“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, September 18, 2008

ဟုတ်တာဆို..အသည်းနာတဲ့ နအဖ..

ကလေးစစ်သားအကြောင်း အိုင်အယ်လ်အိုကို တိုင်ကြားမည့်သူကို ထောင်ချ
ဖနိဒါ , ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 17:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ထံ မြန်မာနိုင်ငံအတွင်း ကလေးစစ်သားများ အသုံးပြုနေသည် ဆိုကာ တိုင်ကြားရန် ကြိုးစားခဲ့သူ တဦးကို အာဏာပိုင်များက ယမန်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။

ပန်းဘဲတန်း တရားရုံးက စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးသက်ဝေသည် ပြည့်သူ့ ဝန်ထမ်းများကို ဝတ္တရား နှောက်ယှက်ခဲ့ကြောင်း တရားစီရင်ခဲ့သည်။

ထောင်မချခင်ကလည်း အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူသည် ရဲတပ်ဖွဲ့၏ တရားစွဲဆိုချက် ဖြုတ်လိုက် တပ် လိုက် လုပ်ခံရပြီး အာမခံကို ရုတ်သိမ်းလိုက် ပြန်ဖမ်းလိုက် ကြုံတွေ့ခဲ့ရသည်။

“ဦးသက်ဝေကို ထောင်ချလိုက်ပြီးဗျာ။ ပန်းဘဲတန်း တရားရုံးက ပုဒ်မ ၃၅၉ နဲ့တမှု၊ နောက် ၁၈၉ ဆိုတဲ့ ခြိမ်း ခြောက်မှု ပုဒ်မ။ နှစ်မှု စွဲဆိုထားတာ တမှုဖြစ်တဲ့ ခြိမ်းခြောက်မှု ပုဒ်မကိုပဲ လွတ်ပေးတယ်။ ဒီအမှုနဲ့ပြစ်မှု ထင်ရှား မပေါ်ပေါက်ပါဘူး။ ဒါကြောင့် နောက်တမှုကို ထောင်ချလိုက်တာ ဖြစ်ပါတယ်” ဟု တရားခံ ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

အိုင်အယ်လ်အိုခေါ် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ တိုင်ကြားမည့်စာများ ထည့်သွင်းထာသော ကွန်ပြူတာနှင့် တွဲဆက်သုံးရသည့် ဖိုင်သိမ်းတံ Memory stick တခု လက်ဝယ်ထားရှိမှုဖြင့် ဦးသက်ဝေ ကို ရဲက ဇန်နဝါရီလက ဖမ်းဆီးခဲ့သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့က တရား ရင်ဆိုင်နေရသော မိတ်ဆွေဖြစ်သူထံ သွားရောက်တွေ့ဆုံစဉ် အဖမ်း ခံခဲ့ရပြီးနောက် အာမခံဖြင့် လွတ်လာသည်။ သို့သော် နောက်ပိုင်းတွင် ရဲက သူ့အား အီလက်ထရောနစ် ဆက် သွယ်ရေးဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၃၃ (က/ခ) ပါထပ်မံစွဲဆိုပြီး အာမခံ ရုပ်သိမ်းကာ အင်းစိန် အကျဉ်းထောင် သို့ ပို့ခဲ့သည်။

ထိုမှတဖန် ဖေဖော်ဝါရီ ၂၂ ရက်တွင် အီလက်ထရောနစ်စွဲချက်ကို ပြန်ရုတ်သိမ်း၍ အာမခံဖြင့်လွတ်မြောက် လာပြန်သည်။

ဦးသက်ဝေ၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းက “အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်ပါပြီ။ ကျမ သိပ်ခံစား တယ်။ ကျမ ဘာမှကို မပြောတတ်တော့ဘူး။” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း ကလေးစစ်သား အသုံးချမှုနှင့် အဓမ္မ ခိုင်းစေမှုများကို ILO သို့ တိုင်မည့် စာများသည် အတု ဖြစ်ပါကြောင်း ထွက်ဆိုလျှင် ဖမ်းဆီး ထိမ်းသိမ်းခြင်းမှ လွှတ်ပေးမည်ဟု အာဏာပိုင်များဘက်မှ အပေးအယူ လုပ်ခဲ့သော်လည်း ငြင်းဆန်ခဲ့သည်ဟု ဦးသက်ဝေက ထုတ်ဖော် ပြောဆိုခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */