“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, April 06, 2008

စောင့်ကြည့်နေသည်။ စစိဆေးမည်။

မြောက်ကိုရီးယား မြန်မာကို စစ်လက်နက်ရောင်းချမှု ရှိမရှိ အမေရိကန် စောင့်ကြည့်တော့မည်.

မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို အတွဲလိုက်ပစ်ခတ်တဲ့ ဒုံးကျည်တွေ စင်ကာပူ ကုမ္ပဏီကတဆင့် တင်ပို့ ရောင်းချနေတယ်လို့ ဂျပန်နိုင်ငံ NHKသတင်းဌာနက သတင်း ထုတ်ပြန်ခဲ့တဲ့ကိစ္စအပေါ် အမေရိကန်နဲ့ စင်ကာပူ နိုင်ငံ က စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်တော့မှာပါ။

ဒီသတင်းရဲ့အပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ အလေးနက်ထားရှိထားတဲ့ အပြင် ဒီကိစ္စဟာ နိုင်ငံ တကာပြုလုပ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ရာ ရောက်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် တွမ်ကေစီ (Tom Casey) မှ
“ဟုတ်ကဲ့၊ ဒီကိစ္စကို ကျနော်တို့သိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီကိစ္စကို အထောက် အထား ခိုင်ခိုင် လုံလုံပြနိုင်တဲ့ သတင်းအချက်အလက်တော့ မရသေးပါဘူး။ ဒါပေမယ့် အရင်နှစ်တွေက မြောက်ကိုရီး ယားနိုင်ငံက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်း ပြုလုပ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှု အမျိုးမျိုးကို ချိုးဖောက်ခဲ့တယ် ဆိုတာကတော့ သေချာပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း မြောက်ကိုရီးယားကလက်နက် တွေ စင်ကာ ပူကုမ္ပဏီကတဆင့် ရောင်းချမယ်ဆိုတဲ့သတင်းတွေ အခုလို ထွက်လာတဲ့အပေါ် အလေးအနက်ထား စုံစမ်းစစ် ဆေးသွားမယ်လို့ ပြောကြားပါတယ်။ နိုင်ငံတကာ သဘောတူညီချက်တွေအရ စင်ကာပူနိုင်ငံဟာ တရားမ၀င် လက်နက် မှောင်ခိုရောင်းဝယ်မှုတွေ အတတ်နိုင်ဆုံး တားဆီးသွားမယ်လို့ အဲဒီ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ ပါတယ်။

အခုလို မြောက်ကိုရီးယားက ဒုံးကျည်တွေ မြန်မာစစ်အစိုးရကို ရောင်းချမယ့်သတင်းကို စတင်ထုတ်လွှင့်ခဲ့တဲ့ ဂျပန်နိုင်ငံ အန်န်အိပ်ခ်ျကေ ရေဒီယိုသတင်းဌာန မြန်မာပိုင်းအစီအစဉ်က အကြံပေးအရာရှိ ဦးရွှေဘ ခေါ် မစ္စတာ အီစာအို တာနာဘဲ ကတော့ ဂျပန်အစိုးရအနေနဲ့ အခုလို အရေးကြီးတဲ့ နိုင်ငံတကာကိစ္စတွေကို အမြန် ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်၊ ဒီကိစ္စအပေါ် ဂျပန်အစိုးရအနေနဲ့ ပြင်းပြင်းကန့်ကွက်သင့်ကြောင်း ပြောဆိုပါ တယ်။

ပြီးခဲ့တဲ့ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေအတွင်းမှာလည်း မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို လက်နက် တွေ ရောင်းချခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်လို့ မြန်မာ့အရေးကို လေ့လာသုံးသပ်နေသူတွေက ပြောပါတယ်။ အခုလို မြောက်ကိုရီးယားနိုင်ငံက မြန်မာ စစ်အစိုးရကို ဒုံးကျည်တွေ ရောင်းချမယ်လို့ သတင်းတွေထွက်လာတဲ့အပေါ် အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံ တို့က စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာနေကြပါတယ်။

မြန်မာနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံက အခုရောင်းမယ်ဆိုတဲ့ ဒုံးကျည်တွေဟာ အကွာအဝေးအားဖြင့် ၆၅ ကီလို မီတာလောက် ပစ်ခတ်နိုင်ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မိမိတိုင်းသူပြည်သားကို..ဆန်ရိက္ခာ..အစာ..၀လုံအောင် ဖန်တီးပေးရမဲ့အစား လူသတ်လက်နက်ဝယ်ဖို့  စိန်ဝယ်ဖို့ ။ ဒေါ်လာ ဘတ်ဖို့ ဘဲ သိတဲ့ စစိအစိုးရကို.အဖြူရောင်မဲ ပေးထိုက်ပါရဲ့လားခင်ဗျာ.

သူငယ်ချင်းတို့ စဉ်းစား ကြည့်ပါခင်ဗျာ။
တောင်ပို့ ပတ်လည်မှာ သေသေချာချာကြည့်ပါ။ ဖွတ်ခြေရာတွေ..ဖွတ်ချေးတုန်းတွေ သက်သေ သာဓက ရှိပါ တယ်။ ဒါ ဘုရားငုတ်တို မဟုတ်ရပေါင်ဗျာ။

http://www.voanews.com/burmese/2008-04-04-nkorea-burma.cfm

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */