“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, September 23, 2008

မွန်ပြည်နယ်အတွင်း လုံခြုံရေးတင်းကြပ်

Mon 22 Sep 2008,

လွတ်လပ်သော မွန်သတင်းအေဂျင်စီ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲခဲ့သော မွန်ပြည်နယ်တွင်လည်း ပြည်နယ်အတွင်းရှိ ဘုရားများ၊ တက္ကသိုလ်နှင့် တံတားစသော ထင်ရှားသည့်နေရာများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့မှ လုံခြုံရေးတင်ကြပ်စွာ ချထားသည်။

လုံခြုံရေးစောင့်နေသော ရဲသား ၅၀ ဦးတို့သည် ၎င်းတို့ဝတ်စုံအပြည့်နှင့် ကျိုက်သလ္လံစေတီရှိ တောင်ပေါ်လမ်းမှ မော်လမြိုင်ထောင်သို့ မျက်နှာမူ၍ နေရာအနှံ့ ဖြန့်ပြီး လုံခြုံရေးစောင့်ကြပ်နေသည်ဟု မော်လမြိုင် မြို့ခံတစ်ဦးက ပြောသည်။

၎င်းမြို့ခံက လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် သံဃာတော်များ ဦးဆောင်ဆန္ဒပြခဲ့သောကြောင့် ယခုနှစ် တွင်လည်း ထိုကဲ့သို့ ဖြစ်ပွား မည် စိုးရိမ်၍ ကျောင်းသားများ ဆန္ဒပြခဲ့သောနေရာများနှင့် သံဃာတော်များ ဆန္ဒပြခဲ့သော နေရာများတွင်လည်း ၂၄ နာရီပတ်လုံး လုံခြုံ ရေး တိုးချဲ့ချထားခဲ့သည်။

မော်လမြိုင်မြို့ရှိ မိုးလုံလေလုံအားကစားကွင်းနှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အနီး တွင်လည်း တစ်နေရာလျှင် တစ်ယောက်နှုန်းဖြင့် အစောင့်ချထားခဲ့သည်။ မော်လမြိုင်မြို့မှ ရန်ကုန်သို့ သွားရာလမ်းတွင် ရဲတပ်ဖွဲ့သာမက စစ်သားများပါ တပ်စွဲပြီး လွန်ခဲ့သော ၁၅ ရက်ကျော်ကျော်ခန့်က လုံခြုံရေး စောင့်ကြပ်နေခဲ့သည်။

ထို့အပြင် မွန်သံဃာတော်တစ်ပါးက မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုးကျေးရွာ ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲတော် တွင်လည်း လုံခြုံရေးဟုဆိုပြီး စစ်ကား ၅ စီးခန့်ကို စောင့်ကြည့်စေခဲ့သည်။

အခြားတဖက်တွင်လည်း စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ)တို့သည် ဒေးနှင့် အဝေးသင်တက္ကသိုလ်ကျောင်း သူကျောင်းသားများ စာမေးပွဲဖြေဆိုရမည့်အချိန်ဖြစ်သောကြောင့် တက္ကသိုလ်အတွင်းတွင် နေ့ရောညပါ စောင့် ကြည့်ပြီး တက္ကသိုလ် ပါမောက္ခကိုလည်း တစ်နေ့လျှင် သုံးကြိမ် စစ်ဆေးမေးမြန်းနေခဲ့သည်ဟု တက္ကသိုလ် ဆရာတစ်ဦးက ပြောသည်။ ထိုတက္ကသိုလ်ဆရာက ယခုကိစ္စမှာ လျှို့ဝှက်ကိစ္စဖြစ်သောကြောင့် ယခုကိစ္စ ကို ဆရာ၊ ဆရာမ ငယ်များ တိတိကျကျ မသိချေ။

စစ်အစိုးရမှ ယခုကဲ့သို့ လြုံခုံရေးတင်းကြပ်ရခြင်းမှာ ယခင်နှစ်က သံဃာတော်များဆန္ဒပြခဲ့သည့်အရှိန် ဖြစ် သည်ဟု မော်လမြိုင်ရှိ မွန်လူငယ်တစ်ဦးက ပြောသည်။ လုံခြုံရေးစစ်သားများသည်လည်း မော်တော်ဆိုင် ကယ်ဖြင့် မြို့ကို လှည့်လည်စောင့်ကြည့်နေသည်။

မွန်သံဃာတော်၏ အဆိုအရ “ရဲနဲ့ မီးသတ်တပ်ဖွဲ့တွေ နေ့ခင်းပိုင်းမှာ လှည့်နေတာတော့ တွေ့တယ်။ ၈ လေး လုံးနေ့မှာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ အင်္ကျီအနက် ဝတ်ပြီး တဲ့နောက်ပိုင်းမှာ လုံခြုံရေးက ပိုပြီးတော့ သူတို့ တင်းကြပ်လိုက်တယ်”။

နိုင်လှုံကျေးရွာတွင်လည်း တစ်ညလျှင် ရွာသားသုံးဦး လုံခြုံရေးတာဝန်ယူအတွက် မိတ်ဆွေ အပေါင်းအသင်း များနှင့် ချိန်းဆိုထားရင်တောင်မှ ကင်းစောင့်ရသည့်အတွက် ၎င်းတို့အခွင့်အရေးကို ချိုး ဖောက်သည်ဟု နိုင် လှုံ ရွာသားလူငယ်တစ်ဦးက ပြောသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */