“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 06, 2008

နအဖ သို့ စစ်ကြေငြာခြင်း

မုန်တိုင်း၏ ဘေးတွင် အိုးမဲ့ အိမ်မဲ့။ မိတကွဲ ဖတကွဲ သေကြေ ပျက်စီးကြရသော အပြစ်မဲ့ မြန်မာပြည်သူများ၏ ကျန်ရစ်သူ မိသားစူများနှင့်အတူ ကျွန်တော်တို့ အာဇာနည် မျိုးဆက်သစ်များ အဖွဲ့ မှ အထူးပင်ကြေကွဲ ၀မ်းနည်း ရပါသည်။

၁။ သေမင်းတမာန် မုန်တိုင်းကြီး မလာရောက် မီ ပြည်သူများအား အရေးပေါ်ကျေညာ၍ လုံခြုံရာနေရာသို့  တိမ်းရှောင်ရန် အတတ်နိုင်ဆုံး စစ်အာဏာရှင်က မစွမ်းဆောင်ပေးနိုင်ခဲ့ခြင်း။
( အရေးပေါ်ကာလတွင် စက္ကန့် တိုင်းတွင် တန်ဖိုးရှိပါသည်။ ဤသည်မှာ အသက်များစွာ သေဆုံးမည့် အရေးဖြစ်၏။ အချိန် နှင့်တပြေးညီ မုန်တိုင်း ကျရောက်မည့် ဒေသများအား အချိန်မီ အကြောင်းကြားရမည်။ နအဖ၏ သတင်းစာ ကို ဆင်းရဲပြည်သူများ ၀ယ်မဖတ်နိုင်ကြပါ။ လမ်းပမ်း အခက်အခဲကြောင့် သတင်းစာမရောက်မီ အရင် မုန်တိုင်းက လာရောက်ပါလိမ့် မည်။ ဒေသ အလျှောက် ဇုန်အလျှောက် သတိပေးချက်များ အချိန်နှင့် တပြေးညီလုပ်ဆောင်ရန် ။ မည်သို့ သော ပြင်ဆင်မှုများ ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြည်သူများကို သိစေရန် အသေးစိတ် ညွန်ကြားချက်များမရှိ။ ကြံဖွတ် ထောက်ခံပွဲသာရှိသည်။ သတင်းမီဒီယာများမှ..ယူနီဖောင်းဝတ်များ ဟိုကြည့်ဒီကြည့် ခြေအေး ၀မ်းယောင်သော သတင်းများသာ အသားပေးထုတ်လွင့်သည်။ ဤ သည်မှာ..စစ်အာဏာရှင်၏ ညံ့ဖျင်းမှု တရပ်ဖြစ်သည်။ အာဇာနည်များမှ ပြင်းထန်စွာရှုံချသည်။ နိုင်ငံတော် အကြီးအကဲ လုပ်ချင်ပါက ဤ ရာထူးနှင့် တန်အောင် လုပ်ဆောင်ရန် အရေးကြီးသည်။ သေမင်းတမာန် မုန်တိုင်းလာကြောင်းသိပါရက်..ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ စံနစ်တကျ မဆောင်ရွက်ဘဲ ထိုင်းအစိုးရအား ဖော်လန်ဖားသွားသော သိန်းစိန်အား မျက်နှာချိုသွေး သွားရောက်ကြိုဆိုခြင်း၊ သိန်းစိန်၏ အမြဲမြင်နေကျ မျက်နှာအား မတွေ့ ရတာ ဘာမျမဖြစ်ပါ။ သေတော့မည့် ပြည်သူ၏မျက်နှာများကို မထောက်ထား မကူညီခြင်းသည်သာ ဆိုးရွားရက်စက်မှုဖြစ်သည်။
ထို့ ကြောင့် စစ်အာဏာရှင်များ အုပ်စုအား မြန်မာလူမျိုး အဖြစ်မှ.ဗုဒ္ဓဘာသာဝင် အဖြစ်မှ မထိုက်တန်တော့သဖြင့်.အာဇာနည် မျိုးဆက်သစ်များအုပ်စုက ရာသက်ပန် ထုတ်ပယ်လိုက်သည်။
၂။ မုန်တိုင်း ၀င်ရောက်လာပြီးသော အခါတွင်လည်း နအဖမှ ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ စံနစ်တကျ မဆောင်ရွက်နိုင်ခဲ့ပါ။

၃။ နိုင်ငံတကာမှ လူသားချင်းစာနာ ထောက်ထားစွာ ပေးအပ်မည့် ကယ်ဆယ်ရေး အကုအညီများကို မိမိ၏ အာဏာ တည်တံ့ရေးအတွက်သာ ကြည့်၍ ငြင်းပယ်ခဲ့ခြင်းမှာ စစ်အာဏာရှင်၏ လူမဆန် ပက်စက်သော လုပ်ရပ်ဖြစ်ပြီး ကမ္ဘာ့ အလည် တွင် မြန်မာလူမျိုး၏ သိက္ခာများ ကို ကျဆင်းစေပါသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ သို့ မဟုတ်..စစ်တပ် အာဏာ တရားဝင်တည်မြဲရေး ကိုဘဲ အားသွန်စိုက်၍ နေခြင်းသည်..သေခါနီးသော အဖေကို အမွေလွှဲ စာ အတင်းလက်မှတ် ထိုးခိုင်းသည်နှင့် တူုပါသည်။
ပြည်သူများတို့ ..ကျွန်ုပ်တို့ အပေါ် စေတနာမရှိသော မေတ္တာမရှိသော စစ်အာဏာရှင်သည် ကန့် ကွက်မဲနှင့်သာ ထိုက်တန်ကြောင်း ရဲရဲဝံ့ဝံ့ပြောကြားလိုက်သည်။

၎။ ဤအချိန်သည်.မုန်တိုင်းဒဏ် ခံရသောဒေသများအတွက်အလွန် အရေးကြီးသော အချိန်ဖြစ်သည်။ ရေသန့်  ဆေးဝါး၊ အစားအစာ၊ အမိုး အကာ၊ အ၀တ်အထည် မရရှိပါက လာလတ္တံသော စက္ကန့် တိုင်း မိနစ်တိုင်း တွင်.အ သက်ပေါင်းများစွာ ထပ်မံ သေကြေရပေဦးမည်။ သင်တို့ ကြည့်ရက်ပါ၏လော။
စစ်အာဏာရှင်ကတော့ ဘုရင် မကျ စေရန် စစ်တုရင် ခုံတွင်.မည်သည့် အရုပ်ကိုမဆို ထိုးကြွေးပေဦးမည်မှာ မုချဧကန်ဖြစ်၏။

ကဲ ကျွန်တော်တို့ ဘာလုပ်သင့်ပါသနည်း။
ရဲဘော်တို့  အချင်းချင်းကူညီကြပါ။ အချင်းချင်းစောင့်ရှောက်ကြပါ။
စစ်အာဏာရှင် အုပ်စုသည် ကျွန်ုပ်တို့ ၏ ဘုံရန်သူဖြစ်သည်။

ရက်စက်မှုသည် သွေးကြွေးဖြစ်သည်။ ပြည်သူများ၏ ကိုယ်စား အာဇာနည် မျိုးဆက်သစ် များမှ အချိန်မည်မျှ ရှည်ကြာပါစေ။ လှေခွက်ကြီးဘဲကျန်ကျန် အလံမလှဲဘဲ ဆက်လက်၍ တော်လှန်သွားမည်ဖြစ်ကြောင်း ပြည်သူအားကတိပေး၍
စစ်အစိုးရအား ဤနေရာမှ စစ်ကြေငြာလိုက်သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */