“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 10, 2008

ကမ္ဘာကျော်အောင် ရုးတဲ့လူရူး၏ နောက်လိုက် ငါးသိန်းသောစစ်သည်များသိစေရန်

ရှက်...ရှက်....မိပါသည်။ မြန်မာ့သားကောင်း စစ်သည်တို့ ။

အကျွန်တို့ုပြည်သူတွင်
သင်ကဲ့သို့  ရန်သူများ ကာကွယ်ပေးရန် ယုံကြည်စိတ်ချစွာ
ပြည်သူက အပ်နှံထားသော လက်နက်များမရှိ။
သို့ သော် အမှန်တရားနှင့် လူသားချင်း စာနာသော
အကြင်နာ တရား နှင့် မေတ္တာ တရားရှိသည်။

သင်တို့ ၏ရဲစွမ်းသတ္တိ သမာဓိအား ယုံကြည်၍
ပြည်သူ၏ မေတ္တာအား..သင်တို့ မစော်ကားပါနဲ့။
သင်တို့ သည်လည်း မြန်မာပြည်သူများဖြစ်ပြီး ပြည်သူမှပေါက်ဖွားလာသု များဖြစ်ကြပါသည်။
သင်၏ ခေါင်းဆောင်ဟု ပြည်သူ့ ဘဏ္ဍာအား
အလွဲသုံးစားလုပ် ကိုယ်ကျိုးသုံးသော ရုးသွပ်နေသော လူရုးမိုက်သည်..သူ၏
အာဏာတည်မြဲရေးအတွက် တသိန်းသော သေဆုံးသူများ၏
ကျန်ရစ်သော မိဘမဲ့ ခလေးများအပါအ၀င်
တသန်းသော ဒုက္ခသည်များ ကို ထပ်မံစတေးကာ
ငတ်မွတ်သေကျေအောင် မတရားညှင်းပမ်း နှိပ်စက်လျှက် ရှိပါသည်။

လူ့ ဘ၀သည် တိုတောင်း၍ အချိန် မရွေး သေနိုင်သောအချိန်တွင်..
သင့် ထံတွင် သင့်အား ပြည်သူယုံကြည်၍ ပေးထားသော လက်နက်ရှိသည်။
ရန်သူကို တိုက်ရန်ဖြစ်သည်။
ဤ သည်မှာ မနက်တိုင်း သင်သစ္စာဆို၍ ပြည်သူ့ အခွန်များအား
စားထားသော သင်၏ သမိုင်းပေးတာဝန် တစ်ရပ်ဖြစ်သည်.။
မည်သူသည် အကျွန်တို့ ၏ အနီးကပ်ဆုံးရန်သူ ဖြစ်ပါ၏လော။

သင်၏ တိုက်ခိုက်ချေမှုန်းရန် အချိန် ကျပါပြီ.

အာဇာနည်ကဲ့သို့  သင်ရဲရင့်ပါစေ စစ်သည်တော်။

သင်၏ ယောက်ျားတို့  သစ္စာဂတိပေး၍
သင်စားထားသော၊ သင်ယူထားသော
ပြည်သူ၏ ချွေးနည်းစာများအတွက်
ပြန်လည်ပေးဆပ်ရန် သင်သည် တာဝန်ရှိသည်။
သစ္စာရှိပါစေ။

အာဇာနည်မျိုး သေရိုး မရှိပါ။

တာဝန်ကျေပါစေ အကြည်တော်

အာဇာနည်ကို ချစ်သော မြန်မာပြည်သူ များ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */