“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, September 02, 2008

ဓါတ် ဆီ ဆိုင် က ပြ ဿ နာ မ စ ပဲ ၊ လမ်း ဘေး ဈေး သည် က စ တော့ မယ် ထင် တယ်။


( ၁ - ၉ - ၂၀၀၈ ) ည နေ ပိုင်း မ မှောင် ခင် လောက် က စ ပြီး ၊(ရန် ကုန် မြို့  ) မ ဟာ ဗန္ဓု လ လမ်း နဲ့ လမ်း တော် တမ်း တစ် လျှောက် ( ရွှေ စင် - ရွှေ ဆိုင် ) နား လောက် က စ ပြီး ၊ ဆူ ညံ ဆူ ညံ နဲ့  လမ်း ဘေး ဈေး သည် တွေ ပေါ က် ကွဲ နေ တဲ့ ပေါက် ကွဲ မှု သံ စဉ် တွေ ကို ကြား ခဲ့ ရ တယ် လို့  ၊ အာ ဇာ နည် ရဲ့  သ တင်း ထောက် တစ် ဦး ဆီ က သတင်း ၀င် လာ ခဲ့ ပါ တယ် ။ လူ တွေ ရုပ် စု ရုပ် စု နဲ့  ဆူ ညံ နေ တာ ပဲ လို့  ပြော ပါ တယ် ။

လမ်း ဘေး ဈေး သည် တွေ ဟာ ည နေ ၊ နေ စောင်း လို့  ၂ နာ ရီ နဲ့  ၃ နာ ရီ ၀န်း ကျင် လောက် မှာ ဆိုင် ခင်း လို့  ရ ကြ တယ် လို့  သိ ရ ပါ တယ် ။ ည ပိုင်း ကို ဆိုင် သိမ်း ရ မဲ့ အ ချိန် က တော့ အ မျိုး မျိုး ဖြစ် နေ တတ် ပါ တယ် ။ တစ် ခါ တစ် ရံ မှာ စီ မံ ချက် ဆို ပြီး စော စော ဆိုင် သိမ်း ခိုင်း တာ တွေ လည်း ရှိ တယ် ။အ ကြမ်း ဖျင်း ဆို ရ ရင် ဈေး ရောင်း ချိန် က ၈ နာ ရီ နဲ့  ၁၀ နာ ရီ ပတ် လည် လောက် ရ တယ် လို့  ဆို ရ မှာ ပါ ။ အဲ ဒီ အ ချိန် အ တွင်း ဈေး ရောင်း ချ ဖို့  ဈေး ကောက် ကို ဆိုင် အ ရွယ် အ စား အ လိုက် နေ့  စဉ် ပေး ကြ ရ ပါ တယ် ။ ၁၀၀ က အ စ ၅၀၀, ၆၀၀ ကျပ် အ ထိ အ သီး သီး ပေး နေ ရ ပါ တယ် ။

ဒီ က နေ့  ကြား ရ တဲ့ ပြ ဿ နာ က တော့ ၊ နေ့  စဉ် ပေး ရ တဲ့ ဈေး ကောက် ကို ၊ မူ လ ထက် ၅ ဆ တိုး ကောက် လို့  ဖြစ် နေ တဲ့ ၊ ဆူ ညံ ပူ ညံ လို့  သိ ရ ပါ တယ် ။ ဈေး သည် တွေ က မ ပေး နိုင် ဘူး လို့  ပြော နေ တာ ကို တွေ့  ခဲ့ ရ ပြီး ၊ ဈေး ကောက် လိုက် ကောက် တဲ့ စည် ပင် သာ ယာ ယူ နီ ဖေါင်း နဲ့  အ မျိုး သ မီး တွေ က ၊ မြို့  တော် ခန်း မ က ဈေး ကောက် ကို ၊ ကန် ထ ရိုက် ပေး လိုက် ပြီ ၊ ဒါ ကြောင့် ဒီ နှု န်း နဲ့  လာ ကောက် တာ ၊ မ ကျေ နပ် ရင် အုပ် ချုပ် ရေး မှူး ရုံး ပဲ ဖြစ် ဖြစ် ၊ မြို့ တော် ခန်း မ ကို ပဲ ဖြစ် ဖြစ် သွား ပြီ ၊ ကွန် ပ လိန်း တက် ကြ လို့  ပြော နေ တဲ့ ၊ အ ပြန် အ လှန် အ ဆင် မ ပြေ ညင်း ခုံ နေ ကြ တဲ့ အ သံ တွေ ပါ ပဲ ။ တစ် ရက် ၁၀၀ သ မား က ၅၀၀ ဖြစ် သွား ရင် တစ် လ ကို ၁၅၀၀၀ ကျပ် နဲ့  ၊ တစ် နှစ် ကို ၁၈၀၀၀၀ ကျပ် ( တစ် သိန်း ရှစ် သောင်း ) ဖြစ် နေ ပါ ပြီ ၊ နိုင် ငံ တော် က ကောက် တဲ့ အ မြတ် ခွန် နှုန်း ထား နဲ့  တွက် ရင် အ လွန် များ နေ ပါ ပြီ ။

တစ် ရက် ၆၀၀ သ မား က ၃၀၀၀ ကျပ် ပေး ရ မယ် ဆို ရင် ၊ တစ် လ ကို ၉၀၀၀၀ ကျပ် နဲ့  တစ် နှစ် ကို ၁၀၈၀၀၀၀ ကျပ် ( ဆယ် သိန်း နဲ့  ရှစ် သောင်း ) ဖြစ် နေ ပါ ပြီ ။ ကြား လို့  မှ ကောင်း ရဲ့  လား ။ လမ်း ဘေး ဈေး သည် ကို တစ် နှစ် ဆယ် သိန်း ကျော် စည် ပင် ခွန် ကောက် ရ တယ် လို့  ။ ကျပ် သန်း ပေါင်း များ စွာ နဲ့  အ လုပ် လုပ် နေ တဲ့ ကုမ္ပဏီ လည်း မ ဟုတ် ။ ရွှေ ရောင်း တဲ့ ရွှေ ဆိုင် လည်း မ ဟုတ် ။ ဒီ လို သာ ကောက် လို့  ရ သွား မယ် ဆို ရင် ၊ အ မြတ် ခွန် ဋ္ဌာ န က ၊ လမ်း ဘေး ဈေး သည် တောင် ဒီ လောက် ကောက် လို့  ရ တယ် ၊ ဆိုင် နဲ့  လူ တွေ ၊ ပွဲ ရုံ တွေ ၊ ကု မ္ပ ဏီ တွေ ဆို ရင် ဘယ် လောက် ကောက် လိုက် မ လဲ ။ ပြည် သူ လူ ထု ကို မွဲ သည် ထက် မွဲ ၊ ဆင်း ရဲ သည် ထက် ဆင်း ရဲ ၊ အ ရင်း ပြုတ် ဈေး သည် အ မျိုး သ မီး လေး တွေ ကို ၊ ပြည့် တန် ဆာ ဘ ၀ ရောက် အောင် တွန်း ပို့  နေ ပါ ပြီ ။ ဈေး သည် များ က မ ပေး နိုင် ဘူး လို့  ကန့်  ကွက် နေ တဲ့ ပြ ဿ နာ ဟာ နောက် နေ့  ဘာ ဆက် ဖြစ် လာ မယ် လို့  မ သိ နိုင် ပါ ။ အ မှိုက် က စ ပြ ဿာဒ် မီး လောင် တတ် ပါ သည် ။ နူ ရာ ၀ဲ စွဲ လဲ ရာ သူ ခိုး ထောင်း ။ အား ကိုး ရာ မဲ့ နေ သော အ ခြေ ခံ လူ တန်း စား ၏ သည်း ခံ နိုင် မှု အင် အား က ဘယ် လောက် အ ထိ ရှိ နိုင် တော့ မှာ လဲ ဆို တာ စောင့် ကြည့် ကြ ပါ တော့ ခင် ဗျား ။
( အ ဘ ယ )

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */