“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 10, 2008

ရှက် ရှက် ရှက် .. ကမ္ဘာကျော်တဲ့ နအဖ လူုမိုက် စံချိန်ကျိုးသွားပြီ

ကုလအတွင်းရေးမှူးချုပ်က နအဖ အပြုအမူသည် မှတ်တမ်းတင်လောက်ဖွယ် ဟု ဝေဖန်

နေသွင်
သောကြာနေ့၊ မေလ 09 2008 16:59 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဆိုင်ကလုံးအလွန် မြန်မာစစ်အစိုးရ၏ အပြုအမူသည် ကုလသမဂ္ဂ၏ အတွေ့အကြုံတွင် မှတ်တမ်း တင် လောက်သော အဖြစ်အပျက် ဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ယနေ့ ထုတ် ဖော် ဝေဖန်လိုက်သည်။

တတိုင်းပြည်လုံး ၀မ်းနည်း ကြေကွဲနေချိန်တွင် ဆိုင်ကလုံးဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသအချို့မှာ လွဲ၍ အခြား ဒေသများတွင် ဆန္ဒခံယူပွဲကို မပျက်မကွက် ကျင်းပရန် စစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို မှတ်တမ်း တင် ထားသည်ဟု မစ္စတာ ဘန်ကီမွန်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အတွင်းရေးမှူးချုပ် လက်အောက်ခံ၊ အာရှ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အာရှ-ပစိဖိတ် ဒေသရုံး ကလည်း အထွေထွေ အတွင်းရေးမှူးချုပ်၏ သဘောထားကို ထင်ဟပ်သော သဘောထားကို ယနေ့ ထုတ်ပြန် လိုက်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာသည့် အဖွဲ့များကို ပြည်ဝင်ခွင့်ပေးရန် တောင်းဆိုလိုက်သည်။

အာရှ-ပစိဖိတ်ရေးရာ ဘန်ကောက်ရုံးခွဲမှ အကြီးအကဲ Noeleen Heyzer က "ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ စစ် အစိုးရကို နောက်ထပ် တိုက်တွန်းပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကုလသမဂ္ဂ အကူအညီပေးရေး လုပ်သား အားလုံးကို ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ အကူအညီတွေ လူတွေဆီ မြန်နိုင်သမျှ မြန်မြန်ရောက်သွားဖို့ပါ" ဟု ပြောသည်။

အတွင်းရေးမှူးချုပ် လက်အောက်ခံ နောက်တခု ဖြစ်သည့် လူသားဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေး ဌာနမှ စီစဉ် ညွန်ကြားရေးမှူး John Holmes က လောလောဆယ်တွင် ကုလသမဂ္ဂမှ သဘာဝ အန္တရာယ် စုံစမ်းရေးနှင့် ကြီးကြပ်ရေး အဖွဲ့ဝင် (Disaster Assessment and Coordination Team) ၂ ဦးသာ ရန်ကုန်သို့ ရောက်နေကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဘန်ကောက်မှတဆင့် မြန်မာပြည်သို့ ၀င်ခွင့်ရောက်ရေး ကြိုးပမ်းနေသူများတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ကယ်ဆယ်ရေး လုပ်သား (၁၀) ဦး ပါဝင်ပြီး အားလုံး ပယ်ချခံရသည်ဟု သိရသည်။

အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Paul Risley က "အခုလောက် နှောင့်နှေးနေတာမျိုး တခါမှ မဖြစ်ခဲ့ဘူး။ အားမလို အားမရ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်" ဟု သတင်းထောက်များအား ပြောသည်။

ဗီဇာလျှောက်ထားသူများအနက် ဘန်ကောက်မှတဆင့် ကြိုးစားသူ ၆ ဦးနှင့် အခြားနိုင်ငံများမှ ၄ ဦးပါဝင် သည်။

ယနေ့သည် ထိုင်းနိုင်ငံ၏ အားလပ်ရက် ဖြစ်သဖြင့် ဗီဇာကိစ္စသည် ဆက်လက် နှောင့်နှေးနေဦးမည် ဖြစ်သည်။

WFP မှ အစားအစာနှင့် အခြား ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်ထားသော လေယာဉ် ၂ စင်းသည် မြန်မာနိုင်ငံသို့ ပထဆုံး ပေးပို့နိုင်ခဲ့သည်။ ICRC မှ ကယ်ဆယ်ရေး လေယာဉ် တစင်းလည်း ယနေ့ ၀င်ရောက် နိုင်မည် ဖြစ်သည်။

ယခုအခါ လပွတ္တာသို့ အစားအစာများ စတင် ရောက်ရှိနေပြီး မနက်ဖြန်တွင် ဖြန့်ဝေခြင်း လုပ်ငန်းများ စတင် နိုင်မည်ဟု ပြောသည်။

UNICEF အဖွဲ့က လူပေါင်း ၂ သိန်းအတွက် တပတ်စာ သောက်သုံးရန် အတွက် သောက်သုံးရေ သန့်စင်ရေး ဆေးပြား ၃ သန်းကို ဖြန့်ဝေရန် စီစဉ်လျက် ရှိသည်။

ယခုအချိန်အထိ အစိုးရ မဟုတ်သော အေဂျင်စီပေါင်း ၂၃ ဖွဲ့သည် ကွင်းဆင်း ကူညီမှုများကို လုပ် ဆောင်နေသော်လည်း ကျွမ်းကျင်သူများ လိုအပ်နေသည်ဟု အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်ခံ လူသားဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာနမှ စီစဉ် ညွန်ကြားရေးမှူးက သတင်းထောက်များအား ပြော သည်။

ကုလသမဂ္ဂ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ဆိုင်ကလုံးဒဏ်ခံရသော မြန်မာနိုင်ငံသားများအတွက် နိုင်ငံ တကာ မှ အမေရိကန်ဒေါ်လာ ၃၂ သန်း အကူအညီ ရရှိပြီဟု သိရသည်။

ကုလသမဂ္ဂ၏ အာရှစီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အာရှ-ပစိဖိတ် ဒေသရုံး၏ ယနေ့ သတင်း ထုတ်ပြန်ချက်တွင် လူပေါင်း ၁ သန်းခွဲသည် အရေးပေါ် အခြေအနေများ လိုအပ်နေသည်ဟု ဖော်ပြထားသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */