အတော် ကျယ်မှာပါ..ပင်လယ်ပြင် မရောက်တောင် မြောင်းလောက် ချောင်းလောက် ကလေးဘဲ ထွက်ကြည့်ပါဦး။
သူတောင်းစား အပါးဝ အစာဝတော့ အ၀ှါဖြစ်တယ်ဆိုတာ မျိုးပါဘဲ။
နိုင်ငံတကာက..ဗမာ ဘာလည်းသိကုန်ပါပြီ။
ကြေးမုံသတင်းစာက..လောက်ကောင် အလိုတော်ရိရေးတဲ့ ဆောင်းပါးပါ..နအဖရဲ့လေ အစစ်ပါ။
ဖတ်ကြည့်ပါ.
အင်္ဂလိပ်သတင်းကတော့ အောက်မှာ ရေးထားတာဖတ်ကြည့်ပါ.
Myanmar blasts aid donors for not giving more
လို တာမရ စိတ်ပုပ် စိတ်ယုတ် နအဖရဲ့ သရူပ်သဏ္ဍာန်ပါ။ ကမ္ဘာ့ စိတ်ပုတ် စံချိန် ကို ပြိုင်ဖက်မရှိ..မြန်မာ နအဖ (နွားအဖွဲ့  က ချိုးချလိုက်ပါကြောင်း.) ရွှေ မြန်မာများ လက်ခုပ် ၀ိုင်းတီးကြပါ။...ဖျောင်း ဖျောင်း..ဖျောင်း...

အပြည့်အစုံသတင်းဖတ်ရန်....

ဟောလီဝုဒ် အနုပညာသည်များ၏ ရက် (၃၀) ကြာ မြန်မာနိင်ငံ ဒီမိုကရေစီ လှုပ်ရှားမှု

ဟောလီဝုဒ် အနုပညာသည်များ၏ ရက် (၃၀) ကြာ မြန်မာနိင်ငံ ဒီမိုကရေစီ လှုပ်ရှားမှု စတင်ပြီ။

ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး။
မြန်မာပြည် သန်း (၅၀ )ကျော်ပြည်သူများ စစ်ဖိနပ်အောက်မှ လွတ် မြောက်ရေး။
သာတူညီမျှ လွတ်လပ်သာယာဝပြောသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး။
လူတိုင်း မွေးရာပါ လူအခွင့်အရေး ပြည့်ဝရရှိရေး။ တရားဥပဒေ တည်တံ့ခိုင်မြဲရေးတို့ မျှော်ရည်ကာ ဟောလီဝုဒ် အနုပညာသည်များနှင့် http://www.uscampaignforburma.org/ တို့ ပူးပေါင်း၍ ပံ့ပိုးမှု နဲ့ ရက် (၃ဝ )ကြာ ဒီမိုကရေစီရေး လှုပ်ရှားမှု လုပ်ငန်း စတင်ပါပြီ။
မေလ ၁ရက်နဲ့ စတင်ဖွင့်လှစ်လိုက်တဲ့ Will Ferrell က
“ဒီကနေ့ကျနော်တို့ ရက် ၃၀ လှုပ်ရှားမှုကမ်ပိန်းကို စတင်လိုက် ပါပြီ။ နောက်ရက်တွေမှာဆို တေးဂီ တပညာရှင်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ရုပ်ရှင်ထုတ်လုပ်သူတွေ၊ နိုင်ငံရေးလှုပ်ရှားသူ တွေ၊ မျက် လှည့် ပညာရှင်တွေ၊ လက်လှည့်ပညာရှင်တွေ စတဲ့ သူတွေဆီက မြန်မာနိုင်ငံလွတ်မြောက်ရေး နဲ့ပတ် သက်တဲ့ စကား တွေကို ကြားကြရမှာပါ။ ကျနော် လေးစားတဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို ကျနော် တို့အားလုံး သိဖို့လိုအပ်ပါတယ်။ သူမ ဟာ အကြမ်းမဖက်တဲ့နည်းတဲ့ တိုင်းပြည်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေတာပါ။ ဒီရက် ၃၀ လှုပ်ရှားမှုမှာ ကျနော်တို့ နဲ့ အတူ ပူးပေါင်း ပါဝင်ကြပါ။
စာသင်ကျောင်းတွေမှာ၊ ဘုရားကျောင်းတွေမှာ၊ နောက်ဆုံး လမ်း မပေါ်က လူစိမ်းတွေကို ပါ မြန်မာပြည်အကြောင်းသိအောင် ပြောပြကြပါ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ အကြမ်းဖက်မှုတွေ ခံနေရတဲ့ အရှေ့တောင်အာရှက နိုင်ငံတခု
ဖြစ်ပါတယ်။”
လို့  တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဗီဒီယိုများကို နေ့ စဉ် အာဇာနည်မှ တင်ဆက်ပေးသွားပါမည်။ စောင့် မျှော် ကြည့်ကြပါ။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ သတင်း မေ ၂၉ ရက်

U.N. sees major disease threat in Myanmar
International SOS Responds to Myanmar Cyclone
WHO, other agencies launch US$28 million plan for health care of Myanmar cyclone victims
US Defense Secretary Gates aims to use weeklong Asia trip to reinforce US commitment to region
Rare tour of Myanmar junta leader's hideout reveals sharp contrast to cyclone zone
Myanmar blasts aid donors for not giving more
WHO launches 28 million dollar healthcare plan for Myanmar
Myanmar enacts new charter as aid trickles to cyclone victims
Myanmar approves all pending visas for UN aid workers
U.N. sees major disease threat in Myanmar
Aid workers head to Myanmar delta as more visas granted
Myanmar lashes out at "chocolate bar" foreign aid
As Myanmar Reels, Junta Leader Lives Large
Myanmar protest gets junta's knickers in a twist
Myanmar enacts new charter as aid trickles to cyclone victims
Myanmar approves all pending visas for UN aid workers
Myanmar junta blasts international donors for not giving more aid
Myanmar blasts aid donors for not giving more
Myanmar takes swipe at donors, says cyclone victims do not need 'bars of chocolate'
Myanmar officially adopts new military-backed constitution
MYANMAR: Access to cyclone-hit delta eases
Myanmar officially adopts new military-backed constitution
Myanmar Constitution Approved
World outraged over Myanmar's detention of Suu Kyi

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, May 29, 2008

ကိုရီးယားက..အာဇာနည်များ..ရဲရင်ကြွခဲ့ပါ ခင်ဗျ

Dear All~
Pls come and join~
1) Strike at Myanmar Embassy (May 30)

2) Invitation of the Grand Opening Ceremony of Dhammaduta Buddhist Center (Korea)Dhammaduta Buddhist Center (Korea) (June 1)


အပြည့်အစုံသတင်းဖတ်ရန်....

ခွပ်ဒေါင်းများတို့ လေဆန်ပျံချိန်

Read this doc on Scribd: BEYOUND NAGIS 220508

အပြည့်အစုံသတင်းဖတ်ရန်....

အမေထံ ပေးစာ

တိုင်းပြည်သစ်ပြန်လည်ထူထောင်ရန်အတွက်အားမွေးထားလိုက်အမေ၊

အမေ- မတရားအာဏာ လုယူထားပြီးသူရဲဘောကြောင်တဲ့ အာဏာရှင်စစ်အစိုးရ ကိုယ့်သမိုင်း ကိုယ်ရေး၊ ကိုယ့် သေတွင်း ကိုယ်တူးနေပြီအမေ။

အမေ-မကြာခင်အချိန်ကာလမှာ အမေနဲ့အတူ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အတူတကွ ပူးပေါင်း လက်တွဲ ပြီး အနာဂတ်မဲ့ မြန်မာပြည်မှ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်မဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပြန်လည် တည်ဆောက်ရတော့မယ်အမေ။

အမေ- ဓမ္မနဲ့ အဓမ္မ တိုက်ပွဲမှာ အဓမ္မနိုင်ရိုး ကမ္ဘာဦးမှစ ခုအချိန်ထိမရှိခဲ့ပါဘူးအမေ။ ဓမ္မသာယှဉ်ပြိုင် လာတဲ့ ပွဲတိုင်းမှာ အောင်ပွဲခံ ရစမြဲပဲ မဟုတ်လားအမေ။သူတို့ဘယ်လိုပဲကောက်ကျစ်စင်းလဲနေ လောကပါလတရားကို အဏာရှင်စစ်အုပ်စု ကြာရှည်မတွန်း လှန်နိုင်ပါဘူးအမေ။ဘယ်လိုယတြာ နဲ့မှလဲ မတွန်းလှန်နိုင်ဘုးနော်အမေ။

သားတို့ငယ်ငယ်က သင်ကြားခဲ့ရတဲ့ ရူပဗေဒ သင်ခန်း စာတစ်ခုထဲကလို အရာဝတ္ထုတစ်ခုကို ဟင်းလင်းပြင်မှာ အပေါ်ကိုပစ်တင်လိုက်ရင် အဲ့ဒီ့အရာဝတ္ထုဟာကောင်းကင်မှာ ရပ်တန့်မ နေနိုင်ပါဘူး။ ကျိန်းသေပေါက် ပြန်ကျ လာ မှာပါ။ အဲ့ဒီလိုပြန်ကျလာတဲ့အခါမှာ အရာဝတ္ထုရဲ့အလေးချိန်၊အရှိန် ပေါင်းပြီးပြန်ကျလာမှာ ပါ။ယခုပဲ အာဏာရှင်စစ်အုပ်စု အရှိန်နဲ့ပြုတ်ကျဖို့ အကြောင်းဖန်လာပြန်ပါပြီ။ အမေကိုအကျယ်ချုပ်သက်တန်းထက်တိုး၊ စေတနာ ရှင် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ကန့်သတ်အမိန့်နဲ့တားမြစ်၊ ကယ်ဆယ်ရေးလုပ်ငန်း များကိုလဲနိုင်ငံတကာနဲ့ပူးပေါင်း ဆောင်ရွက်နေပါတယ်ဆိုပြီး ကန့်သတ် ချုပ်ချယ်မှုတွေ တိုးလုပ်နေတယ်။ဆာလောင်သူကို တားမြစ်ပိတ်ပင် တယ် ဆို တာ၊ဘာသာ ရေးရှု့ထောင့်ကပဲ ကြည့်ကြည့်၊ လူမှု ရေး ရှု့ ထောင့်ကပဲကြည့်ကြည့် ဘယ်လိုမှ လက္ခံနိုင်စရာ မရှိ ပါဘူး။

အမေ- ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အာဏာရှင်စစ်အစိုးရကိုကမ်းလှမ်း ထွက်ပေါက်ပေးခဲ့တာ (၃)ကြိမ်ရှိခဲ့ပါပြီ။

၁) ၂၀၀၇ ခုနှစ် မြန်မာနှစ်သစ်ကူးမှာတွေ့ဆုံဆွေးနွေးရေးပြုလုပ်ပေးဖို့ကမ်းလှမ်းခဲ့တယ်နော်၊

(၂) ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းဘုန်းတို့က ပြည်သူလူထုရဲ့ဆန္ဒကို လိုက်လျောပေးဖို့၊ဖြစ်လာမဲ့ ကိစ္စအ၀၀ကို ဘုန်းဘုန်းတို့ကတာဝန်ယူပေးပါမယ်လို့မိန့်ကြားခဲ့သေးတယ်နော်၊

၃) ယခုလက်ရှိကြုံတွေ့ ခံစားနေရသော ရေဘေး၊လေဘေး ကျရောက်ရာဒေသတွေကို အဏာရှင်စစ်အုပ်စု ချက်ချင်းကယ် ဆယ်ရေးလုပ်ငန်းများမလုပ်ခဲ့ကြဘူးနော်၊အကယ်၍သာ အဏာရှင်စစ်အုပ်စု လိမ္မာပါးနပ်၊ ပညာ တတ်သူတွေဆို ရင် အဏာရှင်စစ်အုပ်စုအတွက် ထွက်ပေါက်မဟုတ်ပဲ ပြန်လည် ၀င်ပေါက် ဖြစ်သွားမှာပါ။
အဲ့ဒီ ကာလ(၃)ခု စလုံး ဟာ အဏာရှင်စစ်အုပ်စုအတွက် မဟာအထူးအခွင့်အရေးတွေပါနော် အမေ၊ဒါပေမဲ့ အဲ့ဒီ အခွင့် အရေး တွေဟာ အဏာရှင်စစ်အုပ်စုနဲ့မထိုက်တန်မှန်းသားသိခဲ့ရပြီ အမေ။ သီတဂူ ဆရာတော်ဘုရားကြီး ဟောကြားဆုံးမခဲ့တဲ့ လူမိုက်တို့ သွားရာလမ်း တရားတော်ထဲမှာ ပါသလို လူကောင်းများ ဟာ မကောင်း မှုကိုပြုလုပ်ဖို့ဝန်လေးတတ်ကြသလို၊ လူမိုက်များမှာလဲ ကောင်းမှု ကိုပြုလုပ်ဖို့ ၀န် လေးတတ်ကြ ပါ တယ်။နောက်ပြီးလူမိုက်များနောက်ဆုံးချိန်နီးလာတာနဲ့အမျှ လည်းကောင်းတို့ရဲ့ ပြုမူဆောင် ရွှက် မှုများမှာ လူကောင်းများဘက်မှ ကြည့်လိုက်လျှင် အမှား၊ လူမိုက်တွေဘက်ကကြည့်လိုက်လျှင် အမှန်ဘဲမြင်နေတတ် တယ်တဲ့ အမေ။ အာဏာရှင်စစ်အုပ်စုရဲ့တွေးခေါ် ကြံဆမှု အားလုံးဟာလည်း နောက်ဆုံးအချိန် နီးကပ်လာတာနဲ့အမျှ အမှားတွေ ဆက်တိုက် လုပ်နေကြတယ် အမေ။ လူကောင်းပြန်ဖြစ်ချင်ရင်တော့

(၁) ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို မှားပါတယ်လို့ဝန်ခံရဲတဲ့ သတ္တိရှိရမယ်၊
(၂) အဲဒီ့အမှားများကိုလဲ ပြန်လည်ပြုပြင်နိုင်စွမ်းရှိရမယ်၊
(၃) နောက်ထပ်အဲဒီလိုအမှားမျိုးဘယ်တော့မှ မမှားတော့ ပါဘူးလို့ကတိပေးနိုင်ရမယ်တဲ့အမေ။ အဲဒီလိုသတ္တိမျိုး အာဏာရှင်စစ်အုပ်စုထဲမှာ ရှိပါ့မလား….ဟင်? အဲဒီလိုသတ္တိမျိုး အဏာရှင် စစ်အုပ်စု ထဲမှာ မရှိ ရင်တော့ ဘ၀နိဂုံး ကောင်းဖို့ လုံးဝ မရှိပါဘူး။ဲ့အာဏာရှင်စစ်အစိုးရတိုင်းဟာ အာဏာကိုဖက်ရင်းနဲ့ ဇာတ်သိမ်း မလှကြပါဘူး အမေ။

ဒါ့ကြောင့်အမေ- အမေနဲ့အတူ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အတူတကွ ပူးပေါင်းလက်တွဲပြီး အနာဂတ်မဲ့ မြန်မာပြည်မှ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်မဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပြန်လည်တည်ဆောက်ဖို့ အားမွေးထားလိုက်အမေ။

့မြန်မာမျိုး

အပြည့်အစုံသတင်းဖတ်ရန်....

Free Free ဇေယျာသော်...Free Free acid..

ဇေယျာသော်အမြန်လွတ်မြောက်နိုင်ပါစေ

အပြည့်အစုံသတင်းဖတ်ရန်....

ဒို့ ဘက်က ချည်းဘဲ အခွေ ခံနေရပြီလား.

အဖွဲ့ချုပ်ဝင် ၃ဝ ခန့် ထပ်မံ ဖမ်းဆီးခံရ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:08 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အန်အယ်ဒီ အဖွဲ့ဝင် ၃ဝ ခန့်ကို ယမန်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြန်သည်။

၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပါတီရုံးချုပ်မှ လမ်းလျှောက် ချီတက်သွားသည့် ပါတီလူငယ် ၁၈ ဦးကို ယမန်နေ့ နေ့ခင်းပိုင်းတွင် ဖမ်းဆီးပြီး နောက် ညပိုင်းတွင်မူ လူဦးရေ ၃ဝ ခန့်ကို လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“မနေ့ညက ပြန်လာဆွဲတာ ဦးကြည်လွင် (တောင်ဒဂုံ) တယောက်ပဲ သိသေးတယ်။ သူက အဖွဲ့ဝင်ပါ။ မနေ့ ၁၈ ယောက် အပါအဝင် ၅ဝ ကျော် ရှိသွားပြီလို့ ပြောတယ်။ ကျနော့် အသိတယောက်က ကျနော်တို့ကို ပြောတယ်” ဟု အဖွဲ့ချုပ် လူငယ်ပြန်ကြားရေးမှ ကိုနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။

သူက မည်သည့် မြို့နယ်များက ပါတီများ ဖြစ်ကြောင်း အသေးစိတ် ပြောဆိုခြင်း မရှိဘဲ အတည်ပြုနိုင်ရန် ဆက်လက်၍ စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

“မနေ့ညက ရဲအထူးသတင်း တပ်ဖွဲ့ရယ်၊ နယ်မြေခံရဲရယ်၊ ရယက ရယ်က လာဖမ်းတာ။ ဦးကြည်လွင်ရဲ့ နေအိမ် မှာ လာဖမ်းတယ်၊ တောင်ဒဂုံမှာပါ” ဟု တောင်ဒဂုံ ရဲသတင်း ရပ်ကွက်တခုက ပြောသည်။

ကိုနိုင်ငံလင်းက “ကျနော်တို့ ကြားတာကတော့ ဓာတ်ပုံတွေ ကြည့်ပြီး လိုက်ဖမ်းတယ်။ ကျနော်ထင်တာကတော့ မနေ့က ဆန္ဒပြတဲ့ လူတွေကို ကျနော်တို့ ရုံးရှေ့မှာ လာရိုက်တယ်လေ၊ ထောက်လှမ်းရေးတွေပေါ့။ အဲဒီအချိန်မှာ ဆန္ဒပြတဲ့ လူတွေနဲ့ ကပ်ပြီး ဘေးမှာ ရပ်တာတို့ ဖြစ်နိုင်တယ်။ သူတို့ကိုယ်တိုင် လုပ်တဲ့လူ ဖြစ်ချင်မှ ဖြစ်မယ်။ သူတို့ သံသယရှိတဲ့ လူတွေကိုပေါ့” ဟု ပြောသည်။

အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အန်ကယ် တခြားမကြားရသေးဘူး။ မနေ့ကတော့ ၁၈ ယောက် ဖမ်းသွားတယ်။ နောက်ထပ်တော့ သတင်းမကြားသေးဘူး။ အခုထိ ပြန်လွတ်လာတာလည်း မရှိသေးဘူး။ အ သက် ၁၂ နှစ်အရွယ်ကလေးလည်း ပါသွားတယ်။ ဘာဆက်လုပ်ရမလဲဆိုတာတော့ မသိသေးဘူး။ သူတို့ကို ဘယ်နေရာ ဘယ်လိုအရေးယူမလဲဆိုတာ မသိရသေးပါဘူး” ဟု ပြောသည်။

ယမန်နေ့ နေ့ခင်းပိုင်းက ကိုထွန်းထွန်းဝင်း (လူငယ်တာဝန်ခံ - ၁ ၊ စမ်းချောင်း)၊ ကိုရန်နိုင်ထွန်း (တာဝန်ခံ - ၁ ၊ ကြည့်မြင်တိုင်)၊ ကိုထက်စိုးဝင်း (တာဝန်ခံ ၁ ၊ ဒလ)၊ ကိုကျော်မျိုးနိုင် (လူငယ်တာဝန်ခံ ၂ ၊ တာမွေ)၊ ကိုပြည့်ပြည့် (အဖွဲ့ဝင် ၊ စမ်းချောင်း)၊ ကိုစောပြည့်ဖြိုးအောင် (အဖွဲ့ဝင် ၊ ဒလ)၊ ကိုဖြိုးကိုနိုင် (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မထက်ထက်ဦးဝေ (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မောင်ရဲရင့်မင်းထက်ဦး (မထက်ထက်ဦးဝေ၏ သား - ၁၂ နှစ်)၊ ဦးအောင်ဖေ (အဖွဲ့ဝင် ၊ တွံတေး)၊ ကိုမောင်စန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုကျော်နိုင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊

ကိုမိုးကျော်ဇင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုသက်နိုင်ထွန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုလှမျိုးနိုင် (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ)နှင့် ထွန်းဝင်းသိန်း (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ) ဖြစ်သည်။ ကျန်ရှိသည့် ၂ ဦး၏ အမည်စာရင်းကို မသိရသေးပါ။

ပါတီလူငယ် ၂၄ ဦးက ရုံးချုပ်ရှေ့တွင် ‘ဒေါ်အောင်ဆန်းစုကြည် ..ချက်ခြင်းလွှတ်၊ ချက်ခြင်းလွှတ်’၊ လေဘေးဒုက္ခ သည်များအတွက် ‘နိုင်ငံတကာ အကူအညီ ...ချက်ခြင်းပေး၊ ချက်ခြင်းပေး’ ကြွေးကြော်ပြီးနောက် ဒေါ်အောင် ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ် ရပ်သာလမ်းသို့ ချီတက်သွားရာ ကမ္ဘာအေးဘုရားအနီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာနားတွင် အာဏာပိုင်များက ဒိုင်နာကားများနှင့် တင်ဆောင်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ သူတို့အနက် အချို့မှာ ထွက်ပြေး လွတ်မြောက်သွားသည်။

နေအိမ် အကျယ်ချုပ် သက်တမ်း ၅ ပြည့်ပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယမန် နေ့က ၆ လ သက်တမ်း ပြန်တိုးလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အစိုးရ သတင်းရပ်ကွက် တခုကမူ တနှစ် သက်တမ်းတိုးသည်ဟု ပြောဆိုသည်။ သို့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ http://www.mizzimaburmese.com/news/inside-burma/1/1207-2008-05-28-14-51-55

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်က..မိုက်ကြေးခွဲ ဂိုဏ်းကြီး

လူမိုက်ကြီးတွေပါ ခင်ဗျာ။ နေပြည်တော်မှာနေကြပါတယ်.။
ကိုယ်ထိုင်ရာအကိုင်းကို အရင်းကနေ ကိုယ်ဖာသာလွှထိုး ထိုင်ရာသစ်ကိုင်းကျိုး အောင်လုပ်နေတာပါ။ ရုးသွပ်မိုက်မဲသော အနာထက် ဆိုးသောအနာ မရှိပါခင်ဗျား.။

အပြည့်အစုံသတင်းဖတ်ရန်....

အစာရ လည်း စားဖို့ ပန်းကန်က မရှိ

အစားအစာ အထောက်အပံ့တွေ ရှိနေပါပြီခင်ဗျား.
လောင်စာဆီရှား..ခွဲတမ်းနဲ့  ချပေးထား.
ဟို ဒီနေရာဒီနေရာ မသွားရ။။
ကားမရှိ ဆီမရှိ..မှောင်ခိုဆီ စစ်တပ်က ရောင်းနေ၏။

ကျောပိုးအိပ်တလုံး ။ ကင်မရာ ဖုန်း.. စစ်ဆေးလို့ ကို.မဆုံး။
အချိန်ဆိုတာ အသက်..တန်ဖိုးရှိရက်နဲ့..
အရစ်တွေ မုလီ တရစ်တရစ်တက်.
စည်းကမ်းတွေ တရွက်ပြီးတရွက် ထပ်ထွက်
ဧရာဝတီမှာ..လူတွေ ဘ၀တွေ ပျက်နေကြတယ်။


Even with access, distributing aid in Myanmar is difficult

အပြည့်အစုံသတင်းဖတ်ရန်....

WHO ၏ မြန်မာအစီရင်ခံစာ။


အပြည့်အစုံသတင်းဖတ်ရန်....

ဒေါသတွေ အလိပ် လိုက်ထွက်နေတယ်..ကြမ်းပစ်လိုက်မှာ ဟွန်း

အပြည့်အစုံသတင်းဖတ်ရန်....

မူမလား ယူမလား ကျုပ်တို့ အားအားယားယား ကြာကြာ မစောင့်နိုင်ဘူး။

ရွေလက်ဖြင့်ခေါ်လည်းမလာ..ငွေလက်ဖြင့်ခေါ်လည်းမလာ.. ချီးပေလက်မှ ကုန်းနမ်းချင်တဲ့နအဖ..
စားပါစေလားဗျာ...ကားလမ်းပေါ်က ငတ်နေတဲ့လူတွေ..
ကုပေးပါစေလားဗျာ..ဖျားနာနေတဲ့ရောဂါသည်တွေ.
ကိုယ်ထမင်းကိုယ်စား..အမေရိကန်ပြည်သူ တွေပေးတဲ့ လခစားပြီး..မြန်မာပြည်သားတွေ ကို လာကယ်ချင်တဲ့စေတနာ..နည်းနည်းလေး ဘဲဖြစ်ဖြစ် လေးစားပေးပါလားဗျာ..
အနောက်က ဂုတ်သွေးစုတ်နေတဲ့ တရုတ်ကြီးကိုမမြင်.ရူရှကြီးကိုမမြင်...ပါးပါးလှီး..မြန်မာမ တွေ အ၀ှါလုပ်စားခိုင်းနေတဲ့ ယိုးဒယားကြီးကိုမမြင်.သူရဲ့ .ကြောင်တောင်ကန်းချက်က ဆိုးတယ်..
ကမ္ဘာမှာ..နအဖ..သူတောင်းစားလုပ်စားတာတောင် အရိုးများ ချေးခါးနေ။
ကဲကြည့် ..သူများတွေပြန်တော့မယ်..ကိုယ်လူ ၂သန်းခွဲ..စတေးရဲ့တဲ့နအဖ..
သူ့ အလှည့်ကျ တဲ့ အခါမှ အစာငတ်ခံပေးထားဦးမယ်..
ငတ်သေတာ..ဘယ်လိုအရသာပါလည်းလို့ ..

US commander: Navy ships likely to leave Myanmar soon

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာသတင်း မေလ ၂၈ ရက် ၂၀၀၈

Myanmar's cyclone survivors bullied by military; forced to work ...
Murky measures in Myanmar's disaster
Myanmar says volunteers free to enter cyclone-hit delta
Philippine chief justice blasts ASEAN for slow response to Myanmar ...
Philippine Chief Justice Slams Asean's Slow Response On Myanmar Crisis
Southeast Asian team to assess cyclone-hit Myanmar
MYANMAR: Remembering HIV in cyclone response
Aid Workers to Enter Myanmar Delta
Even with access, distributing aid in Myanmar is a challenge
UN raises aid fund for Myanmar
Myanmar wants aid for cyclone-hit rice fields
Democracy and death in Myanmar
When It Comes to Politics, Burmese Say, Government Is All Too Helpful
Myanmar's charter sails through referendum
State radio reports Myanmar constitution approved in cyclone-hit areas
‘Peace panties’ from Canada to frighten Myanmar junta
Women's underwear needed in fight for democracy in Myanmar
Panties sought for Myanmar protest
Burmese panty protest has serious side
Amnesty Accuses US, China, Russia of Rights Abuses (Update1)
Pressure China on human rights post-Olympics: Amnesty
India, others failing on human rights score: Amnesty
Amnesty criticizes Palestinians, Israel
Conditions Ripe for Disease in Myanmar
In Myanmar, Loss, Grief and, for Some, Resignation
Myanmar's growing peril: Disease
Myanmar allows direct donation right down to cyclone-hit areas
Myanmar draft constitution approved with overwhelming votes
Myanmar's biggest industrial zone partly resumes production
Myanmar agriculture, fishery are most-hard-hit in cyclone¡¡
US commander: Navy ships likely to leave Myanmar soon
Myanmar villagers scavenge for rotten rice
UNICEF to focus on damaged schools in unreached areas of Myanmar
Communicable disease risk assessment and interventions - Cyclone ...
Video: Myanmar exiles angry over cyclone inaction -- 27 May 2008
US commander says Navy ships likely to leave Myanmar area shortly ...

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, May 28, 2008

မလေးရှားမှ လှုပ်ရှားမှူများ

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေဆိုတာ..ဤသို့ သောသူ


အပြည့်အစုံသတင်းဖတ်ရန်....

အစိတ်သားတောင် မချန်ထားရဖူးတဲ့လား..

အစိတ်သားတောင်မချန်နဲ့ဆိုတဲ့ သန်းရွှေအမိန့်

ကျွန်တော်ဟာ ၁၉၉၂ ခုနှစ်ကစပြီးကော့သောင်းခရိုင်အတွင်းမှာ စီပွါးရေး လုပ်ငန်း လုပ်ကိုင် နေသူတစ်ယောက်ပါ။ အဲဒီနှစ်တွေအတွင်းမှာ မြန်မာ့တပ်မတော်ဟာ ပင်လယ်ပြင်စိုးမိုးရေးဆိုပြီး ပင်လယ်ပြင် အတွင်းမှာ ရေတပ်သာမက ကြည်းတပ်တွေပါ ရေကင်းလှည့်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းအပြင် တခါထဲ အုပ်စုလိုက် နုတ်ပိတ် သတ်ဖြတ်ချင်းတွေကို လုပ်နေခဲ့တာတွေကို နေ့စဉ်နဲ့အမျှကြားနေခဲ့ပါတယ်။ အဲဒီ အချိန်က ကော့သောင်းမြို့နယ်အတွင်းမှာ ခလရ ၂၆၂၊ ခလရ ၃၄၂ တို့ တပ်ရင်းတွေတပ်စွဲပြီး စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး သူရအောင်ကို (ယခုသာသနာရေး ဒု-၀န်ကြီး) ကတာဝန်ယူနေချိန်ဖြစ်ပါတယ်။

ကော့သောင်းမြို့နယ်အတွင်းမှာအခြေခံလူတန်းစားများရဲ့ အဓိကလုပ်ငန်းက ငါးဖမ်းခြင်းနဲ့သစ်ခုတ်ခြင်းတို့ပါ အဲဒီကရတဲ့သစ်တွေကို တဖက်ကမ်းရနောင်းကို တင်ပို့ရောင်းချပြီးအသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ သစ်ခုတ်တာ ငါးဖမ်းတာအားလုံးကို ပင်လယ်ပြင်ထဲက ကျွန်းတွေကို အမှီပြုပြီး လုပ်စားကြတာဖြစ်ပါတယ်။ သူတို့လုပ်တာဟာ တစ်နိုင်တစ်ပိုင်လေးသာဖြစ်ပါတယ် ဒါပေမဲ့တရာဝင်မဟုတ်ဘူးပေါ့ အစိုးရကကြတော့ ကျွန်းတွေပေါ်ကသစ်တွေကို လက်ညိုးထိုးပြီး ထိုင်းက သစ်ကုမဏီတွေကို ရောင်းစားပါတယ် ဒါကတော့ တရားဝင်ဖြစ်ပါတယ်။ အဲဒီမှာထိုင်းသစ်ကုမဏီတွေ တိုင်ကြတာက သူတို့လုပ်ကွက်တွေထဲမှာ မြန်မာသစ်ခုတ်သမားတွေ ၀င်ခုတ်တယ်ဆိုပြီးတိုင်ကြတဲ့အတွက် စစ်တပ်ဟာအထက်အရာရှိအမိန့်နဲ့ သစ်ခုတ်သမားတွေကို ကျွန်းတွေမှာလိုက်လံနှိမ်နင်းခဲ့ပါတယ်။ ကျွန်တော့်အိမ်နားမှာနေတဲ့ စက်ပြင်ဆရာ တဦးကြုံတွေ့ ခဲ့တာနဲ့ ကျွန်တော်တွေ့ကြံခဲ့ရတာက ဒီလိုပါ။

တပည့်အမည်က ဦးလှထွန်းဖြစ်ပါတယ်။ သူကစက်ပြင်သူတစ်ဦးဖြစ်ပြီး အခါအားလျှော်စွာ ခလရ ၃၄၂ တပ်က ခေါ်ပြီးစက်ပြင်ခိုင်းလေ့ရှိတာကြောင့် သူဟာ အဲဒီတပ်ရင်းက အရာရှိတွေနဲ့ခင်နေသူဖြစ်ပါတယ်။ သူကစီပွါးရေးအရ ပင်လယ်ပြင်ကို ဒေသအခေါ်ကင်းမွန်(မြန်မာအခေါ်ပြည်ကြီးငါး)ဖမ်းတဲ့ မီးထွန်းလှေသေးလေးတစ်စင်းငှါးပြီးသူ့သားဖြစ်သူနဲ့ ပင်လယ်ပြင်ကို ထွက်ဖမ်းလေ့ရှိပါတယ်။ တစ်ရက်မှာ ကော့သောင်းမြို့နယ်ထဲက ကော့ရဲကျွန်းနားကို ကင်းမွန်လှေလေးရောက်ခါနီးမှာ သူ့ကို စစ်တပ်လှေက မီးပြပြီးလှမ်းခေါ်ပါတယ်။ သူကလဲကြောက်ကြောက်နဲ့သွားခဲ့ပါတယ် အနားရောက်တော့မှ ခလရ ၃၄၂ က တပ်ရေးဗိုလ်ကြီးဖြစ်နေတော့ တပ်ရေးဗိုလ်ကြီးဖြစ်သူက နဖူးကိုလက်နဲ့ရိုက်ပြီး " အမလေး ဦးလှထွန်းရယ် ကံကောင်းလို့ ခင်ဗျားဘာလာလုပ်တာလဲ" လို့ မျက်လုံးပြူးပြီး မေးပါတယ်။ အဲဒီမှာသူက ကင်းမွန် လာဖမ်း တာဖြစ်ကြောင်းပြောပြပါတယ်။ ပြီးတော့သူ့လှေကို ကမ်းကပ်ခိုင်းခဲ့ပြီး အဲဒီကျွန်းမှာ သုံးရက်လောက် ခေါ်ထားပြီးသူတို့ဖမ်းထားတဲ့လှေတွေက စက်အချို့ကိုပြင်ခိုင်းခဲ့ပါတယ်။
အဲဒီကျွန်းပေါ်မှာ သစ်လာခုတ်စားတဲ့ ထားဝယ်လူမျိုး အမျိုးသားတွေ အမျိုးသမီးတွေ၊ ခလေးတွေ စုစုပေါင်း သုံးဆယ်လောက်ကို ဖမ်းဆီးထားတာတွေ့ခဲ့ရပါတယ် ဦးလှထွန်းရောက်ပြီး နှစ်ရက်မြောက်နေ့မှာ အဲဒီလူတွေကို ကျွန်းရဲ့တဖက်ခြမ်းကိုခေါ်သွားခဲ့ပါတယ်။ ပြီးတော့သေနပ်သံတွေကြားရပါသတဲ့ ညနေမှ စစ်သားတွေ ပြန်ရောက်လာကြပါသတဲ့ ပြန်သိရတာက သတ်ပြီးပြန်လာတာဖြစ်ကြောင်းပါ။ ဒါပေမဲ့သူတို့ဆက်နေအုံးမှာဖြစ်ကြောင်း ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖမ်းဆီးစဉ်က အချို့ကျွန်းရဲ့တောင်ပေါ်ကို ထွက်ပြေးလွတ်မြောက်နေကြလို့ ကျွန်းကိုဝိုင်းထားပြီး အစာဖြတ်ရေဖြတ်လုပ်ထားတာ ဖြစ်ကြောင်းပြောပြပါတယ်။ အခုဦးလှထွန်းတို့တောင်မှတပ်ရေးဗိုလ်ကြီးရဲ့ မိတ်ဆွေတွေဖြစ်လို့ အသက်နေရှင်တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဦးလှထွန်းကိုလည်း မသိဟန်ဆောင်နေဖို့အပြင်ကို လုံးဝမပေါက်ကြားစေဖို့သတိပေးပါတယ်။ ဦးလှထွန်းတို့ကလည်း မသိချင်ဟန်ဆောင်ထားပြီး တပ်ရေးဗိုလ်ကြီးကို နောက်တစ်ရက်အကြာမှာအိမ်ကစိတ်ပူနေမည့်အကြောင်းပြန်ချင်ကြောင်းအပူကပ်ပြီးပြောခဲ့ရာ တပ်ရေးဗိုလ်ကြီးကပြန်ခွင့် ပေးလိုက်လို့ ပြန်ခဲ့ရပါတယ်။ အင်မတန်ကံကောင်းလွန်းလို့လွတ်လာတာပါ။ အဲဒီအကြောင်းကို ဦးလှထွန်းပြန်ပြောချက်အရ ကျွန်တော် ဘီဘီစီကိုစာရေးပြီး စာတိုက်ကနေအကြောင်းအရာလေးနဲနဲလွဲပြီး မြန်မာ့တပ်မတော်က ပင်လယ်ပြင်မှာ ပြည်သူတွေကို သတ်ဖြတ်လျှက်ရှိကြောင်း သတင်းပို့ခဲ့ပါတယ်။ စာရေးသူအမည်ကို သိန်းအောင်ဆိုပြီးတပ်ပေးလိုက်ပါတယ်။ ကံကောင်းချင်တော့ ကော့သောင်းမြို့မှာ ထောက်လှမ်းရေးဖက်ရော အခြားဖက်တွေပါ သတင်းပေးလုပ်စားနေတဲ့ နှစ်ဖက်ချွန် သိန်းအောင်(နာရီပြင်ဆရာ-ကောသောင်းဈေး) အမည်နဲ့တူသွားပါတယ်။ နောက်တစ်ရက်မှာ သိန်းအောင်အဖမ်းခံလိုက်ရပါတယ်။ နောက်မှသိရတာက ကော့သောင်းမြို့နယ်စာတိုက်က ဘီဘီစီ၊ဘီအိုအေ စတဲ့ သတင်းဌါနတွေကို ပို့တဲ့စာအားလုံး ကို သက်ဆိုင်ရာသတင်းဌါနတွေ ကိုမပို့ပေးရဘဲ ကော့သောင်း ထောက်လှမ်းရေးရုံးကို ပို့ပေးရတာဖြစ်ကြောင်းသိရပါတယ်။ ဘီဘီစီကို ရောက်မယ်ထင်တဲ့ ကျွန်တော့်စာလေး ထောက်လှမ်း ရေးလက်ထဲ ရောက်သွားတာကိုး ကျွန်တောဟာအခုထိအဲဒီအကြောင်းကို ဖေါ်ပြဖို့ အခွင့်အခါ မသင့်ခဲ့တော့ပါဘူး။ ဟိုတနေ့ကမှ ဗိုလ်မှူးတစ်ယောက်က သူ့အရာရှိကြီးတွေ ကော့သောင်း ဇာတက်ကြီးရေတပ်စခန်းမှာ သန်းရွှေအမိန့်နဲ့ မိသားစုတွေ ငါးဆယ်လောက်သတ်ခဲ့တဲ့ အကြောင်း အင်တာဗျူးတစ်ခုမှာ ဖေါ်ထုတ်ချက်အရ အခွင့်အခါကြုံလို့အခုစာကိုရေးခဲ့ရတာပါ။

http://www.esnips.com/doc/2d1695ae-d703-4a03-9063-14766aa6e76f/25May2008VOA

တကယ်တော့မြန်မာ့တပ်မတော်ဟာ ပင်လယ်ပြင်စိုးမိုးရေးလုပ်တယ်ဆိုတာ ပြည်သူ ကို ကာကွယ်ဖို့ဘဲဖြစ်သင့်ပါတယ်။ အဲဒီလို အထက်အမိန့်အရဆိုပြီး ပြည်သူတွေကို သတ်နေတာဟာ သခင်အားရအောင် ကိုက်ပေးနေတဲ့ အသိညဏ်မရှိလှတဲ့ခွေးဆိုးတွေလိုဖြစ်နေပါတယ်။ တပ်မတော်လူသတ်သမားတွေဟာ သူတို့လုပ်ခဲ့တာကို သူတို့လုံလှပြီထင်နေကြပေမဲ့ မြန်မာ့ဆိုးရိုးစကားအတိုင်း အရိုးတွေဟာ တွန်တတ်ပါတယ်။ ဘယ်တော့မှ မကောင်းမှုဆိုတာ ပြီးဆုံး သွားတယ်မရှိပါဘူး။ သူတို့အလှည့်မရောက်တော့ဘူးလို့ ဘယ်သူပြောမလဲ၊

နာဂစ်မောင်မောင်

စာကြွင်း၊ အဲဒီအချိန်က စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသူရအောင်ကိုဟာ ၁၉၈၈ အရေးအခင်းတုန်းကလည်း ရန်ကုန်မှာ ပြည်သူတွေ ကျောင်းသားတွေ ရဟန်းတွေကို ရက်ရက်စက်စက်ပစ်သတ်ခဲ့တဲ့ ခလရ (၂၂) ရဲ့ တပ် ရင်းမှူးဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့အခုသူလုပ်နေတာက သာသနာရေး ဒု-၀န်ကြီး ဗိုလ်မှူးချူပ်သူရအောင်ကို ဖြစ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ွGeneration wave ၏ လှုပ်ရှားမှု



hleden, yuzana plaza, myay ni gone, dagon myothit တွင်လှုပ်ရှားခဲ့ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘိုကလေးမြို့ ၏ အစီရင်ခံစာ ( NLD)

Read this doc on Scribd: news release of Bogalay

အပြည့်အစုံသတင်းဖတ်ရန်....

ပညာရေးဌာန ကပြောတယ်။
ကျောင်းနေအရွယ်ခလေးတွေ ကျောင်းအပ်နှံဖို့အရေးပါတဲ့.
ဓါတ်ပုံထဲကခလေးတွေက ကျောင်းနေတဲ့အရွယ် မဟုတ်ကြရင်
ဘယ်အရွယ် ကကျောင်းတက်တဲ့
ကျောင်းသားဆိုတာ သိသူရှိရင် ဖြေပေးပါ။

ဒီခလေးတွေ အတွက် ဘယ်သူကတာဝန်ယူပါ့မလည်း

လမ်းဘေးဈေးသည်များ.

အမှိုက်ကောက်နေတဲ့ခလေးများ။

အမှိုက်ထဲက ရွှေရှာနေသူများ.

ကလေးရွေ့ ပြောင်းအလုပ်သမားလေးများ (သနပ်ခါးဘဲကြားလိမ်းတဲ့ အရွယ်လေးပါ) နှုတ်ခမ်းမွေး မပေါက်သေးပါဘူး
ကျောင်းတက်ချင် စွန်လွတ်ချင်၊ သားရည်ကွင်းပစ်ချင်။ ဂျင်ပေါက်ချင်တဲ့ အရွယ်လေးပါ
ခု ကျောင်းမတက်နိုင်ပါဘူး.။
လမ်းဘေးမှာ မနိုင် ၀န်ထမ်း.ဓါတ်ဆီ ရောင်းစားနေရပါတယ်။
မီးဘေးအန္တရာယ် ကြီးတာ သူကလေးမှသိပါစ။ ဒီ သူ့ အရပ်တစ်ဝက်ရှိတဲ့ ဆီပုံးကြီး အပြည့် ကိုဆို..သုရဲ့ ကြွက်သားမဲ့တဲ့ လက်မောင်းပိန်ညောင်သေးကွေးလေး က နိုင်အောင် မ နိုင်ပါ့မလား။
ဒီ ခလေးတွေ က အိမ်ထောင်ကျ မွေးလာမဲ့ ကလေးတွေကရော..အနာဂတ်က ကောင်းပါ့မလား
ပန်းကလေးတွေကို ပြုစု မပျိုးထောင်ပေးရင်..သက်ဆိုးရှည်ပါ့မလား။။ မျိုးစေ့ကောင်းမှ ရပါ့မလား။ ပညာသည်သာ..လူတန်ဖိုး ဖြစ်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘယ်သူက သူတောင်းစားလည်း

အပြည့်အစုံသတင်းဖတ်ရန်....

သနားစရာ ဒုက္ခသည်ပြည်သူများ

အပြည့်အစုံသတင်းဖတ်ရန်....

ခိုးရာပါ လေဘေးအကူ ပစ္စည်းများ.နဲ့ သူခိုးလက်ခံဈေးကွက်.



မိုးမခမှ..

အပြည့်အစုံသတင်းဖတ်ရန်....

မျှတလွတ်လပ်မှု မရှိတဲ့ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲ

အပြည့်အစုံသတင်းဖတ်ရန်....

မုန်တိုင်း ဒေသများသို့ ကူညီ ထောက်ပံ့မှူ အခြေအနေ

အပြည့်အစုံသတင်းဖတ်ရန်....

NLD လွတ်မြောက်နယ်မြေ၏ သတင်း ထုတ်ပြန်ကြေညာချက်

အပြည့်အစုံသတင်းဖတ်ရန်....

ကြောင်သွားလို့ ကြွက်ထမနေနဲ့ ငါ ပြန်လာကြည့်မှာနော်

ဘင်ကီမွန်း ပြန်သွားတာ မနေ့ တနေ့ ကပါ.
သူ့ လူတွေ စိတ်မဖြောင့်ဘုး။ မြင်းခွ စီးမဲ့ယောင်းမ မြင်ထားတာကိုး...ပြန်လာကြည့်မယ်တဲ့ ။ ကြောင်သူတော် ကြွက်သူခိုးတွေ ဘာလုပ်နေတာ.
မနေ့ ကဘဲကြည့်..၁၂ နှစ် သားတောင်မချန်..တန်းစီလမ်းလျှောက်မှု တဲ့..ဖမ်းသွားပြီ.. ခွေးတောင် ဓါတ်တိုင် သေးမပန်းရဲအောင်ဘဲ..စည်ပင်သာယာညစ်ညမ်း ပုဒ်မတဲ့ စွဲမယ်ဆိုလို့ ဗျာ
Ban hopes to return to Burma soon

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */