“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, September 02, 2008

ကြောက်နေပြီ..ကြောက်နေပြီ။

စစ်တွေတွင် ရဟန်းတော်များ ဗွီဒီယို ရုံများမှ စုဝေး ဆန္ဒပြမည် ဆိုသဖြင့် ဗွီဒီယိုရုံမျာ၏ ပြသခွင့်ကို အာဏာပိုင်များက ပိတ်ပင် 9/1/2008


စစ်တွေတွင် ယခုအခါ ဗွီဒီယို ပြသသည့် ရုံများ၏ ဗွီဒီယို ပြသခွင့်အား ရုံအချို့တွင် အာဏာပိုင်များက ပိတ် ပင်ထားလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အမည် မဖေါ်လိုသူ တဦးက “ သြဂတ်(စ်)လ ၂၉ ရက်နေ့က ရဟန်းတော်တွေ ကသည်းရွာက ဗွီဒီယိုရုံတွေမှာ စုဆုံပြီး အဲဒီကတဆင့် စီတန်း ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ကသည်းရွာမှာ လုံခြုံ ရေးတွေ တိုးမြှင့်ပီး ချထား လိုက်တဲ့အပြင် ဗွီဒီယို ပြသခွင့်ကိုလည်း အဆိုပါနေ့က စတင်ပြီး ပိတ်ထား လိုက်ပါ တယ်။” ဟု ပြောသည်။

စစ်တွေမြိုတွင် ဗွီဒီယို ပြသသည့်ရုံပေါင်း ၁၀၀ ကျော်ရှိပြီး ထိုအထဲမှ စစ်အာဏာပိုင်များနှင့် နီးစပ်မှုမရှိသော ရုံများ၏ ပြသခွင့်အား ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ အဓိကတော့ နံနက်ပိုင်းနဲ့ နေ့လည်ပိုင်း ပြသခွင့်တွေကို ပိတ်ပင်လိုက်တာပါ။ ကသည်းရွာမှာတော့ အဲဒီ ဗွီဒီယိုရုံတွေက တဆင့် လုံထိန်းတွေနဲ့ အရပ်သားတွေ စတင်ခိုက်ရန် ဖြစ်ပွားခဲ့တဲ့ အတွက် နေ့ရော ညပါ ပြသ ခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်ထားလိုက်တာ ဖြစ်ပါတယ်။” ဟုသူ ကပြောသည်။

စစ်တွေတွင် ရဟန်းတော်များမှ ဆန္ဒပြရန် အကြိမ်ကြိမ် အလီလီ စီစဉ်ခဲ့သော်လည်း သတင်း ပေါက် ကြားသွားကာ အာဏာပိုင်များက လက်ဦးမှု ရယူပြီး ဖြိုခွဲခဲ့သဖြင့် ယခုအချိန်ထိ ဆန္ဒပြပွဲများ မပြုလုပ် နိုင်သေးဘဲ ဖြစ်နေ၍ ရဟန်းတော်များက ယခုကဲ့သို့ ဗွီဒီယိုရုံများကို ဆုံရပ် ပြုလုပ်ပြီး ဆန္ဒပြရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

၎င်းပြင် နောက်ဆုံးဝင်ရောက်လာသော သတင်းများအရ ရဟန်းတော် ၁၈ ပါး ပါဝင်သော “ ရဲရင့်သော ရဟန်း တော်များ အဖွဲ့ချုပ်” ကို စစ်တွေတွင် ဖွဲ့စည်းပြီး များမကြာမှီ လှုပ်ရှားမှုများ စတင်ဖေါ်ဆောင်ရန်စီစဉ် ဆောင် ရွက်နေ ကြောင်း သိရှိရသည်။

စစ်တွေတွင် တနေ့ထက် တနေ့တိုးပြီး လုံခြုံရေး တိုးမြှင့်ချထားပြီး နေရာတိုင်းတွင် စစ်သား၊ လုံထိန်းနှင့် ရဲသား များ ပြည့်နှက်နေကြောင်း စစ်တွေက ပေးပို့သော သတင်းများတွင် ဖေါ်ပြသည်။

ယမန်နှစ်က ပေါ်ပေါက်ခဲ့သော ရွေဝါရောင်တော်လှန်ရေးမှာ စစ်တွေမှ ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပြီး နောက်ပိုင်းတွင် မြန်မာ တနိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သဖြင့် ယခင်နှစ်ကကဲ့သို့ စစ်တွေတွင် ဆန္ဒပြပွဲများ စတင် မပေါ်ပေါက်ရန် အာဏာပိုင်များက အထူးသတိထားပြီး စောင့်ကြပ်နေကြောင်း သတင်းရရှိသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */